နိရဥ္စရာ၊ ဇူလိုင် ၂၉/၂၀၂၅
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချက်တူချက်စျေးအနီးမှာ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး သေနတ်သမားအပါအဝင် ၆ ဦးအထိ သေဆုံးပြီးအမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းပစ်ခတ်မှုသည်ယမန်နေ့ ဇူလိုင်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုအတွင်း သေနတ်သမားအပါအဝင်အမျိုးသား ၅ ဦး နှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပစ်ခတ်သူမှာ အသက် ( ၆၁ ) နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုသတ်သေသွားခဲ့သည်ဟု ထိုင်းထောက်လှမ်းရေးဗြူရို(CIB)က သတင်းထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်မှုအတွင်းသေဆုံးသူအချို့သည် ပစ်ခတ်ခဲ့သူနှင့် ၂၀၁၉ ခုနှစ်က ပုဂ္ဂိုလ်ရေးအရပဋိပက္ခရှိခဲ့ဖူး၍ မကျေနပ်ချက်ကြောင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသတွင်း ထိုင်းသတင်းဌာနများမှာ ဖော်ပြထားသည်။
(ဓာတ်ပုံ- The Nation Thailand)