Preview

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရသလဲ

စက်တင်ဘာ ၀၄/ ၂၀၁၉ | ကြည့်ရှုသူ :5250
အင်တာဗျူး

နိရဥ္စရာ၊ စက်တင်ဘာ ၃/၂၀၁၉ (အင်တာဗျူး)

( ကော်မတီထဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ၇ခိုင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်ကို မေးမြန်းတင်ပြလိုက်ပါသည်။)

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ ၇ခိုင်အမျိုးသားပါတီ(ANP)ကနေ  ပါဝင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်ကြတဲ့ ကျောက်တော်မြို့နယ် အမှတ်(၅) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်နဲ  ပေါက်တောမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကို်ယ်စားလှယ် ဦးအောင်ကျော်ဇံတို့ နှစ်ဦးဟာ  ကော်မတီဥက္ကဋ္ဌထံကို စက်တင်ဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းက နုတ်ထွက်စာတင်လိုက်ကြပါတယ်။

သူတို့နုတ်ထွက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ဆက်လက် မပါဝင်သင့်တော့ဘူးလို့ ရခိုင်အမျိုးသားပါတီကနေသဘောထား ပေးလာတဲ့ အတွက် ဖြစ်တယ်လို့  သူတို့နှစ်ဦးရဲ့ နုတ်ထွက် လွှာမှာ ဖော်ပြထားပါတယ်

ရခိုင်အမျိုးသား ပါတီ (ANP) ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း “ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၌ ရခိုင်အမျိုးသားပါတီ အပါအဝင် အခြားတိုင်းရင်းသားပါတီများလိုလားသည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍမှာ ပီပြင်စွာ ပါဝင်နိုင်ရန် အခြေအနေ မရှိတော့သည့်အပြင် ဗဟိုချုပ်ကိုင်မှု စနစ်ကျင့်သုံးပြီး လက်ရှိ အာဏာရပါတီ၏ တည်မြဲရေးကိုသာ ရည်ရွယ်နေကြောင်း တွေ့မြင်လာရသည့်အတွက် ရခိုင်အမျိုးသား ပါတီကိုယ်စားလှယ် နှစ်ဦးအား ဆက်လက်ပါဝင်နေရန် မလိုအပ်တော့၍ ယခုကဲ့သို့ ပယ်ဖျက်လိုက်၇ခြင်းဖြစ်သည်” လို့ ဖော်ပြထားပါတယ်။
 
ဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကနေ ၇ခိုင်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကို အချက် (၂) ချက်ကို မေးမြန်းပြီး တင်ပြပေးလိုက်ပါတယ်။

မေး- ဆရာတို့ကလေ အခြေခံဥပဒေပြင်ဆင်ရေး ကော်မတီမှာ ဆရာတို့က ကိုယ်တိုင် ပါဝင်နေကြတယ်လေ။ ပါဝင်နေတဲ့ အခါကျတော့ ဆရာတို့ လုပ်ငန်းဆောင်ရွက်တဲ့ နေရာမှာ အဲဒီကော်မတီထဲမှာ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံနေရပါလဲဆရာ။ အဲ့ဒီအခက်အခဲတွေကို သိချင်လို့ပါ။

