Preview

ထိုင်းတွင် ငါးလအတွင်း ကိုဗစ်ကူးစက်သူ နှစ်သိန်းနီးပါးအထိရှိ‌နေပြီး သေဆုံးသူ ၄၆ ဦးအထိရှိလာ

သဉ္ဇာနွယ် | မေ ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :3636
နိုင်ငံတကာ သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ မေ ၂၇/၂၀၂၅

ထိုင်းနိုင်ငံတွင် ငါးလအတွင်း ကိုဗစ်-၁၉ ပိုး ကူးစက်သူ နှစ်သိန်းနီးပါးအထိရှိ‌နေပြီး သေဆုံးသူ ၄၆ ဦးထိရှိလာကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းတနိုင်ငံလုံးစာရင်းအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မေလ ၂၆ ရက်အထိ ကိုဗစ်ပိုးကူးစက်မှု ၁၈၆,၉၅၅ ရှိ နေပြီး သေဆုံးသူ ၄၆ ဦးရှိသည်ဟု ထိုင်းသတင်းမီဒီယာများဖြစ်သည့် Bangkok post နှင့် The Nation Thailand သတင်းမီဒီယာတို့က ဖော်ပြထားသည်။

မေလ ၁၈ ရက်နေ့မှ ၂၄ ရက်အထိ တစ်ပတ်အတွင်း ကူးစက်မှု ၅၃,၅၆၃ ရှိခဲ့ပြီး ငါးဦး သေဆုံးခဲ့ကာ ဘန်ကောက်မြို့သည် ကူးစက်မှုအများဆုံးဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် မိုးရာသီနှင့်ကျောင်းဖွင့်ရာသီအတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး၊ စာသင်ကျောင်း၊ ဆေးရုံနှင့် လူအိုစောင့်ရှောက်ရေးစင်တာ စသည့် လူများသည့်နေရာများတွင် ကူးစက်မှုမြင့်မားနိုင်သည်ဟု ရောဂါထိန်းချုပ်ရေးဌာနက မှတ်ချက်ပြုထားသည်။

ယင်းသို့ ကိုဗစ်ကူးစက်မှုမြင့်မားလာမှုကြောင့် Samut Prakan မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ အွန်လိုင်းမှတဆင့် စာသင်ကြားရန် ညွှန်ကြားလိုက်ရကြောင်း သိရသည်။

ယခုဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ၏ နောက်ဆုံးပေါ်မျိုးကွဲများသည် ပိုမိုမြန်ဆန်စွာ ကူးစက်နိုင်သော်လည်း ရောဂါလက္ခဏာ ပျော့သည်ဟု သိရသည်။

ခုခံအားစနစ်၏ အလိုအလျောက်တုံ့ပြန်မှုကြောင့် ယခုဖြစ်ပွားနေသည့်ကိုဗစ်-၁၉ မျိုးကွဲအသစ်ကို ကာကွယ်ဆေးထိုးပြီး ကာကွယ်၍ မရဟုလည်း သိရသည်။

ကာကွယ်ဆေးများသည်လည်း လက်ရှိ ကိုဗစ်မျိုးကွဲအတွက် မထိရောက်တော့ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေး ဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - AFP
---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#ကျန်းမာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.