Preview

အီရန်နိုင်ငံဆိပ်ကမ်းတစ်ခုတွင် သိုလှောင်ထားသည့် ဓာတုပစ္စည်းများ အကြီးအကျယ်ပေါက်ကွဲမှုဖြစ်၍ လူ ၄ ဦး သေဆုံးကာ ၅၀၀ ကျော်ဒဏ်ရာရရှိ

ခိုင်လူလှ (ရိုးမမြေ) | ဧပြီ ၂၆/ ၂၀၂၅ | ကြည့်ရှုသူ :1941
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဧပြီ ၂၆/၂၀၂၅ (နိုင်ငံတကာ)

 အီရန်နိုင်ငံ တောင်ပိုင်း ဘန်ဒါအက်ဘာ(Bandar Abbas)မြို့ဆိပ်ကမ်းတွင် သိုလှောင်ထားသည့် ဓာတုပစ္စည်းများ စနေနေ့က အကြီးအကျယ် ပေါက်ကွဲမှုဖြစ်၍ လူ ၄ ဦး သေဆုံးကာ ၅၀၀ ကျော် ဒဏ်ရာရရှိသွားကြောင်း အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ပေါက်ကွဲမှုသည်ဘန်ဒါအက်ဘာဆိပ်ကမ်းရှိ ရှာဟစ်ရာဂျီ (Shahid Rajaee)ဆိပ်ကမ်းအပိုင်းတွင်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

အီရန်သည် အိုမန်တွင် အမေရိကန်နှင့် တတိယအကြိမ် နျူကလီးယား ဆွေးနွေးပွဲကို စတင်နေချိန်တွင် ယခုဖြစ်ရပ်ဖြစ်ပွားခဲ့သော်လည်း အဆိုပါ ဖြစ်ရပ်နှစ်ခုကြား ဆက်စပ်မှုကို ချက်ချင်းလက်ငင်း ဖော်ပြခြင်း မရှိသေးကြောင်းရိုက်တာ Reuters က ရေးသားသည်။

ကွန်တိန်နာအတွင်း ဓာတုပစ္စည်းများသိုလှောင်မှု ညံ့ဖျင်းမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားရခြင်းဟု နိုင်ငံ၏ အကျပ်အတည်းဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူဟူစိန် ဇာဖာရီ (Hossein Zafari)၏ ပြောဆိုလိုက်ပြီးယင်းအပေါ် အပြစ်တင်လိုပုံရသည်ဟုဆိုသည်။

“ပေါက်ကွဲမှုဖြစ်ရတာကကွန်တိန်နာအတွင်းက ဓာတုပစ္စည်းတွေပါ” ဟု ၎င်းက အီရန် ILNA သတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် ဓာတုဗေဒပစ္စည်းများကြောင့် ပေါက်ကွဲမှုဖြစ်နိုင်ခြေရှိသော်လည်း အကြောင်းရင်းအတိအကျကို မဆုံးဖြတ်နိုင်သေးကြောင်း အီရန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုအပြီးတွင် ဆိပ်ကမ်းအထက်တွင် အနက်ရောင်နှင့် လိမ္မော်ရောင် မီးခိုးများ တိမ်ထူထပ်နေသည့် ဗီဒီယိုဖိုင်ကို အီရန်၏တရားဝင်သတင်းချန်နယ်များက ထုတ်လွှင့်ပြသခဲ့ပြီး အဆောက်အအုံတစ်ခုတံခါးများလွင့်ထွက်သွားပြီး စာရွက်စာတန်များနှင့် အပျက်အစီးများ ပြန့်ကျဲနေခဲ့သည်ဟုဆိုသည်။

ဘန်ဒါအက်ဘာသည် အီရန်၏ အကြီးဆုံးဆိပ်ကမ်းဖြစ်ပြီး ၎င်း၏ ကွန်တိန်နာအများစုကို ဖြတ်သန်းသယ်ယူပို့ဆောင်နေသည့် ဆိပ်ကမ်းဖြစ်ကြောင်း သိရသည်။  

ပေါက်ကွဲမှုသည် ကီလိုမီတာများစွာအကွာအဝေးအတွင်းရှိအဆောက်အဦများ၏ပြတင်းပေါက်များ ကွဲအက်မှုဖြစ်ပေါ်စေခဲ့ပြီး ပေါက်ကွဲမှုကိုဆိပ်ကမ်း၏တောင်ဘက် ၂၆ ကီလိုမီတာ (၁၆ မိုင်) အကွာရှိ Qeshm ကျွန်းကပင်ကြားခဲ့ရကြောင်း အီရန်မီဒီယာက ပြောကြားခဲ့သည

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.