Preview

ကလေးများအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦး ထိုင်းတွင် ဖမ်းဆီးခံရ

လူထက်နိုင် | ဧပြီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :430
နိုင်ငံတကာ သတင်း

လူထက်နိုင်၊ နိရဉ္ဇရာ၊ ဧပြီ ၂၆ /၂၀၂၅

ကလေးများအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦးသည် ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်တွင် ဖမ်းဆီးခံလိုက်ရသည်ဟု ထိုင်းသတင်းဌာန Khaosod တွင် ဖော်ပြထားသည်။

အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၉ ဦးအနက် အရွယ်ရောက်ပြီးသူအားလုံးကို ထိုင်းနိုင်ငံသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာသည်ဟုဆိုကာ ယမန်နေ့ ဧပြီလ ၂၅ ရက်တွင် ဖမ်းဆီးတရားစွဲဆိုထားသည်ဟု သိရသည်။

သူတို့သည် ရန်ကုန်မြို့မှဖြစ်ပြီး စံခရဘူရီမြို့ နယ်စပ်မှ ထိုင်းနိုင်ငံကိုဝင်ရောက်လာခြင်းဖြစ်ကာ ထိုင်းနိုင်ငံထဲသို့ဝင်ရောက်ရန် ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ် ၈၅၀၀၀ ပေးခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

သူတို့စီးနင်းလိုက်ပါလာသည့် ပစ်ကပ်ကားကို ယမန်နေ့တွင် ကန်ချနာဘူရီခရိုင် အဝေးပြေးလမ်း ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဘန်လတ်ရာ လမ်းဆုံမှ Kwai Yai မြစ်ကူးတံတား Nong Bua အထိ အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရသည်။

blob

အဆိုပါကားသည် မြစ်ကမ်းဘေးတွင် ကားရေဆေးနေသည့် ဒေသခံတစ်ဦး၏ ကားကို တိုက်မိပြီး မြစ်ထဲထိုးကျသွားခဲ့သည်ဟု သတင်းတွင်ဖော်ပြသည်။

ယာဉ်ပေါ်ပါ မြန်မာနိုင်ငံသား ၁၉ ဦးကို တာဝန်ရှိသူများက ကယ်ဆယ်ပြီး မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားစဉ် ယာဉ်မောင်းသည် ယာဉ်ပေါ်မှ ခုန်ချပြီး ဝိုင်းယိုင်မြစ်ကို ဖြတ်ကူးကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟု သိရသည်။

ဓာတ်ပုံ- Khaosod English

---

ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.