Preview

ပါကစ္စတန်တွင် ရေကြီးမှုကြောင့် ကလေးငယ်၁၆ ဦးအပါအဝင် လူပေါင်း ၃၂ ဦး သေဆုံး

ခိုင်လူလှ (ရိုးမမြေ) | ဇွန် ၃၀/ ၂၀၂၅ | ကြည့်ရှုသူ :976
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇွန် ၃၀/၂၀၂၅ (နိုင်ငံတကာ)

မုတ်သုံရာသီစတင်ချိန်မှစ၍ ပါကစ္စတန်နိုင်ငံတစ်ဝှမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တစ်ပြက်ရေကြီးမှုကြောင့် ယခုသီတင်းပတ်အတွင်း ကလေးငယ် ၁၆ ဦးအပါအဝင် လူ ၃၂ ဦး သေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအရာရှိများက ပြောကြားသည်။


လွန်ခဲ့သည့် ၃၆ နာရီအတွင်း လျှပ်တစ်ပြက်ရေကြီးမှုနှင့် အိမ်ခေါင်မိုးပြိုကျမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲမှ ၈ ဦးသည် ကလေးငယ်များဖြစ်ကြောင်း ခိုင်ဘာပတ်ထွန်ခဝါ(Khyber Pakhtunkhwa) ဒေသသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။

စုစုပေါင်းသေဆုံးသူများအထဲက ၁၃ ဦးသည် အနောက်မြောက်ပိုင်း Swat တောင်ကြားမှ ဖြစ်ကြသည်။

ဗုဒ္ဓဟူးနေ့ကတည်းက နိုင်ငံ၏အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အဆိုပါ ဒေသ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်များက ပြောကြားခဲ့သည်။

blob
ပါကစ္စတန်ရေကြီးမှု/ The Frontier Post

သေဆုံးသူများအထဲက ၈ ဦးမှာ ကလေးငယ်များဖြစ်ကြပြီး မိုးသည်းထန်စွာ ရွာသွန်း၍ နံရံများနှင့် အမိုးများ ပြိုကျကာ သေဆုံးခဲ့ကြရခြင်းဖြစ်သည်။


အဆိုပါခိုင်ဘာပတ်ထွန်ခဝါတွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၅၆ လုံး ပျက်စီးခဲ့ကြောင်း သဘာဝဘေးအန္တရာယ် အာဏာပိုင်အဖွဲ့က ပြောသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းအန္တရာယ်သည် အနည်းဆုံးအင်္ဂါနေ့အထိ ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာနက သတိပေးထားသည်။

ပါကစ္စတန်သည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ကမ္ဘာ့ပေါ်တွင်အများဆုံးခံရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံအတွင်းရှိလူဦးရေသန်း ၂၄၀ သည် တိုးမြင့်လာသည့် ပြင်းထန်သောရာသီဥတုဖောက်ပြန်မှုအခြေအနေများနှင့် မကြခဏရင်ဆိုင်နေကြရသည်ဟုဆိုသည်။


#မိုးလေဝသ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.