Preview

အီရန်တွင် အစ္စရေးသူလျှိုဟု သံသယဖြစ်ခံရသူ လူ ၂၆ ဦးဖမ်းဆီးခံရ

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၂၇/ ၂၀၂၅ | ကြည့်ရှုသူ :1146
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇွန် ၂၆/ ၂၀၂၅

အစ္စရေးနှင့် အီရန် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး ရက်ပိုင်းအကြာတွင် လူ ၂၆ ဦးကို အစ္စရေးနှင့် ပူးပေါင်းပြီးလုပ်ဆောင်သည်ဟု အီရန်ထောက်လှမ်းရေးအဖွဲ့က စွပ်စွဲကာဖမ်းဆီးလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာ Fars သတင်းဌာနက ဖော်ပြသည်။

“ဒီပုဂ္ဂိုလ်တွေကို ဇီယွန်စစ်အစိုးရက မကြာသေးမီက ပြုလုပ်ခဲ့တဲ့ စစ်ပွဲတွေရဲ့ စစ်ဆင်ရေးမှာ သူတို့ကပူးပေါင်းဆောင်ရွက်ပြီး သူလျှိုလုပ်သူတွေအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် အီရန်ရဲ့ ထောက်လှမ်းရေးအဖွဲ့မှ ဖမ်းဆီးလိုက်ပါပြီ” ဟု အီရန်နိုင်ငံပိုင် မီဒီယာ Fars သတင်းဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

“ သူတို့အများစုက သူတို့ရဲ့ လုပ်ရပ်တွေကိုဝန်ခံထားပါတယ်။နိုင်ငံရဲ့ လုံခြုံရေးကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ၊ လူထုရဲ့ စိုးရိမ်မှုတွေ ပျံ့နှံ့အောင်ဆောင်ရွက်မှုတွေ၊ အဖျက်လုပ်ငန်းတွေအပါအဝင်သူတို့ လုပ်ဆောင်ခဲ့တာတွေကို ဝန်ခံထားပါတယ်” ဟု အီရန် ထောက်လှမ်းရေးအဖွဲ့ Hazrat Vali Asr Corps ၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

ယခု ဖမ်းဆီးမှုသည် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အီရန်နိုင်ငံတွင်း၌ ၎င်းတို့၏ကွန်မန်ဒိုများ လျှို့ဝှက်လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်ဦးစီးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီးနောက်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၎င်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အီရန်ထောက်လှမ်းရေးအကြီးအကဲက အမေရိကန်ထောက်လှမ်းရေး၏အကူအညီကို ချီးကျူးခဲ့သည်ဟုဆိုသည်။

အစ္စရေးအတွက် သူလျှိုလုပ်တယ်ဆိုသည့် စွပ်စွဲချက်ဖြင့် လူသုံးဦးကိုလည်း ကွပ်မျက်လိုက်သည်ဟု အီရန်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားသည်။

တီဟီရန်သည် ၎င်း၏ ရန်သူအစ္စရေး အပါအဝင် နိုင်ငံခြားထောက်လှမ်းရေးဌာနများတွင် အလုပ်လုပ်သည်ဟု သံသယရှိသောသူများကို မကြာခဏဖမ်းဆီးကွပ်မျက်ကြောင်း ပုံမှန်သတင်းထုတ်ပြန် ကြေညာလေ့ရှိသည်။

အင်္ဂါနေ့က အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်ကတည်းကအစ္စရေးနှင့် အီရန်  နှစ်နိုင်ငံစလုံးသည် ပဋိပက္ခတွင် အောင်ပွဲရရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ကြသည်။

#စစ်ရေး#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.