Preview

အိန္ဒိယက ပါကစ္စတန်မှ နေရာ၉ ခုကို ဒုံးကျည်များဖြင့်စတင်တိုက်ခိုက်

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :3212
နိုင်ငံတကာ သတင်း

(ကလေး ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟု ပါကစ္စတန်ပြော)

နိရဉ္စရာ၊ မေ ၇/ ၂၀၂၅

အိန္ဒိယက ပါကိစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ နေရာ ၉ ခုကို ဒုံးကျည်များဖြင့် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် စတင်တိုက်ခိုက်လိုက်ပြီဖြစ်သည်။

၎င်းတိုက်ခိုက်မှုအတွင်း ကလေးငယ် ၂ ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆင်ဒူးစစ်ဆင်ရေး“Operation Sindoor"ဟု အမည်ပေးထားသည့် စစ်ဆင်ရေးကို စတင်လိုက်ပြီ ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့်ကက်ရှ်မီးယားဒေသက အကြမ်းဖက်သမားများ၏နေရာ၉ ခုအား  ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြီးခဲ့သည့်တိုက်ခိုက်ပြီး နာရီပိုင်းအတွင်းသတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသပါဟယ်ဂန် (Pahalgam)ရှိအပန်းဖြေစခန်းတစ်ခုတွင်လာရောက်နားနေသူများကို ပါကစ္စန်အခြေစိုက်စစ်သွေးကြွသေနတ်သမားတွေက ပစ်ခတ်သဖြင့်ခရီးသွား လူ ၂၆ ဦး အသက်ဆုံးခဲ့ရသည်။ အသက်သေဆုံးသူအများစုမှာ ဟိန္ဒူများဖြစ်ကြသည်။

၎င်းဖြစ်ရပ် အပေါ် လက်တုံ့ပြန်သည့် အနေဖြင့် အိန္ဒိယက ယနေ့ဗုဒ္ဓဟူးနေ့အစောပိုင်းတွင်ဒုံးကျည်များဖြင့် လက်တုံ့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

ပါကစ္စတန် အုပ်ချုပ်သည့် ကက်ရှ်မီးယား နှင့် နေရာ ၂ခုဖြစ်သည့်  Muzaffarabad ၊Kotli နှင့် တစ်ခြားနေရာတစ်ခုဖြစ်သည့် Bahawalpur  တို့ကိုအိန္ဒိယ ဒုံးကျည်များဖြင့် ထိမှန်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က အတည်ပြုခဲ့သည်။

ပါကစ္စတန်နှင့် ပါကစ္စတန် အုပ်ချုပ်သည့် ကက်ရှ်မီးယား၊ အထူးသဖြင့် Muzaffarabad အနီးတွင် ကျယ်လောင်သော ပေါက်ကွဲမှု အများအပြားကို မျက်မြင်သက်သေများက အစီရင်ခံခဲ့သည်။

ပါကစ္စတန်စစ်တပ်က အိန္ဒိယ၏တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ၎င်းတိုက်ခိုက်မှုကို "ရှက်စရာ သူရဲဘောကြောင်သောလုပ်ရပ်" ဟုခေါ်ဆိုခဲ့သည်။

ပါကစ္စတန်သည် အိန္ဒိယ၏ တိုက်ခိုက်မှု အပေါ် လက်တုံ့ပြန်မည်ဟု ပြောကြားလိုက်ပြီး ပါကစ္စတန်လေတပ်မှ ဂျက်တိုက်လေယာဉ်များအားလုံး ဝေဟင်တွင်ပျံတက်ခဲ့ကြောင်း အစ္စလာမာဘတ်သည် အချိန်နှင့် နေရာအလိုက်ရွေးချယ် တုံ့ပြန်မည်ဖြစ်ကြောင်း ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။



(Source: Dhaka Tribune and BBC world)


#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.