Preview

ဂျာမနီရွေးကောက်ပွဲ အတိုက်အခံ ခရစ်ယန်ဒီမိုကရက်တစ်ယူနီယံ (CDU)အနိုင်ရ

ဂျွန်နသန် | ဖေဖော်ဝါရီ ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :615
နိုင်ငံတကာ သတင်း

(လက်ယာအစွန်းရောက်၊ အမျိုးသားရေးဝါဒီ AfD က ဒုတိယနေရာတွင် ရပ်တည်၊အဓိပတိ Olaf Scholz ၏ SPD က သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရလဒ် အဖြစ်တတိယ နေရာသာရရှိခဲ့)

ဂျွန်နသန်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၄/ ၂၀၂၅

ဂျာမနီ၏ ရွေးကောက်ပွဲတွင် Friedrich Merz ဦးဆောင်သောအတိုက်အခံ ကွန်ဆာဗေးတစ်များ က အနိုင်ရရှိသွားခဲ့ပြီးလက်ယာအစွန်းရောက်၊ အမျိုးသားရေးဝါဒီကဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

ဖေဖော်ဝါရီ (၂၃)ရက်ကပြုလုပ်ခဲ့သည့်ဂျာမနီ ၏ရွေးကောက်ပွဲတွင်ခရစ်ယန် ဒီမိုကရက်တစ် ယူနီယံ (CDU)ပါတီ က ပြတ်ပြတ်သားသားအနိုင်ရရှိသွားခဲ့ပြီး၊ လကျ်ာအစွန်းရောက်ပါတီ AfD ပါတီက ဒုတိယနေရာရရှိခဲ့ကာ၊ အဓိပတိ Olaf Scholz ၏( SPD ) ပါတီသည် သမိုင်းတစ် လျှော က် အဆိုးရွားဆုံးရလဒ် အဖြစ်တတိယ နေရာသို့ ရောက်ရှိသွားခဲ့သည်။

အဓိပတိ Olaf Scholzက ရွေးကောက်ပွဲတွင်း ၄င်းတို့ ပါတီရှုံးနိမ့်ခဲ့ကြောင်း၀န်ခံလိုက်ပြီး ၎င်း၏ လက်ဝဲယိမ်းဆိုရှယ်ဒီမိုကရက်များအတွက် “ခါးသီးသော ရွေးကောက်ပွဲရလဒ်” ဟုOlaf Scholz က ပြောဆိုခဲ့သည်။

ယခုရွေးကောက်ပွဲသည်ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းပြီးနောက်ပိုင်းမဲပေးသူဦးရေသည်စံချိန်တင်အများဆုံးဖြစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ (၆၀.၄၉) သန်းရှိရာ (၈၂.၅) % ကမဲလာပေးခဲ့ကြသည်။

ကနဦးကရွေးကောက်ပွဲကို စက်တင်ဘာ(၂၈)ရက် တွင် ကျင်းပရန်လျာထားခဲ့သော်လည်း ဂျာမန်အစိုးရအကြပ်အတည်းကာလ၊ ညွန့်ပေါင်းအစိုးရပြိုကွဲမှုကြောင့် ရွေးကောက်ပွဲကို ရှေ့တိုးကာ ဖေဖော်ဝါရီ(၂၃)တွင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဓိပတိ Scholz ၏ လူကြိုက်များခြင်းမရှိသော ညွန့်ပေါင်းအစိုးရအဖွဲ့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ပြိုကျသွားပြီးနောက် စီစဉ်ထားသည်ထက် ခုနစ်လစောပြီး ရွေးကောက်ပွဲ ကိုကျင်းပခဲ့ရခြင်းဖြစ်သည်။

