Preview

ကက်ရှ်မီးယားနယ်စပ်တစ်လျှောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်များအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွား

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :3939
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ဧပြီ၂၅/ ၂၀၂၅

အငြင်းပွားနေသောကက်ရှ်မီးယားရှိထိန်းချုပ်ရေးနယ်စပ်မျဉ်းတစ်လျှောက်တွင်ပါကစ္စတန်နှင့်အိန္ဒိယတပ်ဖွဲ့ဝင်များကတစ်ညလုံးအပြန်အလှန်ပစ်ခတ်ခဲ့ကြသည်ဟုတာဝန်ရှိသူများကသောကြာနေ့တွင်ပြောကြားခဲ့သည်။

ဒေသတွင်းအရပ်သားများအားပစ်ခတ်ခံရမှုအပြီးတွင်နျူလက်နက်ပိုင်ဆိုင်သည့်ပြိုင်ဘက်နှစ်နိုင်ငံအနေဖြင့်အမြင့်ဆုံးထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်ကုလသမဂ္ဂမှတိုက်တွန်းခဲ့ပြီးနောက်ယခုပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းAFP ကသတင်းဖော်ပြသည်။  

ရာစုနှစ်တစ်ခုအတွင်းမွတ်ဆလင်အများစုနေထိုင်ရာကက်ရှိမီးယားတွင်သေနတ်သမားများကအရပ်သားများကိုအဆိုးရွားဆုံးတိုက်ခိုက်မှုအပြီးတွင်ပါကစ္စတန်က“နယ်စပ်ဖြတ်ကျော်အကြမ်းဖက်ဝါဒ” ကိုပံ့ပိုးပေးနေသည်ဟုအိန္ဒိယကစွပ်စွဲကာနှစ်နိုင်ငံအတွင်းဆက်ဆံရေးအနိမ့်ဆုံးသို့ကျဆင်းသွားခဲ့သည်။

နှစ်နိုင်ငံအကြားပိုင်းခြားထားသည့်ထိန်းချုပ်ရေးမျဉ်း (LOC) တစ်လျှောက်တပ်ဖွဲ့ဝင်များအပြန်အလှန်ပစ်ခတ်ခဲ့ကြောင်းသောကြာနေ့တွင်ပါကစ္စတန်အုပ်ချုပ်သည့်ကက်ရှ်မီးယားရှိအစိုးရအရာရှိSyed Ashfaq Gilani ကAFP သို့ပြောကြားခဲ့သည်။

 “အရပ်သားလူထုကိုပစ်ခတ်တာမရှိဘူး” ဟုလည်း၎င်းကဆက်ပြောသည်။

လက်နက်ငယ်များကိုအကန့်အသတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကအတည်ပြုခဲ့ပြီး၎င်းတိုက်ခိုက်မှုအားပါကစ္စတန်စစ်တပ်ဘက်ကစတင်ပြုလုပ်ခဲ့ပြီး  ထိရောက်စွာတုံ့ပြန်ခဲ့ကြောင်းပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင်ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူStephane Dujarric ကအိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံများအကြားပြဿနာများသည်အဓိပ္ပါယ်ရှိသောအပြန်အလှန်ထိတွေ့ဆက်ဆံမှုဖြင့်ငြိမ်းချမ်းစွာဖြေရှင်းသင့်သည်ဟုနယူးယောက်တွင်သတင်းထောက်များအားပြောကြားခဲ့သည်။

“အစိုးရနှစ်ရပ်စလုံးကိုကျွန်တော်တို့မေတ္တာရပ်ခံပါတယ်။နောက်ထပ်အခြေအနေပိုမဆိုးရွားသွားအောင်ပြင်းပြင်းထန်ထန်ချုပ်တည်းကြဖို့နဲ့တိုးတက်မှုတွေသေချာစေဖို့နဲ့အစိုးရနှစ်ရပ်စလုံးကိုကျွန်တော်တို့အပြင်းအထန်တောင်းဆိုပါတယ်” ဟု၎င်းကပြောကြားခဲ့သည်။

ကက်ရှမီးယားရှိပါဟယ်လ်ဂမ်တွင်၎င်းတို့၏ပစ်ခတ်မှုကြောင်းအရပ်သား၂၆ဦးသေဆုံးခဲ့ရပြီး ထွက်ပြေးသွားသူသေနတ်သမားသုံးဦးအနက်နှစ်ဦးမှာပါကစ္စတန်နိုင်ငံသားဖြစ်ကြောင်းအိန္ဒိယရဲများကဖော်ထုတ်ခဲ့သည်။

သတ်ဖြတ်မှုတွင်တာဝန်ရှိသောသေနတ်သမားများကိုရှာဖွေပြီးပြင်းပြင်းထန်ထန်အပြစ်ပေးသွားမည်ဟု အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာမိုဒီကကတိပြုခဲ့သည်။

“တစ်ကမ္ဘာလုံးကိုကျွန်တော် ကတိပြုပြောကြားပါတယ်။ အိန္ဒိယအနေနဲ့အကြမ်းဖက်သမားနဲ့သူတို့ရဲ့ကျောထောက်နောက်ခံရှိသူတိုင်းကိုဖော်ထုတ်၊ ခြေရာခံဖော်ထုတ်ပြီးအပြစ်ပေးမှာပါ” ဟုဟိမဝန္တာဒေသတွင်အင်္ဂါနေ့က တိုက်ခိုက်မှု နောက်ပိုင်း ပထမဆုံးမိန့်ခွန်းတွင် မိုဒီကပြောကြားခဲ့သည်။

အိန္ဒိယနှင့်ပါကစ္စတန်အကြားလွတ်လပ်ရေးရပြီး၁၉၄၇ခုနှစ်ကတည်းကကက်ရှ်မီးယားကိုနှစ်ပိုင်း  ပိုင်းခြားခဲ့ပြီးနယ်မြေနှစ်ခုစလုံးကိုသီးခြားစီအုပ်ချုပ်ခဲ့သည်။

သူပုန်အဖွဲ့များသည်အိန္ဒိယထိန်းချုပ်ထားသောကက်ရှ်မီးယားတွင်၁၉၈၉ခုနှစ်ကတည်းကသူပုန်ထမှုကိုဆင်နွှဲခဲ့ပြီးလွတ်လပ်ရေးသို့မဟုတ်ပါကစ္စတန်နှင့်ပေါင်းစည်းရန်တောင်းဆိုခဲ့ကြသည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.