Preview

အမေရိကန် တက္ကဆက်ပြည်နယ် ရေကြီးမှုကြောင့် သေဆုံးသူ၁၀၉ ဦးအထိ မြင့်တက်လာပြီး အနည်းဆုံး ၁၆၁ ဦး ပျောက်ဆုံးနေ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၀၉/ ၂၀၂၅ | ကြည့်ရှုသူ :1126
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၈/၂၀၂၅

အမေရိကန် တက္ကဆက်ပြည်နယ် အလယ်ပိုင်းတွင်  ရုတ်တရက် ရေကြီးမှုကြောင့် ဇူလိုင် ၈ ရက် အင်္ဂါနေ့အထိ  သေဆုံးသူ ၁၀၉ ဦးရှိသွားပြီဖြစ်ကာ နောက်ထပ်  ၁၆၁ ဦးပျောက်ဆုံနေသည်ဟု သိရသည်။

တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး  Greg Abbott (R) က အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲ၌  ပြောကြားခဲ့ရာတွင်လူပေါင်း ၁၀၉ ဦးသေဆုံးမှုကိုအတည်ပြုပြီး တက္ကဆက်ပြည်နယ်၏ Kerr ကောင်တီဧရိယာတွင် ယနေ့အချိန်ထိ ပျောက်ဆုံးနေသူ  ၁၆၁ ဦး ရှိသည်ဟု  ပြောဆိုသွားခဲ့သည်။  

၎င်းပြင် သူက “ ဒီရေကြီးမှုဟာ ဟာရီကိန်းဟာဗေးထက် အဆပေါင်းများစွာ အသေအပျောက်ပိုများပါတယ်။ ဒါက တကယ့်ကပ်ဆိုးကြီးပါပဲ" ဟု  သူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။

ပြည်နယ်၏နိုင်ငံရေးအထက်တန်းလွှာခရစ်ယာန်သမီးများအတွက်ဖွင့်လှစ်ထားသည့် နွေရာသီစခန်း Camp Mystic ၌ရေလွှမ်းမိုးမှုအပြီးတွင်စခန်းချသူမိန်းကလေးငယ်များနှင့် အကြံပေး ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။  

စခန်းဝင်သူငါးဦးနှင့် အကြံပေးတစ်ဦးအပါအဝင် ၁၆၁ ဦး  ပျောက်ဆုံးနေဆဲဖြစ်သည်ဟုသိရသည်။  

တက္ကဆက်ပြည်နယ်အလယ်ပိုင်းမှာ ဇူလိုင် ၄ ရက်နေ့က ရုတ်တရက်ရေကြီးပြီး ဂွာဒါလူပီမြစ်ရေတဟုန်ထိုးမြင့်တက်လာတာကြောင့် ခုလိုအသေအပျောက်များခဲ့ရသည်။  

လက်ရှိမှာတော့ စေတနာ့ဝန်ထမ်း ၁၀၀၀ ကျော်ကရှာဖွေရေးလုပ်ငန်းများကိုဆောင်ရွက်နေပြီး ကူညီမှုများကိုလည်းဝန်ဆောင်မှုဆောင်ရွက်နေသည်ဟု သိရသည်။  Source: The Hill

#သဘာဝဘေးအန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.