နိရဉ္စရာ၊ ဇွန် ၂၇/ ၂၀၂၅
ခရီးသည် ၁၅၄ ဦးနှင့်အတူ လေယာဉ်ဝန်ထမ်း ၇ ဦးကို တင်ဆောင်ထားသည့် ဘင်္ဂလားဒေ့ရှ်ဘီမန် (Biman)လေကြောင်းလိုင်းပိုင်လေယာဉ်တစ်စီးသည် သောကြာနေ့ နံနက်ပိုင်းကပျံတက်ပြီး မကြာမီ နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ဒါကာလေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု သိရှိရသည်။
ဘီမန်လေကြောင်းလိုင်း Boeing 737-800 လေယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာရှိ Hazrat Shahjalal International Airport (HSIA) လေဆိပ်မှ သောကြာနေ့ နံနက် ၈ နာရီ ၃၈ မိနစ်တွင် စင်္ကာပူနိုင်ငံသို့ထွက်ခွာပျံသန်းခဲ့ပြီး အမြင့်ပေ ၂၅၀၀ ခန့်တွင် အင်ဂျင်နှင့်ပတ်သက်သည့်ပြဿနာတစ်ရပ်ကိုတွေ့ရှိခဲ့သည်။
၎င်းနောက် လေယာဉ်မှူးသည် ဒါကာလေဆိပ်သို့ချက်ချင်းသတင်းပို့ခဲ့ပြီး အရေးပေါ်ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။
အဆိုပါလေယာဉ်သည် ပျံသန်းပြီး မိနစ် (၂၀) ခန့်အကြာ နံနက် ၈ နာရီ ၅၉ မိနစ်တွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့သည်။
လေယဉ်ပေါ်တွင်လိုက်ပါလာသည့်ခရီးသည် ၁၅၄ ဦးနှင့် အမှုထမ်းခုနစ်ဦးစလုံး ဘေးကင်းကြောင်း လေဆိပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။