နိရဉ္စရာ၊ ဇူလိုင် ၆/ ၂၀၂၅(နိုင်ငံတကာ)
ပြီးခဲ့သည့် သုံးရက်အတွင်း အာဖဂန်နစ္စတန်မှ နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသည့် စစ်သွေးကြွ အယောက် ၃၀ ကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဇူလိုင်၄ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
အာဖဂန်နယ်စပ်၏ အသေခံ ဗုံးခွဲတိုက်ခိုက်မှုအတွင်းပါကစ္စတန်စစ်သား ၁၆ ဦး သေဆုံးခဲ့ရပြီးနောက်ယခုတိုက်ခိုက်မှုပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
စစ်သွေးကြွများသည် ပါကစ္စတန်တာလီဘန်များ(သို့မဟုတ်)၎င်းအဖွဲ့နှင့်ဆက်စပ်အဖွဲ့ဝင်များဖြစ်နိုင်သည်ဟုဆိုသည်။ ၎င်းပြင်အိန္ဒိယက ၎င်းတို့အား ကျောထောက်နောက်ခံ ပြုနေသည်ဟုလည်း ပါကစ္စတန်စစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
"လုံခြုံရေးတပ်ဖွဲ့များသည် ထူးခြားသော ကျွမ်းကျင်ပိုင်နိုင်မှု၊ နိုးနိုးကြားကြား ကြိုတင်ပြင်ဆင်မှုများနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးဆိုးများကို တားဆီးနိုင်ခဲ့ကြောင်းပြသခဲ့သည်" ဟု ပါကစ္စတန်စစ်တပ်ကပြောဆိုသည်။
“လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အမြောက်အမြားကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပါကစ္စတန်မြောက်ပိုင်း Waziristan ခရိုင်တွင် ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲတစ်ခုက စစ်တပ်အပေါ် အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်း သတ်ဖြတ်မှုသူတို့ လုပ်သည်ဟု ပါကစ္စတန် တာလီဘန်က ဝန်ခံထားသည်။