Preview

ထရမ့်ကိုလုပ်ကြံသတ်ဖြတ်ရန် အီရန်ကပူးပေါင်းကြံစည်ခဲ့ကြောင်း တရားရေးဌာနက ကြေညာ

ဂျွန်နသန် | နိုဝင်ဘာ ၀၉/ ၂၀၂၄ | ကြည့်ရှုသူ :742
နိုင်ငံတကာ သတင်း

ဂျွန်နသန်၊ နိရဉ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၄

အီရန်စစ်တပ် ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးရမှုအတွက် လက်စားချေသည့်အနေဖြင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်ကို သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သူအီရန်နိုင်ငံသားတစ်ဦးအပါအ၀င် လူသုံးဦးကို တရားစွဲဆို လိုက်ကြောင်း USA TODAY သတင်းဖော်ပြချက်အရသိရသည်။

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့်အီရန်မှ ဖာရက်ရှာကီရီ(၅၁)နှစ်၊ နယူးယောက် မှ ကာလီဆလီရီဗာရာ(၄၉)နှစ်နှင့်ဂျွန်နသန်လော့ဒ်ဟော့(၃၆)နှစ် သုံးဦးတို့ကိုတရားစွဲဆိုလိုက်ကြောင်း တရားရေးဌာနက နိုဝင်ဘာ(၈)ရက်က ကြေညာခဲ့သည်။

ရီဗာရာနှင့်လော့ဒ်ဟော့တိုနှစ်ဦးကို နိုဝင်ဘာ(၇)ရက်ကနယူးယောက်တွင် ဖမ်းဆီးရမိခဲ့ပြီး ထရမ့်ကို သတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုခံထားရသည့်ရှာကီရီသည် အီရန်တွင် ရှိနေသည်ဟု ယူဆရသည်။

အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖြစ်သည့် Quds Force ၏ တပ်မှူးဖြစ်သူ Qasem Soleimani သည် ထရန့်၏အမိန့်ပေးချက် အရ ဘဂ္ဂဒက်တွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်၂၀၂၀ ခုနှစ် ဇန်နဝါရီလအတွင်းက သေဆုံးခဲ့ရသည်။

Qasemသေဆုံးခဲ့ရမှုအတွက် လက်စားချေရန် ရှာကီရီသည်အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ သည်ဟု စွဲချက်တင်ခံထားရသည်။

အီရန်သည် ထရမ့် ၏ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးမှုများ ကို နှောင့်ယှက်ရန် ကြိုးပမ်းသည့်အနေဖြင့် ထရမ့် ကို ပုဂ္ဂိုလ်ရေးအရ လုပ်ကြံ သတ်ဖြတ်ရန် ပစ်မှတ်ထားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

မှတ်တမ်းတင်ထားသည့်စကားပြောဆိုမှုအတွင်းရှာကီရီ သည် "ရွေးကောက်ခံသမ္မတ ထရမ့် ကိုလုပ်ကြံသတ်ဖြတ်ရန်အစီအစဥ်ကို အောက်တိုဘာ (၇) ရက်နေ့တွင် ၄င်းအား တာဝန်ပေးအပ်ခြင်းခံရကြောင်းတရားဥပဒေစိုးမိုးရေးအေးဂျင့်များအား အသိပေးအကြောင်းကြားခဲ့သည်ဟု ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရှာကီရီ က အီရန်မှ သတ်မှတ် ပေး ထားချိန်အတွင်းထရမ့် ကို လုပ်ကြံသတ်ပစ်ရန်အဆိုပြုသည့် အစီအစဉ်ကိုရည်ရွယ်ချက်မရှိကြောင်း၄င်းက အခိုင်အမာ ပြောကြားခဲ့သည်။

ထို့အပြင်၄င်းသည်နယူးယောက်မြို့တွင် နေထိုင်သည့်ဂျူးလူမျိုးအမေရိကန် နိုင်ငံသား နှစ်ဦး ကိုလည်း စောင့်ကြည့်ရန် တာဝန်ပေးအပ်ခြင်းခံထားရသည်။

ထရမ့်အားလုပ်ကြံ သတ်မှုဖြတ်ရန်အတွက်၄င်းတို့ နှစ်ဦးကို အီရန်အရာရှိက ဒေါ်လာ ၅သိန်း ကမ်းလှမ်းထားသည်ဟု ဌာနက ပြောဆိုသည်။

အီရန်နိုင်ငံရှိ အကြမ်းဖက်အစိုးရ၏ အဆိုပါ ကြောက်မက်ဖွယ်ကောင်းသော ကြံစည်မှုကို ချိုးဖျက်နိုင်ခဲ့ခြင်းအတွက် ရဲရင့်သော အမျိုးသားနှင့် အမျိုးသမီးများအား ကျေးဇူးတင်ရှိကြောင်း သမ္မတ ထရမ့် မှပြောကြားခဲ့သည်ဟု မဲဆွယ်စည်းရုံးရေးပြောရေးဆိုခွင့်ရှိသူ Steven Cheung က ပြောကြားခဲ့သည်။

အဆိုပါတရားခံ သုံးဦးအား လူသတ်ရန်ကြံစည် မှုဖြင့် စွဲချက်တင်ထားပြီး အမြင့်ဆုံးထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်သည်။

လူသတ်မှု ကျူးလွန်ရန် ကြံစည်မှု သည် ထောင်ဒဏ် (၁၀)နှစ် နှင့် ငွေခဝါချမှု ပူးပေါင်း ကြံစည်မှုသည် ထောင်ဒဏ် နှစ် (၂၀) သတ်မှတ် ထားသည်။ Source/USA TODAY

#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.