ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့မှ ပြန်လာသည့် ကျောင်းသားကျောင်းသူများထဲမှ စစ်တွေဇာတိဖြစ်သူ ကိုနေအောင်ခိုင်နှင့် ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 3.1k

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာသတင်းဌာန၊ ဖေဖော်ဝါရီ ၄/၂ဝ၂ဝ

ကိုရိုနာဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပွားနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ မြန်မာပြည်သို့ အစိုးရအစီအစဉ်ဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်တွင် ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့သည့်ကျောင်းသူ/သား ၅၉ ဦးထဲတွင် ရခိုင်မှ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူနှစ်ဦး၊ စုစုပေါင်း သုံးဦးပါဝင်ကြောင်း သိရသည်။

သူတို့သုံးဦးမှာ စစ်တွေမြို့မှ ကိုနေအောင်ခိုင်၊ တောင်ကုတ်မြို့မှ မသက်ရီဇင်နှင့် မြေပုံမြို့မှ မအေးအေးဇံတို့ဖြစ်သည်။

သူတို့သုံးဦးသည်လည်း ဝူဟန်မှခေါ်ဆောင်လာသည့်ကျောင်းသူ၊ ကျောင်းသားများနှင့်အတူ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကစီစဉ်ပေးထားသော မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးသန့်အခန်းများဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို ခံယူလျက်ရှိနေကြသည်။

အဆိုပါကျောင်းသူ၊ ကျောင်းသားများ လက်ရှိနေထိုင်နေရသည့်အခြေအနေများနှင့် သူတို့၏ ပညာရေးအခြေအနေများကို စစ်တွေဇာတိဖြစ်သူ ကိုနေအောင်ခိုင်နှင့် နိရဉ္စရာသတင်းဌာနတို့ ဆက်သွယ်မေးမြန်းဖြစ်ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

(ကိုနေအောင်ခိုင်သည် ဝူဟန်မြို့ရှိ ZHONGNAN UNIVERSITY OF ECONOMICS & LAW တက္ကသိုလ်၌ Master of Intellectual Property Law of Program တွင် ပထမနှစ်ဝက်စာမေးပွဲကို ဖြေဆိုထားသူဖြစ်သည်။)
 
