နိရဉ္စရာ၊ ဇူလိုင်၂၆/ ၂၀၂၅
အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF) သည် ဘင်္ဂလားဒေ့ရှ် Nakugaon နယ်စပ်မှတဆင့် အနည်းဆုံး လူ၂၁ဦးကိုသောကြာနေ့က နှင်ထုတ်ခဲ့သည်။
နှင်ထုတ်ခံရသူများအထဲတွင်အမျိုးသားငါးဦး၊အမျိုးသမီးငါးဦးနှင့်ကလေး၁၁ဦးတို့ဖြစ်ကြသည်။
၎င်းတို့အားSherpur ခရိုင်Nakugaon နယ်စပ်မှတစ်ဆင့်သောကြာနေ့အစောပိုင်းတွင်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
၎င်းနှင်ထုတ်မှုနှင့်ပတ်သက်ပြီးသတင်းရရှိပြီးနောက်အမှတ် (၃၉) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်(BGB) က၎င်းတို့အားဖမ်းဆီးခဲ့သည်။
အမှတ် (၃၉) နယ်ခြားစောင့်တပ်ကွပ်ကဲရေးမှူးဒုတိယဗိုလ်မှူးကြီးမီဟီဒီဟာဆန်ကပြန်ပို့ခံရသူများ၏အထောက်အထားများကိုစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။
BGB အဖွဲ့ဝင်များအားနယ်စပ်တွင်တရားမ၀င်ဝင်ရောက်လာမှုများကိုတားဆီးရန်အသိပေးထားကြောင်း၎င်းကပြောသည်။
New Age သတင်းဌာန၏ထုတ်ပြန်သည့်အစီရင်ခံစာအရအိန္ဒိယနိုင်ငံသည်ယခုနှစ်မေလ၇ရက်မှဇူလိုင်၁၇ရက်အတွင်းအနည်းဆုံးလူ၁,၉၃၉ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့အတင်းမောင်းထုတ်ခဲ့သည်ဟုဆိုသည်။