နိရဉ္စရာ၊ မေ ၈/၂၀၂၅
ကာဒီနယ် ရောဘတ် ပရီဗော့စ်(Robert Prevost)ကို ပုပ်ရဟန်းမင်းသစ် ရွေးချယ်လိုက်ပြီ ဗာတီကန်က ထုတ်ပြန်ကြေညာသည်။
ရွေးချယ်ပွဲကို ဗာတီကန်စီးတီး Sistine Chapel တွင်ည မေလ ၇ ရက်နေ့မှာ စတင်ခဲ့ပြီး ရွေးကောက်ပွဲတွင်ကာဒီနယ် ၁၃၃ ဦး ပါဝင်ခဲ့သည်။ ၎င်းကာဒီနယ်တွေရဲ့ သုံးပုံနှစ်ပုံကျော်ကို ပျံလွန်တော်မူသွားခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုယ်တိုင်က ခန့်အပ်ခဲ့သည်။
လက်ရှိရွေးချယ်ခံရသည့်ပုပ်ရဟန်းမင်းကြီး Robert Prevost သည် ၂၆၇ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာပြီး ၁၄ ယောက်မြောက် လီယိုအမည်ကို ခံယူမည်ဖြစ်သည်။
၎င်းအား အမေရိကန်နိုင်ငံချီကာဂိုမှာမွေးဖွားခဲ့သူဖြစ်ပြီးအသက် (၆၉) နှစ်ရှိပြီဖြစ်ကာလက်ရှိပီရူးနိုင်ငံသား ခံယူထားသူလည်း ဖြစ်သည်။ သူဟာ မြောက်အမေရိကတိုက်ကနေ ပထမဆုံးဖြစ်လာသည့်ပုပ်ရဟန်းမင်းကြီး ဖြစ်သည်။
ပုပ်ရဟန်းမင်းသစ် ရွေးချယ်ပြီးကြောင်း အဖြူရောင်မီးခိုးဖြင့် အချက်ပြလိုက်ပါပြီနောက်များမကြာမီ ကာဒီနယ် ရောဘတ်ပရီဗော့စ်ကိုပုပ်ရဟန်းမင်းကြီးသစ်အဖြစ် ကျေညာမှု ထွက်ပေါ်လာခြင်းဖြစ်သည်။ သူ့ကို ကာဒီနယ်အဖြစ် ၂၀၂၃ တုန်းက ပုပ်ဖရန်စစ်က ခန့်အပ်ခဲ့သည်။
Source: Economynext and BBC