Preview

ယီမင်ကမ်းလွန်တွင် တိုက်ခိုက်ခံရသည့် သင်္ဘောမီးလောင်ပြီးနောက် သင်္ဘောသားများကို ကယ်တင်ခဲ့ရ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၇/ ၂၀၂၅ | ကြည့်ရှုသူ :1615
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၇/ ၂၀၂၅

ယီမင်နိုင်ငံ အနောက်တောင်ပိုင်း ကမ်းရိုးတန်းအနီး ပင်လယ်နီတွင်တိုက်ခိုက်ခံရသည့် သင်္ဘောမှာ မီးလောင်နေပြီး သင်္ဘောသားများမှာ သင်္ဘောကို စွန့်ခွာခဲ့ကြရပြီး နောက်ထပ်သင်္ဘောတစ်စီးက ကယ်တင်ခဲ့ရသည်။

ယခုတိုက်ခိုက်ခံရသော သင်္ဘောသည် လိုက်ဘေးရီးယားအလံတင်ထားသော Magic Seas ဖြစ်ပြီးယခုတိုက်ခိုက်ခံရမှုသည် ဧပြီလလယ်က ယီမင်ကမ်းရိုးတန်းတွင် သင်္ဘောတစ်စီးတိုက်ခိုက်ခံရပြီးနောက် ထပ်မံ ဖြစ်ပွားသည့် အဖြစ်အပျက်ဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် ယီမင်နိုင်ငံရဲ့ ဆိပ်ကမ်းမြို့ Hodeidah အနောက်တောင်ဘက် ရေမိုင် ၅၁ မိုင်အကွာတွင်တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သည်ဟု ဗြိတိန်ရေကြောင်းအေဂျင်စီနှင့် လုံခြုံရေး အေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါMagic Seas သင်္ဘောသည် သေနတ်များ၊ဒရုန်းများနှင့်တိုက်ခိုက်ခံရပြီးနောက်ဒုံးကျည်များ ထိမှန်ခဲ့ပြီးနောက်သင်္ဘော၏အမှုထမ်းများသည် သင်္ဘောကို စွန့်ခွာခဲ့ရပြီး ဖြတ်သန်းသွားလာသည့် သင်္ဘောတစ်စင်းက ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တိုက်ခိုက်သူများသည် အမြန်ယာဉ်ငယ် ရှစ်စင်းဖြင့်တိုက်ခိုက်ခဲ့ပြီး  လက်နက်ငယ်များ၊လက်ပစ်ဗုံးများ၊ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။  

ပုံစာ-ဟူသီသင်္ဘောဖျက်ဒုံးကျည် ထိမှန်ထားသောကုန်တင်သင်္ဘော Marlin Luanda ကို ၂၀၂၄ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ကမြင်တွေ့ရစဉ်။ REUTERS

#နိုင်ငံတကာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.