နိရဉ္စရာ၊ ဇူလိုင် ၇/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်၏ လူဦးရေသည် ခန့်မှန်းခြေ ၁၇၅.၇ သန်းသို့ရောက်ရှိလာပြီး ထက်ဝက်မှာ အမျိုးသမီးများဖြစ်ကြောင်းကုလသမဂ္ဂလူဦးရေရန်ပုံငွေ (UNFPA) တနင်္လာနေ့တွင် ထုတ်ပြန်သည်။
လူဦးရေ၏သုံးပုံနှစ်ပုံ (၁၁၅ သန်း) သည် အလုပ်လုပ်ကိုင်သည့်အရွယ် အသက် (၁၅နှစ်နှင့် ၆၄ နှစ်)အကြားရှိသူများဖြစ်ကြသည်ဟုဆိုသည်။
တနင်္လာနေ့တွင် မြို့တော်ဒက္ကား၊ Gulshan ဧရိယာရှိ UN အဆောက်အအုံတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် နှစ်ပတ်လည် အစီရင်ခံစာကို တရားဝင် ထုတ်ပြန်ခဲ့ရာတွင်ဘင်္ဂလားဒေ့ရှ် လူဦးရေကို ဖော်ပြသွားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ UNFPA ကိုယ်စားလှယ် Catherine Kamkong က “၂၀၂၅ ခုနှစ်စာရင်းအရ ကမ္ဘာ့လူဦးရေဟာ ၈.၂ ဘီလီယံ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေက ခန့်မှန်းခြေ ၁၇၅.၇ သန်း ရှိပြီး ထက်ဝက်က အမျိုးသမီးတွေဖြစ်ပြီး သုံးပုံနှစ်ပုံ (၁၁၅ သန်း) ဟာ အလုပ်လုပ်ကိုင်နေတဲ့ အသက်အရွယ်အုပ်စုထဲမှာ ပါ၀င်ပါတယ်။ ဒါဟာ လူဦးရေကို ထိန်းချုပ်အသုံးချဖို့ အခွင့်အလမ်းတစ်ခုပါ” ဟု ပြောသည်။
တစ်ချိန်တည်းမှာပင် လူဦးရေ၏၇ ရာခိုင်နှုန်း (၁၂ သန်း) သည် အသက် ၆၅ နှစ်နှင့်အထက်ဖြစ်ပြီး အသက်ကြီးလာမှုစတင်ခြင်း၏ အချက်ပြမှုဖြစ်သည်ဟု သူမက ဆိုသည်။
ဆယ်ကျော်သက်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လူဦးရေ ၃၃ သန်းခန့်ရှိပြီးလူဦးရေ၏ ၁၉ ရာခိုင်နှုန်းရှိကာအသက် ၁၀ နှစ်မှ ၂၄ နှစ်ကြား ပိုမိုကြီးမားသော လူငယ်အုပ်စုဖြစ်ကာလူဦးရေ၏ ၂၈ ရာခိုင်နှုန်း၊ သန်း ၅၀ နီးပါးရှိကြောင်း Catherine Kamkong က ဆက်လက်ပြောသည်။ Source: The Prothomalo