Preview

အစ္စရေးက လက်တုံ့ပြန် တိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံ၏ မြို့တော်နှင့် အနီးနားရှိ စစ်အခြေစိုက်စခန်းများတွင် နှစ်နာရီကျော်ကြာ အောင် ပေါက်ကွဲမှုကြီးများ အဆက်မပြတ်ဖြစ်ပွား

အောက်တိုဘာ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :4008
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၆/၂၀၂၄ 

အီရန်စစ်တပ်၏ ပစ်မှတ်များကိုအစ္စရေးက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်နိုင်ငံ၏ မြို့တော်နှင့် အနီးနားရှိစစ်အခြေစိုက်စခန်းများတွင် နှစ်နာရီကျော်ကြာ အောင် ပေါက်ကွဲမှုကြီးများ အဆက်မပြတ်ဖြစ်ပွားခဲသည်ဟု ရိုက်တာသတင်းဖော်ပြချက်အရ သိ၇သည်။

ယခုလအစောပိုင်းကအီရန်ကအစ္စရေးတို့အား တိုက်ခိုက်ခဲ့မှုအ ပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ရှိစစ်စခန်းများကို အောက်တိုဘာ (၂၆)ရက် အစောပိုင်းကတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည်ပြု ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏မြို့တော်နှင့် အနီးနားရှိ စစ်အခြေစိုက်စခန်းများတွင် နှစ်နာရီကျော်ကြာ အောင်ပေါက်ကွဲမှုကြီးများအဆက်မပြတ် ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာက ကနဦးသတင်းဖော်ပြခဲ့သည်။

အီရန်သည် အောက်တိုဘာ (၁)ရက်ကအစ္စရေးကို ဒုံးကျည်အစင်းပေါင်း (၂၀၀) ခန့် ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးက ပြန်လည်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်သည်။

လက်ဘနွန်ရှိအီရန်၏ မဟာမိတ်ဖြစ်သည့် ဟစ်ဇ်ဘိုလာ အဖွဲ့၏ထိပ်တန်းခေါင်းဆောင်များကို အစ္စရေးက သတ်ဖြတ်ခဲ့ပြီးနောက်အီရန်က အစ္စရေးတို့အားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အစ္စရေး၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကိုပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့သည်ဟု အီရန်က ထိုအချိန်ကပြောဆိုခဲ့သည်။


"အီရန်အစိုးရကအစ္စရေးနိုင်ငံအပေါ် လပေါင်းများစွာဆက်တိုက် တိုက်ခိုက်ခဲ့မှုများအပေါ်လက် တုံ့ပြန်သည့်အနေဖြင့်အစ္စရေးတပ်ဖွဲ့များသည် အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိကျစွာတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်” ဟု အစ္စရေးစစ်တပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်မြေပြင်မှ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှု အပါအဝင် တီဟီရန်နှင့်၄င်းတို့၏ ကျောထောက် နောက်ခံပြုထားသည့်အဖွဲ့များမှတိုက်ခိုက်မှုများအပေါ် လက်တုံ့ပြန်ရန်အတွက် အစ္စရေးတွင် အခွင့်အရေးနှင့်တာဝန်ရှိကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

သို့ရာတွင်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီးအသေးစိတ်ကိုမူအစ္စရေးစစ်တပ်ကထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

အစ္စရေးတို့၏ ပစ်မှတ်များတွင် စွမ်းအင်ဆိုင်ရာအခြေခံအဆောက်အအုံ များ၊သို့မဟုတ် နျူကလီးယားစက်ရုံများ ပါဝင်ခြင်းမရှိ ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးကပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်  အရှေ့အလယ်ပိုင်းဒေသခရီးစဉ်ကနေ အမေရိကန် ပြည်ထောင်စုကို ပြန်လည်ရောက်ရှိချိန်တွင် အစ္စရေးတို့က အီရန်အပေါ်ယခုကဲ့သို့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

အစ္စရေးတို့က အီရန်အပေါ် ယခုကဲ့သို့ တိုက်ခိုက်မှု စတင်လိုက်ခြင်းသည်။

အရှေ့အလယ်ပိုင်းဒေသအတွင်းပိုမိုကျယ်ပြန့်သောစစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမည်ကိုစိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။Source/Reuters

#အစ္စရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.