မေး။    ။ ကိုနေအောင်ခိုင်ခင်ဗျား။ အဲဒီက ထွက်လာတုန်းက အဲဒီဘက်မှာ ဘာတွေ စစ်ဆေးခံခဲ့ရလဲ။ ဒီဘက်ကိုရောက်တော့ကော ဘယ်လိုမျိုးတွေ စစ်ဆေးခံခဲ့ရပါသလဲ။
ဖြေ။    ။ အခြေအနေကတော့ ကျနော်တို့ကျောင်းဟာ နေပြီးတော့ ငါးကျောင်း၊ ခြောက်ကျောင်းလောက် ရှိပါတယ် ဝူဟန်မှာ။ တက်နေကြတာ ငါးကျောင်း။ ခြောက်ကျောင်းလောက်ရှိတယ်။ အဲဒီကျောင်းက ကျောင်းသား အားလုံးဟာ ၅၉ ယောက်လောက်ရှိပါတတယ်။ ကျနော်တို့ကျောင်းမှာဆိုရင် ကျနော်နဲ့ အတူပါလာတာက သုံးယောက်ပါ။ ကျနော်အပါအဝင်ဆို လေးယောက်ပေါ့လေ။ ကျနော်ပြောပြချင်တာက အခြေအနေကို ပြောပြချင်တာပါ။ အခြား ငါးကျောင်းလောက်ရှိတယ်။ အဲဒီထဲမှာ စုစုပေါင်း ၅၉ ယောက်၊ ကျနော်တို့ ကျောင်းမှာဆိုရင် လေးယောက်ပါတယ်။ မိန်းကလေးသုံးယောက်၊ ပြီးရင် ကျနော် ယောက်ျားတစ်ယောက်တည်း။ မိန်းမတစ်ယောက်မှာတော့ အိမ်ထောင်ရှိတယ်။ သားလေး တစ်ယောက်ပါတယ်။ လာတဲ့အခါ ကျောင်းထဲမှာ၊ ကျနော်တို့ နေရတဲ့အခြေအနေက ကျောင်းထဲမှာဆို အဆောင်ထဲမှာနေရပါတယ်။ အပြင်ကိုလည်း မထွက်ရဘူး။ ကျောင်းဝင်းထဲမှာတောင် မထွက်ရဘူး။ ကျောင်းအဆောင်ထဲမှာနေရပါတယ်။ ဆိုတော့ အဲဒီကနေ လေဆိပ်ကိုရောက်တဲ့အခါ ကျနော်တို့ကို စစ်ပါတယ်။ စစ်တယ်ဆိုတာက အပူချိန်လောက်ကိုပဲ စစ်ပါတယ်။ ဟိုလိုမျိုး သွေးစစ်တာတို့ ဘာတို့တော့ မရှိပါဘူး။ အခြားသူတွေကိုတော့ Scan တွေနဲ့ဖတ်သလားတော့ မပြောတတ်ဘူးလေ။ ကျနော်တို့ကိုတော့ စစ်တဲ့အခါ စာရွက်တွေမှာ နှစ်ပတ်အတွင်းမှာ ချောင်းဆိုးသလား၊ နေမကောင်းဖြစ်လား၊ အဖျားတက်သလား၊ အဲလိုမျိုးစစ်ပါတယ်။ အဲဒါကို ကျနော်တို့က မဖြစ်ဘူးဆိုရင် မဖြစ်ဘူးဆိုတာကို စာမှာ အာမခံချက် လက်မှတ် ထိုးပြီးတော့ ဖြေရပါတယ်။ ပြီးတော့ ကျနော်တို့ကို သိပ် မစစ်ပါဘူး။ ဝူဟန်လေဆိပ်မှာလည်း သိပ် မစစ်ဘူး။ အဲလိုမျိုး အာမခံချက်တော့ လက်မှတ်ရေးထိုးပြီးတော့ ထားခဲ့ရပါတယ်။ ဒီလောက်ထိလည်း တင်းတင်းကျပ်ကျပ်တော့ ကျနော်တို့ကို စစ်လား၊ ဆေးလားတော့ မရှိပါဘူး။ ဆိုရင် လေယာဉ်ပေါ်ကို ရောက်တဲ့အခါမှာ လေယာဉ်ပေါ်ကို မတက်ခင်တော့ မြန်မာလေယာဉ်က လေယာဉ်မှူးတွေက ကျနော်တု့ိကို အပူချိန်တိုင်းတာရေးကိရိယာနဲ့ တိုင်းပါတယ်။ တိုင်းတော့ လေဆိပ်မှာ တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ လေဆိပ်မှာ တစ်ခုတော့ ဖြစ်ခဲ့တာက သူတို့မှာ အပူချိန်ရှိတယ်ဆိုပြီးတော့ သူတို့ကို မြန်မာပြည်ကို မလွှတ်ဘူး။ နှစ်ယောက်ဟာ နောက်မှာ ကျန်ခဲ့တယ်လေ။ သူတို့တွေက စိတ်လှုပ်ရှားနေလို့ပါတဲ့။ စိတ်လှုပ်ရှားနေလို့ သူတို့ဟာ နောက်မှာ ကျန်ခဲ့တယ်။ ကျနော်တို့ကတော့ လာခဲ့တယ်။ နောက်နေ့တွေမှာ သူတို့က လိုက်လာလား၊ ကျန်ခဲ့ကြလားတော့ မပြောတတ်ဘူးကျနော်လည်း။ ကျနော်က ထွက်လာပြီဆိုတော့။

မေး။    ။ အစ်ကိုတို့လာတုန်းက ဘယ်နှစ်ယောက်ပါလဲ။
ဖြေ။    ။ ၅၉ ယောက်ပါတယ်လို့ ပြောပါတယ်။

