Preview

ဆော်ဒီအာရေဗျတွင် ၃ရက်အတွင်း လူ ၁၇ ဦးကွပ်မျက်ခံရ

ခိုင်လူလှ (ရိုးမမြေ) | သြဂုတ် ၀၅/ ၂၀၂၅ | ကြည့်ရှုသူ :1631
နိုင်ငံတကာ သတင်း

နိရဉ္စရာ၊ ဩဂုတ် ၅/ ၂၀၂၅

ဆော်ဒီအာရေဗျသည် ၃ရက်အတွင်း လူ ၁၇ ဦးကို ကွပ်မျက်ခဲ့ပြီး ယခုနှစ်တွင် စုစုပေါင်း ကွပ်မျက်မှု အရေအတွက်မှာ ၂၃၉ ဦးအထိ တိုးမြင့်လာခဲ့သည်ဟုFrance 24 တွင် သတင်းဖော်ပြထားသည်။

ယခုသတ်ဖြတ်မှုသည်၂၀၂၂ ခုနှစ်နောက်ပိုင်း ဆော်ဒီ၏အလျင်မြန်ဆုံး ပြစ်ဒဏ်ချမှတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ယခုကွပ်မျက်မှုအပါ် လူ့အခွင့်အရေးအဖွဲ့များမှ စိုးရိမ်မှုများ ဖြစ်ပေါ်စေပြီး အိမ်ရှေ့မင်းသား Mohammed bin Salman လက်ထက်တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးအပေါ် အရိပ်မဲထိုးကျခဲ့သည်ဟုဆိုသည် 

ရှေးရိုးဝါဒီဆော်ဒီအာဏာပိုင်များ၏စံချိန်တင်သေဒဏ်ပေးမှုသည်ယခုနှစ်အတွင်း အရှိန်မြှင့်လာပြီး တနင်္လာနေ့ကလူ ၂ ဦးကို ထပ်မံ ကွပ်မျက်ခဲ့ပြီးနောက် သုံးရက်အတွင်းကွပ်မျက်ခံရသူ  ၁၇ ဦးအထိရှိသည် ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ဖော်ပြောကြားသည်။

စနေနေ့နှင့် တနင်္ဂနွေနေ့တွင် မူးယစ်ဆေးဝါးမှုဖြင့် နိုင်ငံခြားသား ၁၅ ဦးကို ကွပ်မျက်ခဲ့ပြီးနောက်ဆော်ဒီနိုင်ငံသားနှစ်ဦးကို အကြမ်းဖက်ရာဇ၀တ်မှုများဖြင့်တနင်္လာနေ့က  ထပ်မံကွပ်မျက်လိုက်ကြောင်း ဆော်ဒီအာရေဗျသတင်းဌာနက သတင်းထုတ်ပြန်သည်။

ဝေဖန်ရှုတ်ချမှုများ ကျယ်ပြန့်စွာဖြစ်ပေါ်ခဲ့သည့် တစ်ရက်အတည်းအတွင် အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော ပြစ်မှုများအတွက် လူပေါင်း ၈၁ ဦး ကွပ်မျက်ခဲ့သည့် ၂၀၂၂ခုနှစ် မတ်လမှ စပြီး ကြီးလေးသောပြစ်ဒဏ်များချမှတ်မှုများမှာအရှိန်မြန်လာခဲ့သည်ဟု ဆိုသည်။  

ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှု အများဆုံးအသုံးပြုသည့်နိုင်ငံများအထဲက တစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျသည် ယခုနှစ်အတွင်း လူပေါင်း၂၃၉ ဦး ကွပ်မျက်ထားပြီ ဖြစ်ကာ ယမန်နှစ်က ကွပ်မျက်ခဲ့သည့် လူပေါင်း ၃၃၈ ဦးကို ကျော်တက်ရန် လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဆော်ဒီအာရေဗျသည်အပြစ်ကျသူများအား ကွပ်မျက်သည့်အလေ့အထကို  သုံးနှစ်ခန့် ဆိုင်းငံ့ထားပြီးနောက် ၂၀၂၂ခု နှစ်ကုန်တွင်မူးယစ်ဆေးဝါးမှုဆိုင်ရာနှင့်ပြစ်ဒဏ်ကျသူများကို ကွပ်မျက်မှုဖြင့် ပြန်လည်စတင်ခဲ့သည်။

ယခုနှစ် ကွပ်မျက်မှုတွင် မူးယစ်ဆေးဝါးဖြင့်ကျူးလွန်မှု ၁၆၁ မှုရှိပြီးနိုင်ငံခြားသား ၁၃၆ ဦး  ပါဝင်သည်ဟုသိရသည်။ Source: France 24 and Photo: Al Jazeera

#လူမှုရေးရာ#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.