Preview

ဘင်္ဂလားဒေ့ရှ်မှာလေ့ကျင့် ပျံသန်းနေသည့် တိုက်လေယာဉ်တစ်စီး ရုတ်တရက်ပျက်ကျခဲ့သဖြင့်လူ ၁၉ ဦးသေဆုံးပြီး ၁၆၄ ဦးဒဏ်ရာရ

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၁/ ၂၀၂၅ | ကြည့်ရှုသူ :1121
နိုင်ငံတကာ သတင်း


နိရဉ္စရာ၊ ဇူလိုင် ၂၁/၂၀၂၅ (နိုင်ငံတကာ)

ဘင်္ဂလားဒေ့ရှ်နိင်ငံတွင် လေတပ်လေ့ကျင့်ရေး လေယာဉ်တစ်စီးပျက်ကျခဲ့သဖြင့်အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၁၆၄ ဦးဒဏ်ရာရရှိခဲ့သည် ဘင်္ဂလားဒေ့ရှ် စစ်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးISPR က သတင်းထုတ်ပြန်သည်။   

၎င်းဂျက်တိုက်လေယာဉ်သည် ယနေ့ ဇူလိုင် ၂၁ ရက် နေ့လယ် ၁ နာရီ ၆ မိနစ်အချိန်တွင်  ပုံမှန်လေ့ကျင့်မှုပြုလုပ်နေစဉ်နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းများကြောင့်ပျက်ကျခဲ့ရခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြသည်။

လေယာဉ်မောင်းနေသည့်လေတပ်ဗိုလ် Md. Touqir Islam သည် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကနေရှောင်ရှားရန်အတွက် အစွမ်းကုန် ကြိုးစားခဲ့သော်လည်းကံမကောင်းစွာဖြင့် လေယာဉ်သည်ဒါကာမြို့၊ဥတရာရပ်ကွက်ရှိ Milestone စာသင်ကျောင်းနှင့် ကောလိပ်အတွင်းကို ပျက်ကျခဲ့ရသည်ဟု ဆိုသည်။

လေယာဉ်ပျက်ကျမှုအတွင်းလေယာဉ်လေယာဉ်မောင်းနှင်နေသူအပါအဝင်အဆောက်အဦထဲရှိ လူ ၁၉ ဦးသေဆုံးသွားခဲ့ရသည်။ 

အခင်းဖြစ်ပွားရာနေရာ၌ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင်မီးသတ်တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Muhammad Jahed Kamal က ကျောင်းဝင်းအတွင်း ရုပ်အလောင်း ၁၉ လောင်းကိုရှာဖွေ တွေ့ရှိထားသည်ဟုအတည်ပြုပြောဆိုသည်။  

#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.