မေး။    ။ မြန်မာပြည်ကိုရောက်တော့ကော လေဆိပ်တွေမှာ ဘာတွေမှာ စစ်ဆေးသေးလား။
ဖြေ။    ။ ရန်ကုန်လေဆိပ်ကိုရောက်တဲ့အခါ သိပ်မရှိပါဘူး။ ဒီကလူတွေက သတင်းတွေမှာ အမျိုးမျိုး ဖြစ်နေကြလို့ပါ။ အဲလောက်ထိလည်း ကျနော်တို့ကို တင်းတင်းကျပ်ကျပ်နဲ့လေ။ သွေးကိုစစ်လိုက်၊ ဆီးကိုစစ်လိုက်နဲ့ အသည်းအသန်မရှိဘူး။ နဖူးလေးလောက်ကို ကိရိယာလေးတစ်ခုနဲ့ စမ်းသပ်တာလောက်ပဲ လုပ်တာပါ။ လေဆိပ်ကိုရောက်တော့ ကျနော်တို့ကို ကားနဲ့ လာကြိုတယ်သီးသန့်။ သီးသန့်ကားနဲ့ လာကြိုပြီးတော့ ဆေးရုံကိုတစ်ခါတည်း တန်းမောင်းပါတယ်။ မန္တလေးက အဲဒီ ကန်တော်နဒီဆေးရုံကို တစ်ခါတည်း တန်းမောင်းတယ်။ ကန်တော်နဒီဆေးရုံကိုရောက်တဲ့အခါ ကျနော်တို့ကို သီးသန့်အခန်းထဲမှာ နှစ်ယောက်တစ်ခန်းစီ၊ နှစ်ယောက်တစ်ခန်းစီ ထားပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ကိုယ့်ဟာ ကိုယ် တစ်ယောက်တည်းနေတယ်။ ယောက်ျားလေးတွေက နည်းနည်းလေးပါတယ်။ မိန်းကလေးတွေကတော့ များတယ်။ ဆိုတော့ ကျနော်တို့ကိုတော့ နာ့စ်မတွေကတော့ လာပြီးတော့ တစ်ခေါက်စီ နားကို အပူတိုင်းပါတယ်။ လေဆိပ်မှာကျတော့ သေနတ်လေးလိုဟာမျိုးနဲ့ နဖူးကို အပူတိုင်းတယ်။

မေး။    ။ ဆိုတော့ အခုလက်ရှိမှာကော အစ်ကိုတို့ အဲဒီမှာ နေရသေးလား။
ဖြေ။    ။ ဟုတ်ပါတယ်။ ကျနော်တို့ကို ဒီမှာ ၁၄ ရက်ထားမယ်လို့ ပြောတယ်လေ။ ဒီ ကန်တော်နဒီဆေးရုံဆိုတာက မန္တလေးဆိုလို့ရှိရင် ကူးစက်ရောဂါဆေးရုံပါတဲ့။ ကျနော်တို့ကို ထားတာက ဘယ်မှာထားလဲဆိုတော့ မန္တလေးတိုင်းဒေသကြီး ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက စီစဉ်ပေးတာပါတဲ့။ မန္တလေးတိုင်းဒေသကြီး ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျနော်တို့ကို ကန်တော်နဒီဆေးရုံမှာ စီစဉ်ပေးထားတယ်။

