Preview

ကမ္ဘောဒီးယားက ထိုင်းစစ်အ​ခြေစိုက်စခန်းကို စတင်ပစ်ခတ်

ခိုင်လူလှ (ရိုးမမြေ) | ဇူလိုင် ၂၄/ ၂၀၂၅ | ကြည့်ရှုသူ :3141
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဇူလိုင် ၂၄/၂၀၂၅ (နိုင်ငံတကာ)

ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များသည် နိုင်ငံအရှေ့မြောက်ပိုင်း ဆူရင်(Surin) ဒေသရှိ ထိုင်းစစ်တပ်အခြေစိုက်စခန်းတစ်ခုကို ကြာသပတေးနေ့ နံနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း ထိုင်းဘုရင့်တပ်မတော်က ပြောသည်။

ဆူရင်ခရိုင် Phanom Dong Rak ခရိုင်ရှိ တမူးတုံ ဘုရားကျောင်း ပျက်ရှေ့တွင် ကမ္ဘောဒီးယား မောင်းသူမဲ့ လေယာဉ်တစ်စင်း လှည့်ပတ်နေသည့် အသံကိုနံနက် ၇ နာရီ ၃၅ မိနစ်တွင် ကြားလိုက်ရကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ထို့နောက် ဒုံးပျံပစ်လောင်ချာများ အပါအဝင် လက်နက်များကိုင်ဆောင်ထားသည့်ကမ္ဘောဒီးယားစစ်သားခြောက်ဦးသည် ထိုင်းစစ်အခြေစိုက်စခန်းရှေ့ သံဆူးကြိုးခြံစည်းရိုးသို့ ချဉ်းကပ်လာခဲ့သည်ဟုဆိုသည်။  

ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များအား ပဋိပက္ခများ မကျယ်ပြန့်လာစစေရန် အခြေစိုက်စခန်းမှ ထိုင်းစစ်သားများကအော်ဟစ်နားချပြောဆိုခဲ့ကြသည်။

နံနက် ၈ နာရီ ၂၀ မိနစ်တွင် ကမ္ဘောဒီးယားစစ်သားများသည်တမူးတုံဘုရားကျောင်းပျက် အရှေ့ဘက် မီတာ ၂၀၀ ခန့်ရှိ ထိုင်းစစ်အခြေစိုက်စခန်းသို့ ပစ်ခတ်ခဲ့ကြောင်း ထိုင်းတပ်မတော်က ပြောသည်။

အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမှတ် (၂) စစ်ဒေသ ထိုင်းတပ်မတော်က ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ကိုပိတ်ပစ်ရန် အမိန့်ထုတ်ခဲ့သည်။(Source: Bangkok Post)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.