Preview

ထိုင်းဝန်ကြီးချုပ် ပေတုန်တန် ရာထူးမှ ဆိုင်းငံ့ခံရ

သဉ္ဇာနွယ် | ဇူလိုင် ၀၁/ ၂၀၂၅ | ကြည့်ရှုသူ :595
နိုင်ငံတကာ သတင်း

သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဇူလိုင် ၁/၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှန်နာဝပ်ထရာသည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအသံဖိုင်ပေါက်ကြားခဲ့သည့်အတွက် ရာထူးမှ ဆိုင်းငံ့ခံလိုက်ရသည်ဟု သိရသည်။

လွှတ်တော်အမတ် ၃၆ ဦး၏ တောင်းဆိုလျှောက်ထားချက်အရ အဆိုပါအသံဖိုင်နှင့်ပတ်သက်ပြီး သူမကို စုံစမ်းစစ်ဆေးပြီး ဥပဒေချိုးဖောက်မှုရှိ/မရှိ ဆုံးဖြတ်ပြီးချိန်ထိ ဝန်ကြီးချုပ်ရာထူးကို ဆိုင်းငံ့ထားရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ယနေ့ ဇူလိုင်လ ၁ ရက် နေ့လယ်ပိုင်းတွင် ဆုံးဖြတ်လိုက်သည်ဟု ထိုင်းသတင်းဌာန The Nation Thailand က ဖော်ပြသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဖုန်းပြောဆိုမှုအတွင်း နိုင်ငံ၏အချုပ်အခြာအာဏာကို ထိခိုက်စေသည်ဟု စွပ်စွဲခံထားရသည့်အတွက် ပေတုန်တန်အား ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားရန် အထက်လွှတ်တော်အမတ်များက တရားရုံးကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရာထူးမှဆိုင်းငံ့ခံလိုက်ရသည့်ဝန်ကြီးချုပ်အနေဖြင့် ၁၅ ရက်အတွင်း ပြန်လည်ခုခံချေပနိုင်သည်ဟုလည်း သိရသည်။

သူမ ရာထူးမှ ဆိုင်းငံ့ခံထားရချိန် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်သူ ဆူရီယက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဟု သိရသည်။

နယ်စပ်တင်းမာမှုများကြားတွင် ကမ္ဘောဒီးယားအား ကျေနပ်စေရန် ကြိုးပမ်းခြင်းအတွက် သူမသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရသည်ဟု သိရသည်။

အဆိုပါအသံဖိုင်ပေါက်ကြားခဲ့မှုကြောင့် ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှန်နာဝပ်ထရာကို ရာထူးမှ နုတ်ထွက်ပေးရန် ထိုင်းပြည်သူများကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

အသက် ၃၇ နှစ်အရွယ် ပေတုန်တန် ရှင်နာဝပ်သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ သမီးဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

---
ကျနော်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လူကြီးမင်းတို့ရဲ့ အားပေးမှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒီလင့် https://donorbox.org/narinjara-news ကနေတဆင့် ကူညီနိုင်ပါတယ်။ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။

#နိုင်ငံရေး#ထိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.