မေး။    ။ ဆိုတော့ အဲဒီမှာနေရတာကော အဆင်ပြေရဲ့လား။ အစစအရာရာပေါ့။ ဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ။    ။ အခက်အခဲတော့မရှိပါဘူး။ ကျနော်တို့ကို ဒီမှာ စည်းကမ်းချက်တွေတော့ ထုတ်ပေးထားပါတယ်။ စည်းကမ်းချက်တွေတော့ ထုတ်ပေးထားတာက ဘာလဲဆိုတော့ လိုက်နာရမယ့်စည်းကမ်းချက်တွေက နှာခေါင်းစည်းမတပ်ဘဲ တစ်ခါတည်း အခန်းထဲမှာပဲ နေရမယ်ပေါ့။ လူတွေနဲ့စကားမပြောရဘူး။ သီးသန့် သီးခြားနေရမယ်။ အဲဒါ စကားမပြောဘဲနေရမယ်။ ပြီးတော့ Mask ကို တပ်ထားရမယ်ပေါ့။ ပြီးရင် ထမင်း စားမယ်ဆိုရင်လည်း စကားမပြောရဘူး။ ဟိုကနေ ကျနော်တု့ိကို Speaker ကနေ စကားပြောတယ်။ လာယူလို့ရပြီဆိုတဲ့အခါမှ အဲလို သွားပြီးတော့ Mask တပ်ပြီး သွားယူရတယ်။ ဒီကနေ ကျနော်တို့ အထဲခန်းကနေ အပြင်ကိုတောင် ထွက်လို့မရဘူး။ ကျနော်တို့ကို သော့ခပ်ထားတယ်။ ဆေးရုံထဲမှာပေါ့လေ။ ဆေးရုံထဲမှာ အခန်းထဲမှာပဲ နေရပါတယ်။ သူတို့ကပြောတယ်။ အဆောင်အတွင်းမှ အပြင်သို့ လုံးဝထွက်ခွင့်မရှိပါတဲ့။ မိသားစု၊ ဧည့်သည်များ လုံးဝ လာရောက်တွေ့ဆုံခွင့်မရှိပါတဲ့။

မေး။    ။ ဖုန်းတွေဘာတွေတော့ ပြောလို့ရတယ်ပေါ့။
ဖြေ။    ။ ရပါတယ်။ ဖုန်းပြောလို့ရပါတယ်။ စီစဉ်ပေးတာတော့ အားလုံး စီစဉ်ပေးထားတယ်ကျနော်တို့ကို။ အခန်းအတွင်းမှာ ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ရေနွေးဓာတ်ဗူး အားလုံး အဆင်သင့် လုပ်ပေးထားတယ်။ ဖုန်းကတ်တွေကအစ လုပ်ပေးထားပါတယ်။ Wifi တွေလည်း တပ်ပေးထားတယ်။ အင်တာနက်ဆက်သွယ်လို့ရအောင်။ ပြီးတော့ မနက်ဘက် မုန့်ကျွေးတယ်။ နေ့ခင်းဘက်ထမင်းလည်း ကျွေးတယ်။ ညနေစာလည်း ကျွေးတယ်။ မိန်းမတွေအတွက်ဆိုရင်လည်း လစဉ်သုံးကိုလည်း Locker ထဲမှာ ထည့်ပေးထားတယ်။ ရေသန့်ဗူးတွေလည်းပဲ။ အစစအရာရာတော့ အဆင်ပြေအောင်တော့ လုပ်ပေးထားပါတယ်။

မေး။    ။ ဆိုတော့ အဲဒီမှာ ၁၄ ရက်နေပြီးရင် အစ်ကိုတို့ကို ဘာဆက်လုပ်သွားဖို့ ပြောလဲ။ ဥပမာ - ပြန်ပို့မလား။
ဖြေ။    ။ ကျနော်တို့ကိုတော့ ပြန်မပို့ဘူး။ ပြန်ပို့ဖို့အစီအစဉ်ကိုတော့ ကျနော်တို့ကို မပြောခဲ့သေးဘူး။ ကျနော်ကတော့ထင်တယ်။ ကိုယ့်စရိတ်နဲ့ကိုယ်ပြန်ပြီး ဟိုမှာကျောင်းဖွင့်ရင် ကိုယ့်ဟာနဲ့ ကိုယ်သွားရမယ်လို့တော့ ထင်ပါတယ်။

