နိရဉ္စရာ၊ မေ ၁၁/၂၀၂၅ (နိုင်ငံတကာ)
အိန္ဒိယနှင့် ပါကစ္စတန်တို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး နာရီပိုင်းအကြာတွင် အိန္ဒိယ အုပ်ချုပ်သည့် ကက်ရှ်မီးယား၏ မြို့တော်ဆရီနာဂါ(Srinagar)တွင် ပေါက်ကွဲမှုများ အများအပြား ဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေး အနာဂတ်အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်ဟု The Financial Express ကသတင်းဖော်ပြသည်။
ဂျမူးနှင့်ကက်ရှ်မီးယားဝန်ကြီးချုပ် Omar Abdullah က "အပစ်အခတ်ရပ်စဲရေးက ဘာဖြစ်သွားတာလဲ၊ ဆရီနာဂါမှာ ပေါက်ကွဲသံတွေ ကြားလိုက်ရတယ်!!!"ဟုဆိုရှယ်မီဒီယာတွင်သတိပေးရေးသားခဲ့သည်။
မြို့တော်ဆရီနာဂါတွင် နေထိုင်သူများသည် ပေါက်ကွဲမှုများကိုကြားခဲ့ရမှုအပေါ်အတည်ပြုပြီး မြို့အနှံ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကို စောင့်ကြည့်ခဲ့ကြသည်။
အဆိုပါ ဒေသတွင် လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များ လှုပ်ရှားနေကြောင်း သတင်းများက ဖော်ပြနေပြီးဂျမူး၏ Udhampur ခရိုင်တွင်အလားတူဖြစ်ရပ်များပေါ်ပေါက်ခဲ့ကာ အပစ်ရပ်စဲကြောင်း ကျေညာပြီး အချိန်ပိုင်းအတွင်းတွင်ပင် ၎င်းဒေသ၌ ဒရုန်းဖြင့် တိုက်ခိုက်မှုများပေါက်ပေါက်ခဲ့သည်။
အိန္ဒိယနှင့်ပါကစ္စတန် နှစ်ဖက်စလုံးတွင် သိသာထင်ရှားသော ထိခိုက်သေဆုံးမှုများနှင့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေပြီးနောက် ပြင်းထန်လာသော ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်တန့်ရန် ရည်ရွယ်ပြီးနိုင်ငံတကာမှ ကြားဝင်စေ့စပ်ကာအပစ်အခတ်ရပ်စဲခဲ့သည်။
သို့သော်လည်း မကြာသေးမီက ပေါက်ကွဲမှုများသည် သဘောတူညီချက်၏ သက်ရောက်မှုနှင့် အပစ်ရပ်ရေးရေရှည်တည်တံ့မှုအပေါ် သံသယဖြစ်စေခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း အိန္ဒိယနှင့် ပါကစ္စတန် တာဝန်ရှိသူများက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသေးပေ။ချိုးဖောက်မှုများ ဆက်လက်ရှိနေပါက အခြေအနေမှာ တင်းမာလာနိုင်သသည်ဟုဆိုသည်။