Preview

ထိုင်းနိုင်ငံတွင် ဒရုန်းအသုံးပြီး ပစ္စည်းခိုးယူသည့် မြန်မာနိုင်ငံသားလေးဦး ဖမ်းဆီးခံရ

သဉ္ဇာနွယ် | ဇူလိုင် ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :7833
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၃/၂၀၂၅ (နိုင်ငံတကာ)

 

ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မြန်မာနိုင်ငံသားလေးဦးကို ဒရုန်းဖြင့် အိမ်များကိုစောင့်ကြည့် ထောက်လှမ်းပြီး ပစ္စည်းများခိုးယူမှုဖြင့် ဖမ်းဆီးလိုက်သည်ဟု ထိုင်းမီဒီယာများတွင်ဖော်ပြသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် လပြည့်ညပါတီ (Full-moon Party) ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး ခရီးသွားများ၏နေအိမ်အချို့ခိုးယူခံရမှု အကြိမ်ပိုများလာသဖြင့် ရဲတပ်ဖွဲ့ထံ တိုင်ကြားရာမှရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Bangkok post သတင်းတွင် ဖော်ပြထားသည်။ 

စွပ်စွဲဖမ်းဆီးခံရသူ ၎င်းတို့လေးဦးမှာ သော့မခတ်ထားသည့် နေအိမ်များနှင့် အလွယ်တကူထားရှိသည့်အဖိုးတန်ပစ္စည်းများကို ဒရုန်းများဖြင့် စောင့်ကြည့်၍ ခိုးယူခြင်းဖြစ်ပြီး ၎င်းဒရုန်းမှာလည်း နိုင်ငံခြားသားများထံမှခိုးယူထားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများမှာအသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားလေးဦးဖြစ်ပြီး ၎င်းတို့ငှားရမ်းနေထိုင်သည့် နေအိမ်၌ ဇူလိုင် ၂၂ ရက် ညနေ ၅နာရီခွဲခန့်တွင်ထိုင်းခရီးသွားရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 ယင်းအပြင်၎င်း မြန်မာနိုင်ငံသား လေးဦးထံမှ စိတ်ကြွဆေးပြား ၆၆ ပြားကိုလည်းဖမ်းဆီးရမိကြောင်း Bangkok post အရ သိရသည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.