နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅/၂၀၂၅
မြန်မာဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာသည် One Championship ပွဲဦးထွက်ပွဲတွင် ချီလီဖိုက်တာ ဖရန်စစ္စကာဗီရာထံ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။
One Championship ၏ One Friday Fights97 ပွဲစဉ်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လုမ္ဗနီအားကစားရုံကြီးတွင် ဖေဖော်ဝါရီ ၁၄ ရက်၊ ညက ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ဘရော်နီကာသည် ဗီရာနှင့် သုံးချီထိုးသတ်မှုအပြီးတွင် အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ချီလီဖိုက်တာဖရန်စစ္စကာဗီရာသည် One Championship တွင် ငါးအကြိမ်အထိ ထိုးသတ်ဖူးသည့် အတွေ့အကြုံရှိထားသူဖြစ်ပြီး မြန်မာဖိုက်တာ ကယန်းကျားသစ်မယ် ဘရော်နီကာအတွက်မူ ပထမဦးဆုံး ပွဲဦးထွက် ပြိုင်ပွဲဖြစ်ကြောင်း သိရသည်။
နှစ်ဦးစလုံး ၁၁၄ ပေါင် ဝိတ်တန်းတွင် ထိုးသတ်ခဲ့ကြခြင်းဖြစ်ပြီး ဘရော်သည် ကြံ့ခိုင်မှုသာလွန်ကာ ဗီရာသည် အရပ်ပိုမြင့်ကြောင်း သိရသည်။
ဘရော်နီကာ၏ ပြိုင်ဘက် ဗီရာသည် တံတောင်နှင့် လက်သီးများကိုအားပြုသုံးပြီး ထိုးသတ်သွားခဲ့ကာ ဘရော်နီကာက ဒုတိယအချီတွင် သက်လုံအားနည်းချက်ကြောင့် ရှုံးခဲ့ရကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။
ဘရော်နီကာသည် One Championship နှင့် စာချုပ်နှစ်နှစ် ချုပ်ဆိုခဲ့ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့က ကြေညာမှုအပြီး ယခုပွဲသည် ပထမဆုံး ပွဲဦးထွက် ယှဉ်ထိုးသတ်ပွဲလည်း ဖြစ်သည်။
ဘရော်နီကာနှင့် ဖရန်စစ္စကာဗီရာတို့သည် ရေကုန်ရေခန်း ထိုးသတ်သွားခဲ့သောကြောင့် နှစ်ယောက်လုံး ဘောနစ်စ် ဘတ် သုံးသိန်းခွဲစီ ချီးမြှင့်ခံခဲ့ရကြောင်းလည်း သိရသည်။
ဓာတ်ပုံ - One Championship Thailand