မေး။    ။ ဆိုတော့ အဲဒီမှာ ၁၄ ရက်နေပြီးရင် အစ်ကိုတို့က ဘယ်လို ဆက်လုပ်သွားဖို့ရှိလဲ။
ဖြေ။    ။ ကျနော်က ဒီမှာ၊ ရန်ကုန်မှာ လုပ်နေတာဆိုတော့ စစ်တွေကိုတော့ မလာတော့ဘူး။

မေး။    ။ ဆိုရင် အစ်ကိုတို့မှာ အဲဒီမှာ ကျောင်းတက်နေရတယ်ဆိုတော့ အစ်ကိုတို့မှာ ပညာရေးထိခိုက်သွားတာကော ရှိလား။ ဘယ်လိုထိသွားပါသလဲ။
ဖြေ။    ။ ပညာရေးထိခိုက်လားဆိုတော့ ကျနော်တို့မှာ ဒုတိယနှစ်ဝက်ပါ။ အခုကာလက ကျောင်းပိတ်ထားတဲ့ကာလပါ။ ပထမနှစ်ဝက်ပြီးလို့ ဒုတိယနှစ်ဝက်တက်ရမယ်လေ။ ဆိုတော့ ကြားမှာ ကျနော်တို့ကို တစ်လပိတ်ထားတာပါ။ တစ်လဟာ ဖေဖော်ဝါရီ ၁၄ မှာ ဒုတိယနှစ်ဝက် ပြန်ဖွင့်မှာပါ။ ဒီဝူဟန်ဗိုင်းရပ်စ်မဖြစ်ခင် တစ်ပတ်လောက်က ကျောင်းသားတွေ ကျောင်းပြီးကြလို့ဆိုပြီးတော့ ကျောင်းပိတ်ရက်ဆိုပြီးတော့ တချို့တစ်ဝက်က ပြန်လာကြပါတယ်။ တချို့တဝက်ဆိုတာထက် များသောအားဖြင့် ကိုယ့်နိုင်ငံကိုယ် ပြန်သွားကြတယ်လေ။ ကျနော်ကတော့ မပြန်လို့ ကျန်ခဲ့တာပါ။ အဲဒီမှာကျန်ခဲ့တဲ့ကျောင်းသားတွေကတော့ ကိုယ့်ဆီ မပြန်ဆိုပြီး ကျန်ခဲ့တာ။ တချို့ကကျတော့ Ph.D တွေဖြစ်လို့ ကျမ်းပြုစုပြီး ကျန်ခဲ့တာ။ ကျနော်ဆိုရင်လည်း ဒီမှာပဲနေလိုက်မယ်။ တစ်လကို ကိုယ့်ဆွေမျိုး တွေဆီ မလည်တော့ဘူးဆိုပြီး ကျနော်က ကျန်ခဲ့တာ။ အဲလိုပါ။ ဆိုတော့ ကျောင်းစည်းကမ်းချက်အနေနဲ့ဆို ၁၄ ရက်နေ့မှာပြန်ဖွင့်မယ်ဆိုတော့ အခုလို ပြဿနာဖြစ်လာတဲ့အခါမှာ သူတို့ဟာ အဲဒီကျောင်းချိန်ကို ၁၄ ရက်နေ့မှာ မလာကြနဲ့ဦး။ မင်းတို့လာရမှာကို ငါတို့ ပြန်ပြီး အကြောင်းကြားပေးမယ်ဆိုပြီးတော့ သူတို့က စာက အတိအကျတော့ မထုတ်သေးဘူး။ အဲဒီအချိန်စာရင်းနောက်ဆုတ်လိုက်တာကိုပေါ့လေ။ ကျောင်းဖွင့်မယ့် အချိန် နောက်ဆုတ်လိုက်တာကိုပဲ ပြောတယ်။ ဘယ်နေ့မှတက်ရမယ်ဆိုတာတော့ မပြောဘူး။ ဆိုတော့ ကျနော်တို့  ကျောင်းသားတွေ အနေနဲ့ဆိုလို့ရှိရင် ဘာဖြစ်သွားလဲဆိုတော့ ဒုတိယနှစ်ဝက် ကျောင်းတက် ရမယ့် ကာလဟာ နောက်ဆုတ်သွားတယ်လေ။ ကျောင်းဖွင့်မယ့် အချိန်နောက်ဆုတ် သွားတယ်ပေါ့လေ။ ဆိုတော့ အခုအခြေအနေအရဆိုရင် ဖေဖော်ဝါရီလကုန်ရင်တောင်မှ သူတို့ မပြောနိုင်ဘူး။ မတ်လမှာ ပြောဖို့ဆိုရင်တောင်မှ မတ်၊ ဧပြီ၊ မေဆိုရင်တောင်မှ ကျောင်းတက်ချိန်ဟာ နည်းသွားပြီး ဒုတိယ နှစ်ဝက်အတွက်ကို အချိန်မလောက်မငဖြစ်သွားမယ်လို့ ထင်ပါတယ်။ ဒီဒုတိယနှစ်ဝက် တစ်ဝက်လုံးဟာ သူတို့တွေ အလုပ်တွေရှုပ်လို့ ကျောင်းမဖွင့်နိုင်ဆိုရင် နောက်တစ်နှစ်ကူးသွားမယ်လေ။ ကျောင်းဖွင့် ကာလအစအချိန်မှ ပြန်ပြီး တက်ရမယ့်သဘောမျိုးရှိပါတယ်အခြေအနေက။ တစ်နှစ်မှာ နှစ်ကြိမ်ရှိတာလေ။ ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်ရှိတာမှာ ပထမနှစ်ဝက် ပြီးသွားတယ်။ ဒုတိယနှစ်ဝက်ကျန်တာကို ပိတ်သွားတယ်ဆိုတော့ ဒုတိယနှစ်ဝက်ဟာ ပိတ်သွားမလားမသိဘူး။

