နိရဉ္စရာ၊ဇူလိုင်၁၉/၂၀၂၅(နိုင်ငံတကာ)
ဗီယက်နမ်နိုင်ငံ (Halong) ဟာလောင်းပင်လယ်အော်တွင် စနေနေ့က သင်္ဘောအမှုထမ်း ငါးဦးအပါအဝင် လူ ၅၃ဦး လိုက်ပါလာသည့် ခရီးသွားမော်တော်ဘုတ်တစ်စီး တိမ်းမှောက်ခဲ့ပြီး လူ၃ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
အဆိုပါမော်တော်ဘုတ်နစ်မြုပ်မှုသည်မုန်တိုင်းWipha ဟာတောင်တရုတ်ပင်လယ်ထဲသို့ရုတ်တရက်ဝင်ရောက်ပြီးနောက်မကြာမီဒေသစံတော်ချိန်မွန်းလွဲ၂နာရီ (၀၇၀၀ဂရင်းနစ်စံတော်ချိန်) တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မုန်တိုင်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။
ကယ်ဆယ်ရေးအဖွဲ့များသည်အသက်ရှင်ကျန်ရစ်သူ၁၂ဦးကိုရှာဖွေတွေ့ရှိခဲ့ပြီးရုပ်အလောင်း၃လောင်းကိုဆယ်ယူရရှိခဲ့ကြောင်းနယ်ခြားစောင့်တပ်ကိုကိုးကား၍ဗီယက်နမ်ပြည်သူ့တပ်မတော်သတင်းစာကဖော်ပြသည်။
အာဏာပိုင်များကသေဆုံးသူများမှာနိုင်ငံခြားခရီးသွားများ (သို့မဟုတ်) ၎င်းတို့၏နိုင်ငံသားများလားဆိုသည်ကို အသေးစိတ်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ဟနွိုင်း၏အရှေ့မြောက်ဘက်ကီလိုမီတာ၂၀၀ (၁၂၅မိုင်) အကွာတွင်တည်ရှိသောHalong Bay သည်နှစ်စဉ်သောင်းနှင့်ချီသောခရီးသွားများကိုဆွဲဆောင်ထားပြီးအများစု ခရီးသွားများမှာ ညအိပ်လှေစီးပြီး လည်ပတ်လေ့ရှိသည်။
ယခုနှစ်အတွင်းတောင်တရုတ်ပင်လယ်ကိုဝင်ရောက်တိုက်ခတ်သည့်တတိယမြောက်တိုင်ဖွန်းမုန်တိုင်းWipha သည်လာမည့်သီတင်းပတ်အစောပိုင်းတွင်ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ကုန်းတွင်းပိုင်းသို့ဝင်ရောက်မည်ဟုခန့်မှန်းထားသည်။
မုန်တိုင်းနှင့်ဆက်စပ်သည့်ရာသီဥတုဖောက်ပြန်မှုများသည်လေကြောင်းခရီးကိုလည်းသက်ရောက်မှုရှိသည်ဟုဆိုသည်။
Noi Bai လေဆိပ်ကို ဆိုက်ရောက်လာမယ့် လေယာဉ်ကိုးစင်းကိုလည်း တစ်ခြားလေဆိပ်များသို့ လမ်းကြောင်းပြောင်းခဲ့ပြီးဆိုးရွားသော ရာသီဥတု အခြေအနေများကြောင့် ထွက်ခွာမည့် လေယာဉ်၃စင်းကိုယာယီရပ်နားထားကြောင်းသိရသည်။ Source: Reuters