Preview

အီရန်နိုင်ငံ၏မြို့တော် “တီဟီရန်” ကိုမီးလောင်တိုက်သွင်းပစ်မည်ဟု အစ္စရေးကသတိပေး

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၁၄/ ၂၀၂၅ | ကြည့်ရှုသူ :875
နိုင်ငံတကာ သတင်း

(အီရန်က ၈၀ သေဆုံးပြီး အစ္စရေးက ၃ ဦးသေဆုံး)

နိရဉ္စရာ၊ ဇွန် ၁၄/၂၀၂၅

တိုက်ခိုက်မှုများကိုဆက်လက်ပြုလုပ်ပါက 'တီဟီရန် မီးလောင်တိုက်သွင်းပစ်မည်' ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ဇ်က သတိပေးလိုက်ပြီး အီရန်နိုင်ငံအနောက်မြောက်ဘက်တွင် တိုက်ခိုက်မှုအသစ်များကိုအစ္စရေးလ်က ထပ်မံပြုလုပ်လိုက်ကြောင်းအီရန်မီဒီယာများက ဖော်ပြသည်။

အစ္စရေးသည်အီရန်နိုင်ငံ၏ အနောက်ဘက်ခြမ်းမြို့များကို  တိုက်ခိုက်မှုအသစ်များ ပြုလုပ်ခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့ကြပြီး ပြိုင်ဘက်နှစ်ဦးသည် ဒုတိယရက်ကြာ အပြန်အလှန်ပစ်ခတ်မှုများကိုဆက်လက် ပြုနေကြသည်ဟုAFP သတင်းတွင် ဖော်ပြသည်။

ထိုအချိန်အတွင်းတွင်ပင်  အီရန်သည် ဒုံးကျည်များ ထပ်မံပစ်ခတ်ပါက “တီဟီရန် မီးလောင်တိုက်သွင်းပစ်မည်” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးကတ်ဇ်က သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။  

တိုက်ခိုက်မှုများသည် အီရန်အနောက်မြောက်ဘက်ရှိ Tabriz မြို့အပြင် Lorestan၊ Hamedan နှင့် Kermanshah ပြည်နယ်များ၏ အစိတ်အပိုင်းများကို ထိမှန်ခဲ့ကြောင်း Fars and Mehr သတင်းအေဂျင်စီများက ပြောကြားခဲ့သည်။

အီရန်က ဒုတိယရက်ကြာ အစ္စရေးကို ဒုံးကျည်များ ထပ်မံပစ်ခတ်ခဲ့ပြီးနောက်ကာကွယ်ရေးဝန်ကြီး ကတ်ဇ်က အီရန်သည် အစ္စရေးကို နောက်ထပ် ဒုံးကျည်များ ထပ်မံပစ်ခတ်ပါက တီဟီရန် မီးလောင်တိုက်သွင်းပစ်မည်ဟုစနေနေ့က သတိပေးခဲ့ခြင်းဖြစ်သည်။

"အီရန်အာဏာရှင်သည် အီရန်နိုင်ငံသားများကို ဓားစာခံများအဖြစ်သို့ပြောင်းလဲပေးနေပြီး ဆက်လက်ပြီး အစ္စရေးပြည်သူများကို သတ်ဖြတ်နေပါက အထူးသဖြင့် တီဟီရန်မြို့ခံများအနေဖြင့်ကြီးလေးသော ပေးဆပ်မှုကိုပေးရမည်" ဟု Katz က ထုတ်ပြန်ချက်တွင် ကိုးကားဖော်ပြထားသည်။

“အကယ်၍ (အယာတိုလာ အလီ) ခါမေနီသည် အစ္စရေးကို ဒုံးကျည်များ ဆက်လက်ပစ်ခတ်ပါက တီဟီရန် မီးလောင်တိုက်သွင်းမည်”ဟုလည်း ပြောကြားသည်။

အစ္စရေးသည် အီရန်၏ နျူကလီးယားနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို သောကြာနေ့အစောပိုင်းတွင် လေကြောင်းမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ချေမှုန်းခဲ့သည်။

အဓိကပစ်မှတ်များတွင် အီရန်၏မြေအောက်နျူကလီးယားနေရာ Natanz ပါဝင်ပြီး Fordo နှင့် Isfahan ရှိ အဆောက်အအုံများလည်းတိုက်ခိုက်မှုများကြောင့် ပျက်စီးသွားခဲ့သည်ဟုသိရသည်။

ကနဦးတိုက်ခိုက်မှုများတွင် တီဟီရန်တွင် လူပေါင်း ၈၀ ဦးသေဆုံးပြီး ၃၂၀ ဒဏ်ရာရရှိခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်ကြောင်း အီရန်သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူများထဲတွင် အီရန်စစ်တပ် အကြီးတန်းခေါင်းဆောင်များနှင့်နျူကလီးယား ပညာရှင်များ ပါဝင်သည်။

အီရန်သည် သောကြာနေ့နှင့် စနေနေ့များတွင် အစ္စရေးနိုင်ငံကို ဒုံးကျည်လှိုင်းများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရခဲ့ပြီး အနည်းဆုံး လူ၃ ဦး သေဆုံးခဲ့သည်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.