မေး။    ။ အစ်ကိုက အဲဒီမှာ ဘာကျောင်းတက်တာလဲ။
ဖြေ။    ။ ကျနော်က ဥပဒေပါ။ ကျနော်တက်တဲ့ဥပဒေက မူပိုင်ခွင့်ဥပဒေလို့ ခေါ်ပါတယ်။ မူပိုင်ခွင့် ဥပဒေဆိုတာက ကျနော်တို့မှာဆိုရင် အသိဥာဏ်ပစ္စည်းဆိုင်ရာဥပဒေ Intellectual Property Law လို့ခေါ်ပါတယ်။

မေး။    ။ ဘယ် Year လို့ ပြောလို့ရမလဲ။
ဖြေ။    ။ ကျနော်တို့က 2 Years Program မှာ First Year ပေါ့လေ။ မဟာတန်းပေါ့လေ။ IP.Law မဟာတန်း၊ Master of Intellectual Property Law of Program မှာ ပထမနှစ်ဝက်ပေါ့။ ပထမနှစ်ဝက်ပြီးဆုံးပြီးတော့ နွေရာသီကျောင်းပိတ်ရက်မှာ ဒီလိုမျိုးဖြစ်တာပေါ့။ ဒုတိယနှစ်ဝက်မဖွင့်ခင် ကျောင်းပိတ်ရက်မှာ၊ နွေရာသီကျောင်းပိတ်ရက်မှာ၊ သူတို့နိုင်ငံမှာဆိုရင် နွေရာသီပေါ့။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဒီလိုမျိုးဖြစ်တဲ့အတွက် ဒုတိယနှစ်ဝက်ကို ကျနော် တက်မယ့်ဟာကို စောင့်နေရတယ်။ အခြေအနေက နောက်နှစ်ကို ကူးချင်ကူးသွားမယ်။ ကျောင်းကလည်း စာမထုတ်နိုင်သေးဘူး။ ကျောင်းက စာထုတ်မှ ကျနော်တို့ သိရမယ်။ အခု ကျနော်တို့ အခြေအနေ ဘာဖြစ်မလဲဆိုရင် ဒီမှာ ၁၄ ရက်၊ Correct Time ကာလပြီးဆုံးလို့ စိစစ်လို့ ကျနော်တိုု့ကို Clear ဖြစ်တယ်၊ ကျောင်းသားတွေမှာ ရောဂါမရှိဘူး၊ ကျနော်တို့ကို သူတို့က အဲလိုမျိုးသတ်မှတ်တယ်ဆိုလို့ရှိရင် ကျနော်တို့ဟာ ကိုယ့်အိမ်ကို ကိုယ်ပြန်လို့ ရတယ်။ ကျနော်တို့အနေနဲ့ ကျောင်းက စာမခေါ်ရင် ကျနော်တို့မှာ တစ်ခုမှ လုပ်စရာမရှိဘူး။ ကျောင်းဖွင့် မှာကို စောင့်နေရတာကိုး။ ကျန်းမာရေးကလည်း ဒီမှာလည်း စိတ်ချရတယ်။ Clear ဖြစ်တယ်၊ မင်းတို့တွေ ရှင်းတယ်၊ ရောဂါမရှိဘူးဆိုရင် ကိုယ့်အိမ်ကို ကိုယ်ပြန်လို့ရတယ်ပေါ့။ အဲလိုမျိုးရှိတယ်။ ကိုယ့်အိမ်ကို ပြန်ပြီးတော့ ကျနော်တို့ ကျောင်းဖွင့်မှာကို စောင့်ပေါ့။
 
