နိရဉ္စရာ၊ မတ် ၂၇/၂၀၂၅
အမေရိကန်ကြည်းတပ် ပစိဖိတ်စစ်ဌာနချုပ်ဒုတိယစစ်ဦးစီးချုပ် Joel P Vowell ၏ ၂ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ စစ်လက်နက်ပစ္စည်းရောင်းချမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဒါကာမြို့အမေရိကန်သံရုံးကသတင်းထုတ်ပြန်သည်။
မတ် ၂၄ နှင့် ၂၅ ရက်တို့တွင် အမေရိကန်ကြည်းတပ် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယစစ်ဦးစီးချုပ် (ကွပ်ကဲရေးမှူးချုပ်) ဒုတိယဗိုလ်ချုပ်ကြီး Joel P Vowell ၏ဘင်္ဂလားခရီးစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးပွဲ အသေးစိတ် အကြောင်းအရာများကို ဗုဒ္ဓဟူးနေ့က အမေရိကန်သံရုံးကထုတ်ပြန်ရာတွင်ယခုလို ဖော်ပြထာသည်။
ဆွေးနွေးပွဲအတွင်းအမေရိကန်နှင့်ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ခိုင်မာစေရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။
ဆွေးနွေးကြရာ၌ "ဝယ်ယူ၍ ရနိုင်မည့် အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းများကို အပြန်အလှန်စွမ်းဆောင်ရည်နှင့်အလုံးစုံစွမ်းဆောင်နိုင်မှုတို့ကို မြှင့်တင်နိုင်ရန်အတွက်အဓိက ဆွေးနွေးခဲ့ကြသည်ဟု ပြောသည်။
အမေရိကန်ကြည်းတပ် ပစိဖိတ်စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် ကြည်းတပ်ဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး Joel B. Vowell ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည်ဘင်္ဂလားဒေရှ့် စစ်ဦးစီးချုပ် ဗိုလ်ချုပ် Waker-Uz-Zaman အပါအဝင် ထိပ်တန်း စစ်ဘက်အရာရှိကြီးများနှင့် ဒါကာမြို့ တပ်မတော်ဌာနချုပ်တွင်လွန်ခဲ့သော အင်္ဂါနေ့က တွေ့ဆုံခဲ့ကြသည်။
နှစ်နိုင်ငံတပ်မတော်နှစ်ခုအကြား ကာလကြာရှည်ခိုင်မာသော ဆက်ဆံရေးကို ထပ်လောင်းပြောကြားခဲ့ပြီး အပြန်အလှန်လုံခြုံရေးနှင့်အကျိုးစီးပွားများအတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးပေးပြောကြားခဲ့ကြသည်။
အမေရိကန်သံရုံး၏ထုတ်ပြန်သည့် ဆွေးနွေးပွဲ၏ အဓိက တခြားအကြောင်းအရာများထဲတွင် ပြည်တွင်းလုံခြုံရေးတွင်ဘင်္ဂလားဒေ့ရှ်စစ်တပ်၏အခန်းကဏ္ဍနှင့်အထူးသဖြင့်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့်အခြားရှုပ်ထွေးသောအခြေအနေများတွင်ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အခန်းကဏ္ဍကို အသိအမှတ်ပြုမှုနှင့် ဘင်္ဂလားဒေ့ရှ်စစ်တပ်၏အဓိက စိန်ခေါ်မှုများနှင့် အမေရိကန်က ကူညီနိုင်သောနယ်ပယ်အကြောင်းကိုလည်းဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်ဟုဆိုသည်။
၎င်းအပြင်၂၀၂၅ခုနှစ်နွေရာသီမှာ TIGER LIGHTNING အမည်ဖြင့် ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုကိုလည်း ဆွေးနွေးခဲ့ကြသည်။
အပြန်အလှန်စွမ်းဆောင်မှုများတိုးတက်ကောင်းမွန်လာစေရန်အတွက် အမေရိကန်မှစစ်လက်နက်ပစ္စည်းများကို ဝယ်ယူမှုအလားအလာများကိုသာမက ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ပရော်ဖက်ရှင်နယ်ဆန်မှုနှင့်ဒေသတွင်းတည်ငြိမ်မှုရရှိစေရေးမှာဘင်္ဂလာစစ်တပ်၏အရေးပါမှုအပေါ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ ကုလသမဂ၏ နိုင်ငံတကာ ငြိမ်းချမ်းရေးတပ်ဖွဲ့ ပူးပေါင်းတာဝန် ထမ်းဆောင်နေမှု အပေါ်တွင်လည်း အမေရိကန်ကြည်းတပ် ပစိဖိတ်စစ်ဌာနချုပ်၏ ဒုတိယစစ်ဦးစီးချုပ် Joel P Vowell က ချီးကျူးခဲ့သည်။