Preview

အိန္ဒိယက လူပေါင်း၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်သို့မောင်းထုတ်

ခိုင်လူလှ (ရိုးမမြေ) | မေ ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :2020
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ မေ  ၉/ ၂၀၂၅

အိန္ဒိယအစိုးရမှ လူပါင်း ၁၂၃ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည်ဆိုကာ မေလ ၇ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ မောင်းထုတ်ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြသည်။

အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့(BSF) က အနည်းဆုံး လူ ၁၂၃ ဦးကို ကူရီဂရမ်(Kurigram)နှင့် ခါကရာဆိုရီ(Khagrachhari)နယ်စပ်ဂိတ်များမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ မောင်းထုတ်ခဲ့သည်ဟုဆိုသည်။

၎င်းနောက် ၎င်းသူများကို  ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ (BGB)မှဖမ်းဆီးပြီးလက်ရှိအချုပ်ထဲတွင် ထားရှိကာ၎င်းတို့၏ အထောက်အထားများကို စစ်ဆေးလျက်ရှိသည်ဟုဆိုသည်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) သည် ဘင်္ဂလီစကားပြောသူများအနည်းဆုံး လူ ၁၂၃ ဦးကို အိန္ဒိယနိုင်ငံ ကူရီဂရမ်နှင့် ခါဂရာချာရီ နယ်စပ်ဂိတ်များမှတဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ တွန်းပို့ခဲ့ပြီးနောက် ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟု The Daily Star က သတင်းဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များသည် နယ်စပ်တစ်လျှောက်တွင် ပြင်းထန်သောသတိပေးချက်ထုတ်ပြန်ထားပြီး ယင်းကဲ့သို့ မောင်းထုတ်မှုကို ဆန့်ကျင်ပြီးပြင်းထန်သည့်ကန့်ကွက်စာတစ်စောင်အားအိန္ဒိယ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ (BSF) ထံ ပေးပို့ထားကြောင်း BGB ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Mohammad Ashrafuzzaman Siddiqui က ပြောကြားသည်။

အိန္ဒိယ နယ်ခြားလုံခြုံရေးတပ်ဖွဲ့ BSF နှင့် အလံအစည်းဝေးများကို အဆင့်အမျိုးမျိုးတွင်ပြုလုပ်ရန်ဘင်္ဂလာဘက်က တောင်းဆိုထားသည်။  

တစ်ချိန်တည်းတွင် အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခများ အရှိန်မြင့်လာနေချိန်တွင် ဘင်္ဂလားနယ်စပ် ခရိုင် ၃၁ ခုတွင်လုံခြုံရေး တိုးမြှင့်ထားပြီး ရဲဌာနချုပ်က နိုင်ငံတော်လုံခြုံရေးကို အလျှော့မပေးရန် နယ်ခြား ရဲအရာရှိများအား သတိပေးထားသည်။

အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ Kurigram နှင့် Khagrachhari ရှိ အိန္ဒိ.-ဘင်္ဂလားဒေ့ရှ် နယ်စပ်များမှတစ်ဆင့် အိန္ဒိယမှလူများအား မောင်းထုတ်နေမှုများနှင့်ပတ်သက်၍ နယူးဒေလီနှင့် အဆက်အသွယ်ရရန် ကြိုးပမ်းနေကြောင်း အမျိုးသားလုံခြုံရေးအကြံပေး ဒေါက်တာ Khalilur Rahman က ယမန်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ နိုင်ငံခြားရေး အကြံပေး Touhid Hossain နဲ့ တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင်ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အမှုတခုစီကို သီးခြားစီ စစ်ဆေးနေကြောင်းပြောဆိုသည်။

“သူတို့ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေလို့ သတ်မှတ်ရင် ကျနော်တို့က လက်ခံမှာပါ။ ဒါကို တရားဝင် လမ်းကြောင်းနဲ့ လုပ်ရလိမ့်မယ်။ သူတို့ကို တွန်းထုတ်တာက နည်းလမ်းမဟုတ်ဘူး။”ဟု ပြောသည်။

တစ်ချိန်တည်းတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းနယ်ခါကာဆိုရီ (Khagrachhari) ခရိုင် အတွင်းရှိ နယ်စပ်နေရာ၃ ခု ကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက် အနည်းဆုံး ဘင်္ဂလီစကားပြောသူ ၇၉ ဦးကို ဘင်္ဂလာအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းခဲ့သည်။

၎င်းတို့အနက် ၂၇ ဦးမှာ Matiranga မြို့နယ်ရှိ Shantipur နယ်စပ်မှလည်းကောင်း၊ ၂၂ ဦးသည် Dighinala မြို့နယ်ရှိ Taitong နယ်စပ်မှလည်းကောင်း၊နောက်ထပ်၃၀ ဦးတို့သည် anchhari  မြို့နယ်ရှိ Panchhari နယ်စပ်မှလည်းကောင်းဝင်ရောက်လာကြသည်ဟု ဆိုသည်။

၎င်းတို့မှာ ဘင်္ဂလီစကားပြောသူများဖြစ်သော်လည်း မည်သည့်လူမျို;များဇြစ်ကြောင်း ဘင်္ဂလာအာဏာပိုင်များက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း  ကူရီဂရမ်Kurigram ခရိုင်၊  Roumari နှင့် Bhurungamari မြို့နယ်တို့မှဖမ်းဆီးထိန်းသိမ်းခဲ့သူစုစုပေါင်း လူ ၄၄ ဦးတွငိရိုဟင်ဂျာ ၃၅ ဦး ပါဝင်သည်ဟု ဘင်္ဂလာအာဏာပိုင်များက ပြောဆိုသည်။(ဓာတ်ပုံ-New Age)

#လူမှုရေးရာ#အိန္ဒိယ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.