Preview

ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာအပါအဝင် နေရာအများအပြားတွင် ငလျင်လှုပ်ခတ်

နိရဉ္စရာ | ဧပြီ ၁၁/ ၂၀၂၅ | ကြည့်ရှုသူ :3491
နိုင်ငံတကာ သတင်း

ခိုင်လူလှ (ရိုးမမြေ)၊ နိရဉ္စရာ၊ ဧပြီ ၁၁/ ၂၀၂၅

မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒါကာမြို့တော် အပါအဝင် နေရာအများအပြားတွင် ယနေ့ ဧပြီ ၁၁ ရက်နေ့ ညနေက အင်အား ၄ ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန (BMD) မှသတင်းထုတ်ပြန်သည်။

“ ဒါကာနဲ့ နိုင်ငံအတွင်းက အခြားနေရာအများအပြားမှာငလျင်လှုပ်ခတ်ခဲ့ပါတယ်။ငလျင်ရဲ့ ပြင်းအားက ရစ်ခ်ျတာစကေး ၄ ရှိပါတယ်။ သောကြာနေ့ ညနေ ၄ နာရီ ၅၂ မိနစ်ခန့်မှာလှုပ်ခတ်သွားတာပါ”ဟု ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာန (BMD) မှ မိုးလေဝသပညာရှင်(Golam Mostafa)က ပြောကြားသည်။

မြို့တော် ဒါကာ အပါအဝင် နိုင်ငံအနှံ့အပြားတွင် ငလျင်လှုပ်ခတ်ခဲ့သည်ကိုသိသိသာသာ ခံစားခဲ့ရသည်ဟု ဒေသခံများက ပြောဆိုသည်။

ငလျင်ဗဟိုချက်သည် ဒါကာမှ ၁၀၅ ကီလိုမီတာအကွာတွင်ရှိသော Brahmanbaria အနီးတစ်ဝိုက်တွင်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်နေတုန်းပါပဲ" ဟုGolam က ဆက်လက်ပြောကြားသည်။

ငလျင်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်မှလူတော်တော်များများက Facebook မှာ တင်ထားကြသော်လည်းထိခိုက်ပျက်စီးမှုသတင်းကိုမူ မရရှိသေးဟုဆိုသည်။

#မြေငလျင်#ဘင်္ဂလားဒေ့ရှ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.