Preview

စစ်တကောင်းတောင်တန်းနယ်ဘင်ဒရိုဘင်တွင်ဖြစ်ပွားသည့်တိုက်ပွဲတွင်  KNF နှစ်ဦးကျကာလက်နက်နှင့်ခဲယမ်းများသိမ်းဆည်းရမိဟုဆိုဘင်္ဂလားစစ်တပ်သတင်းထုတ်ပြန်

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၄/ ၂၀၂၅ | ကြည့်ရှုသူ :1021
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၄/ ၂၀၂၅

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်တောင်းတန်းနယ်၊ဘင်ဒရိုဘင် (ရွာတော်) ခရိုင်တွင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြုလုပ်သည့်စစ်ဆင်ရေးတစ်ခုတွင် ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF)နှင့် တိုက်ပွဲဖြစ်ပွားပြီး  KNF မှခေါင်းဆောင်တစ်ဦးအပါအဝင်၂ ဦး ကျဆုံးပြီးလက်နက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟုဘင်္ဂလာဒေ့ရှ်စစ်တပ်က သတင်းထုတ်ပြန်သည်။

သီးခြားစုံစမ်းထောက်လှမ်းချက်များအရဇူလိုင်၃ရက်နံနက်၅နာရီခန့်တွင်ဘင်္ဂလားဒေ့ရှ်တပ်မတော်သည်ဘန်ဒရိုဘင်ခရိုင်  Polypancha-Mulfipara ဧရိယာတွင်'KNF' လက်နက်ကိုင်အဖွဲ့ (KNA) အပေါ်စစ်ဆင်ရေးတစ်ရပ်ကိုအောင်မြင်စွာဆင်နွှဲခဲ့သည်ဟုဆိုသည်။

စစ်ဆင်ရေးပြုလုပ်စဉ်အတွင်းလက်နက်ကိုင်KNF တပ်ဖွဲ့ဝင်များ၏စခန်းချရာနေရာကို  ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက်  KNF တပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့ကြသည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

blob
blob
တိုက်ပွဲဖြစ်ပွားရာနေရာ၌ ယူနီဖောင်းဝတ်ထားသည့် KNF အဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို တပ်မတော်လှည့်ကင်းအဖွဲ့မှ တွေ့ရှိခဲ့ပြီးသေဆုံးသူနှစ်ဦးအနက်တစ်ဦးမှာKNF ဗိုလ်မှူးအဆင့်ရှိသည့်လက်နက်ကိုင်အဖွဲ့ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်Putting/Dolly ဖြစ်ကြောင်း ဖော်ပြသည်။

နောက်တစ်ဦးမှာKNF လက်နက်ကိုင်အဖွဲ့၏အခြားအဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းကနဦးသိရသည်။

စစ်ဆင်ရေးအပြီးတွင်SMG အမျိုးအစား  လက်နက်ငယ်၃လက်၊ဆီးမီရိုင်ဖယ်၁လက်၊ခဲယမ်းအမြောက်အမြားနှင့်အတူကျည်ဘောက်များ၊  KNF အသုံးပြုသည့်ယူနီဖောင်းနှင့်အရေးကြီးစာရွက်စာတမ်းများကိုအခင်းဖြစ်ပွားရာနေရာမှသိမ်းဆည်းရမိခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တပ်မတော်သည်စစ်တကောင်းတောင်တန်းရှိတိုင်းရင်းသားအားလုံး၏လုံခြုံရေးကိုကာကွယ်ရန်ကတိပြုထားပြီးအနာဂတ်တွင်လက်နက်ကိုင်အဖွဲ့များအပေါ်တင်းကျပ်သောစစ်ဆင်ရေးများဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

KNF  သည် စစ်တကောင်းတောင်တန်းနယ်တွင် လူနည်းစုများ၏ အခွင့်အရေးအတွက် လက်နက်ကိုင် တော်လှန်နေသော တပ်ဖွဲ့တစ်ခုဖြစ်ပြီး စစ်တကောင်းတောင်တန်းနယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း Bom ခေါ် ကူကီးလူမျိုးအရပ်သားများ သေဆုံးထိခိုက် ဒဏ်ရာရသူများရှိသလို အိုးအိမ်များကို စွန့်ခွာထွက်ပြေးသွားသူများလည်းရှိကြောင်း သိရှိရသည်။

ထိုအထဲမှ မိသားစု ၁၂၆ စုအား ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြန်လည် နေရာချပေးခဲ့သည်ဟုလည်း ဖော်ပြထားသည်။  

ယခုတိုက်ပွဲဖြစ်ပွားသောနေရာများသည် ရခိုင်နှင့်နယ်စပ်ချင်း ကပ်ရပ်ရှိသော တောတောင်ထူထပ်သည့် ဒေသဖြစ်ကြောင်းသိရသည်။  Source and Photo: ISPR (Bangladesh)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.