Preview

တူရကီက ဆီးရီးယားကို ဒရုန်းများဖြင့်တိုက်ခိုက်၍ အရပ်သား(၂ရ) ဦး သေဆုံး

အောက်တိုဘာ ၂၆/ ၂၀၂၄ | ကြည့်ရှုသူ :852
နိုင်ငံတကာ သတင်း

 ဂျွန်နသန်၊ နိရဉ္စရာ၊ အောက်တိုဘာ ၂၆/၂၀၂၄ (နိုင်ငံတကာ)

တူရကီက ဆီးရီယား ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း အရပ်သား (၂ရ) ဦးသေဆုံးခဲ့ကြောင်း အေအက်ဖ်ပီ သတင်းဖော်ပြချက်အရသိ၇သည်။

တူရကီနိုင်ငံ၊အန်ကာရာမြို့ အနီးရှိ ကာကွယ်ရေး ကုမ္ပဏီကိုတိုက်ခိုက်ရေးသမားများက အသေခံ တိုက်ခိုက်ခဲ့ပြီးနောက်၊(၂၄) နာရီအကြာတွင် တူရကီသည် ဒရုန်းများဖြင့် ဆီးရီးယားအား တိုက်ခိုက်ခဲ့ရာ အရပ်သား (၂၇ )ဦး သေဆုံးခဲ့ကြောင်းဆီးရီးယားစစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက အောက်တိုဘာ(၂၅)ရက်က ပြောကြားခဲ့သည်။

အီရတ်နှင့်ဆီးရီးယားမြောက်ပိုင်းရှိ အကြမ်းဖက်ပစ်မှတ်များကို လေကြောင်းမှ စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“အကြမ်းဖက်သမားတွေပိုင်ဆိုင်တဲ့ စုစုပေါင်း ပစ်မှတ် ၃၂ ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပါတယ်”ဟုကြေညာချက်တွင်ဖော်ပြထားသည်။

တူ၇ကီတပ်ဖွဲ့များသည်အောက်တိုဘာ(၂၄) ရက် ကတည်းက ဆီးရီးယားမြောက်ပိုင်းနှင့် အရှေ့ဘက် တို့တွင်၎င်းတို့၏ လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများကို သိသိသာသာအရှိန်မြှင့်တင်ခဲ့ကြောင်း ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောဆိုသည်။

တူရကီ၏ဒရုန်း(၄၅)စင်း ၊တိုက်လေယာဉ် ၄ စင်းတို့သည် ရေ ၊ လျှပ်စစ်နှင့်ဓာတ်ဆီဆိုင်များအပါအဝင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုများကို မှတ်တမ်းတင်ထားကြောင်း အဆိုပါစောင့်ကြည့်လေ့လာရေးအဖွဲ့ကဆက်လက် ပြောဆိုခဲ့သည်။

တူရကီနိုင်ငံသည်အီရတ်နှင့် ဆီးရီးယားရှိ ကာ့ဒ်စစ်သွေးကြွများကို အောက်တိုဘာ(၂၄) ရက် တွင်လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တူရကီနိုင်ငံ မြို့တော်အနီးရှိကာကွယ်ရေး ကုမ္ပဏီ တစ်ခုတွင် လူ(၅)ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက်မှုအတွက် တူ၇ကီက ၎င်းတို့အားအပြစ်တင်ခဲ့သည်။

ထို့အပြင်အဆိုပါတိုက်ခိုက်မှုအ တွင်းနောက်ထပ် လူ(၂၂) ဦး ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကိုတရားမဝင်အဖွဲ့အစည်းဖြစ်သည့် ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ကလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း တူရကီအစိုး၇က ပြောကြားခဲ့သည်။

တူရကီကလေကြောင်းမှတိုက်ခိုက်မှုကြောင့် ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် အရပ်သား (၁၂)ဦးသေဆုံးပြီး (၂၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်းကာ့ဒ်ဦးဆောင်သောဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)က အောက်တိုဘာ(၂၄)ရက်ကကြေညာချက် ထုတ်ပြန်ခဲ့သည်။

"လူနေထူထပ်တဲ့နေရာတွေအပြင်၊တူရကီစစ်လေယာဉ်တွေနဲ့ ဒရုန်းတွေ က မုန့်ဆိုင်တွေ၊ ဓာတ်အားပေးစက်ရုံတွေ၊ရေနံစက်ရုံတွေနဲ့ (ကာ့ဒ်)ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်"ဟု SDF မှထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်ကျောထောက်နောက်ခံပြုထားသော SDF သည်၂၀၁၉ ခုနှစ်တွင် အိုင်အက်စ် စစ်သွေးကြွအဖွဲ့ ဂျီဟတ်များကိုဆီးရီးယားနယ်မြေအတွင်းမှ ဖယ်ရှားသည့် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။

SDF ကိုလွှမ်းမိုးထားသည့် ကာ့ဒ်ပြည်သူ့ ကာကွယ်ရေး ယူနစ် (YPG) ကိုတူရကီက ကာဒစ်စတန် အလုပ်သမားပါတီ (PKK) ၏ မျိုးဆက်တစ်ခုအဖြစ်ရှု မြင်သည်။

တူ၇ကီတပ်များနှင့်မဟာမိတ်အဖွဲ့များသည် ၂၀၁၆ ခုနှစ်ကတည်းက နယ်စပ်ဖြတ်ကျော်ထိုးစစ်များဆက်တိုက်ဖြစ်ပွားပြီးနောက် ဆီးရီးယားမြောက်ပိုင်းရှိ နေရာများကိုထိန်းချုပ်ထားသည်။ ၄င်းတို့၏ ပစ်မှတ် အများစုမှာ SDF ဖြစ်ကြောင်းသိ၇သည်။ Source/Prothom Alo

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.