ဖြေ- အဓိကအခက်အခဲလို့ပြောလို့၇တဲ့ ဟာတော့ ကျနော်တို့က အဲ့ဒီမှာ ၄၅ ဦးကော်မတီမှာ ကျနော်တို့ ဥပဒေကြမ်းမှာပါလာမဲ့ အချက်လေးတွေကို မဲခွဲဆုံးဖြတ်တဲ့အခါကျတော့  သူတို့က လွှတ်တော် ဥပဒေအတိုင်းပဲ ၄၅ဦး မဲပေးရတဲ့ စနစ်ကို သွားတယ်ခင်ဗျာ။ အဲ့ဒီတော့ ကျနော်တို့က အဲ့ဒီမှာ ကျနော်တို့ အဲ့လိုသာပေးလို့ရှိရင် ကျနော်တို့ပါတီ တိုင်းရင်းသားပါတီလေးတွေက တင်ပြတဲ့အချက်လေးတွေပေါ့။ အဲ့အချက်လေးတွေက မူကြမ်းထဲမှာပါလာနိုင်စရာ မရှိဘူး။ အဲ့ဒါကြောင့် ကျနော်တို့က အဲ့ဒီမှာရှိတဲ့ စုဖွဲ့ ၁၆ဖွဲ့ရှိတယ်။ အဲ့ဒီ ၁၆ဖွဲ့က မဲပေးရအောင် ဆိုပြီးတော့ ကျနော်တို့ကတောင်းဆိုခဲ့တယ်။ အဲ့မှာတောင်းဆိုခဲ့တဲ့ဟာကို အဲ့မှာလုပ်ထုံလုပ်နည်းမှာပါတဲ့ အတိုင်းပဲသွားမယ်။ လွှတ်နည်းဥပဒေ ဥပဒေအရပဲသွားမယ် ဆိုတဲ့ဟာကို သူတို့ကပြောတာရှိပါတယ်။ သွားတဲ့အခါကျတော့ ပထမတရက် ပုဒ်မ ၆ခုကို ဆွေးနွေးတဲ့အချိန်မှာ NLD ကတင်တဲ့ဟာတွေပဲ NLD ကထောက်ခံတဲ့ ဟာပဲ နိုင်သွားတဲ့ ဟာတွေရှိပါတယ်။ ကျနော်တို့တိုင်းရင်းသားတွေတင်တဲ့ဟာ အချက်တွေက ဘာတစ်ခုမှ မရတဲ့ အဆင့်ကိုရောက်သွားပါတယ်။ အဲ့ဒီတော့ ကျနော်တို့က ရှေ့ဆက်သွားလို့ရှိရင်လည်း ကျနော်တို့ တိုင်းရင်းသားတွေတင်တဲ့ ဟာတွေက ကျနော်တို့ တိုင်းရင်းသား အာဘော်တွေ ပါလာမှာမဟုတ်ဘူးဆိုတဲ့ ဟာကို ကျနော်တို့က သုံးသပ်မိတယ်။ အဲ့ဒါကြောင့်မို့ နောက်နေ့ကျတော့ ပါတီကို တင်ပြတယ်။ ပါတီကို တင်ပြတော့ ပါတီကလည်း တစ်ရက်လောက်စောင့်ကြည့်ပါအုံး ဆိုလို့ နောက်ထပ်ဆွေးနွေးမဲ့ဟာတွေကို ကျနော်တို့က စောင့်ကြည့်ပါတယ်။ စောင့်ကြည့်ပြီးတော့မှ ပါတီရဲ့ဆုံးဖြတ်ချက်အတိုင်းပဲ ကျနော်တို့ ဆောင်ရွက်၇တာဖြစ်ပါတယ်ခင်ဗျာ။

မေး- ဟုတ်ကဲ့ဆရာရယ် အဲ့ဒီတော့ ဆရာတို့က ဘယ်နှစ်ချက်တင်ပါလဲဆရာ။ တိုင်းရင်းသားတွေဘက်က ဘယ်နှစ်ချက်တင်တာကို သူတို့ကခွင့်မပြုတာပါလဲ။
ဖြေ- ကျနော်တို့ တိုင်းရင်းသားတွေ တင်တာအများကြီးဘဲလေ။ ၃၇၆၅ ထဲမှာ ကျနော်တို့ တိုင်းရင်းသားပါတီက တင်တဲ့ဟာအများဆုံးဘဲ။ NLD ကတင်တဲ့ဟာ တစ်ရာကျော်ဘဲရှိတယ်ခင်ဗျာ။ ၄၅ဦးကော်မတီမှာ အခြေအနေက ကျနော်တို့ ၄၅ ဦးမှာ NLD က (၁၈ +၂ ) ပေါ့ ခင်ဗျာ။ (၁၈+၂)ဆိုတော့ ဥက္ကဋ္ဌ ၂ ယောက်ရယ်၊ NLD က ၁၈ယောက်ပါ ပါတယ်ခင်ဗျာ။ ကျန်တာတော့ တပ်မတော်က ၈ယောက်ရှိတယ်။ ကျနော်တို့ပါတီက ၂ ယောက်ရှိတယ်။ ကျန်တဲ့ပါတီဝင်လေးတွေက ၁ ယောက် ၁ယောက်စီရှိတယ်။ အများဆုံး တစ်ဝက်နီးပါးလောက်ကတော့ NLD ကဖြစ်နေတယ်ခင်ဗျာ။ ကျနော်တို့က ဘာဘဲဖြစ်ဖြစ် မဲပေးတဲ့အခါကျရင် အများစုက ရှိတဲ့လူပဲ အနိုင်၇ဖို့ဆိုတာ ကျိန်းသေပြီးသားပါ။ ဘယ်သူကို မေးမေး သိသာတဲ့ အချက်ပါ။ 

(ပြီး)

#လွှတ်တော်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.