Bundestag ဟုခေါ်သည့် ဂျာမန်ပါလီမန်ရှိ အမတ်ဦးရေ (၆၃၀) နေရာ အတွက် ကျင်းပခဲ့သည့် ဖက်ဒရယ်ရွေးကောက်ပွဲတွင် အတိုက်အခံ CDU ပါတီက (၂၀၈) နေရာ၊ AfDပါတီက (၁၅၂)နေရာ၊အဓိပတိ Scholz ၏ SPD ပါတီက ((၁၂၀)နေရာ၊ GRUNE ပါတီက (၈၅)နေရာ၊ Die Linkeပါတီက (၆၄)နေရာ နှင့် SSW ပါတီက (၁)နေရာသာရရှိခဲ့သည်။

blob
blob
ထွက်ပေါ်လာသည့်မဲရလဒ်များအရ Friedrich Merz ဦးဆောင်သောခရစ်ယန် ဒီမိုကရက်တစ် ယူနီယံ ( Christian Democratic Union - CDU) သည်ထိပ်ဆုံးနေရာမှရပ်တည်ခဲ့သည်။ 

လက်ယာအစွန်းရောက်၊ အမျိုးသားရေးဝါဒီ Alternativefor Germany (AfD) သည် ဒုတိယနေရာတွင် ရပ်တည်ခဲ့ပြီး ပါတီ၏ သမိုင်းကြောင်းအရ မြင့်မားသောရလဒ်ကို ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) ၏ ဗဟိုလက်ဝဲယိမ်း (Social Democrats SPD) ပါတီSPD ပါတီ သည် ၁၉၃၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တတိယနေရာ သို့ကျဆင်းသွားခဲ့ပြီးသမိုင်းတလျောက်အဆိုးရွားဆုံးရလဒ်အဖြစ် ရောက်ရှိသွားခဲ့သည်။

ဂျာမန်လွှတ်တော် (Bundestag) တွင် အမတ်နေရာ (၆၃၀) ရှိရာ အစိုးရဖွဲ့ရန် အနည်းဆုံး (၃၁၆) နေရာ ရရှိရန် လိုအပ်သည်။ယခုကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် (၂၀၈) နေရာဖြင့်အများဆုံးအနိုင်ရရှိခဲ့သည့် CDU ပါတီသည် အစိုးရဖွဲ့ရန်အတွက် နောက်ထပ် အနည်းဆုံး နေရာ (၁၀၈)နေရာထပ်မံ လိုအပ်နေ သည်။

အတိုက်အခံ CDUပါတီ၏ ခေါင်းဆောင်ဖြစ်သူ Friedrich Merz က ၎င်း၏ပါတီသည် ဒုတိယနေရာကလက်ယာအစွန်းရောက်၊ အမျိုးသားရေးဝါဒီ AfD ပါတီနှင့် နှင့် ညွန့်ပေါင်း အစိုးရဖွဲ့ရန် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

“ကျနော်တို့မှာ အခြေခံအားဖြင့် နိုင်ငံခြားရေးပေါ်လစီ၊ လုံခြုံရေးမူဝါဒ၊ အီးယူ ၊ ယူရို၊ နေတိုးတို့နဲ့ ပတ်သက်တဲ့ တခြားနယ်ပယ်တော်တော်များများမှာ အခြေခံကွဲပြားတဲ့ အမြင်တွေရှိပါတယ်" ဟု Friedrich Merz က ပြောဆိုခဲ့သည်။

သို့ရာတွင်လာမည့်အီစတာပွဲတော်ကာလအတွင်းညွန့်ပေါင်းအစိုးရ ဖွဲ့ဖို့ နိုင်ရန် မျှော်လင့်ထားကြောင်း ၊ ယင်းသည် စိန်ခေါ်မှုဖြစ်ဖွယ်ရှိကြောင်း ၄င်းကထပ်လောင်းပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအလိုက ကောက်ယူခဲ့သည့်စစ်တမ်းများတွင် CDU က ထောက်ခံမှု (၃၀)ရာခိုင်နှုန်း၊ AfD ပါတီက (၂၀) ရာခိုင်နှုန်း SPD ပါတီက ၁၅ ရာခိုင်နှုန်းနှင့် Green ပါတီက ၁၃ ရာခိုင်နှုန်း ရှိခဲ့ရာ ယခုကျင်းပပြီးစီးသွားခဲ့သည့် ရွေးကောက်ပွဲရလဒ်သည် စစ်တမ်းများ နှင့်ထပ်တူ တူညီခဲ့သည်ကိုတွေ့ရသည်။ Source/BBC/DW

 

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.