မေး။   ။ အဲလိုဆိုရင် အစ်ကိုတို့ ၅၉ ယောက်ထဲမှာ ရခိုင်က ဘယ်နှစ်ယောက်ပါသလဲ။
ဖြေ။    ။ ရခိုင်ဆိုရင် ကျနော် အဲလို လေယာဉ်မှာတွေ့ရင်းနဲ့ ကိုယ့်ရခိုင်တွေကို စုစည်းကြည့်ပါတယ်။ အဲဒီမှာ မြေပုံက မိန်းကလေးတစ်ယောက်ပါ။ မြေပုံက မိန်းကလေးတစ်ယောက်ဆိုပေမယ့် ရန်ကုန်မှာ နေပြီးတော့။ အခုဆို သူက Ph.D တက်နေတာပါ။ ကျူတာပါ။ အနောက်ပိုင်း တက္ကသိုလ်မှာလား မသိဘူး။ ကျနော်တို့မိတ်ဆက်ကြတော့ သူက ပြောပြလို့ အနောက်ပိုင်းတက္ကသိုလ်က ကျူတာ၊ Ph.D တက်နေတာ။ နောက်တစ်ယောက်ကကျတော့ တောင်ကုတ်ကပါ။ သူကလည်း ကျောင်းဆရာမပါပဲ။ ကျူတာပါပဲ။ ပြီးတော့ ကျနော်ပေါ့။ ရခိုင်သားတစ်ယောက်၊ ရခိုင်သူနှစ်ယောက်ပါ။ အဲဒါလည်း ကျနော်က ကိုယ့်ရခိုင်သားဆိုတဲ့အတွက် ရခိုင်အချင်းချင်းရှိလားမေးကြည့်တော့ ဒီမှာ ချင်းတွေပါတယ်။ အဲဒီမှာမှ တွေ့တာပါ။ ပြီးတော့ ကျောင်းလည်း မတူဘူး။ ကျနော်တို့ တက္ကသိုလ်မှာ ကျနော်က တစ်ယောက်တည်း။ ဆိုတော့ သူတို့နှစ်ယောက်ကလည်း တက္ကသိုလ်မတူဘူးလားမသိဘူး။ တခြားတက္ကသိုလ်ကသူတွေ အဲလိုမျိုး လေဆိပ်မှာတွေ့တော့မှ အဲလို စကားလေသံကြားလို့ မိတ်ဆက်ကြတော့မှ သိရတာလေ။ ဟိုလိုမျိုး အစကနေ ကြိုပြီးသိတာမဟုတ်ဘူး။ တက္ကသိုလ်ကလည်း မတူဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် အဲလိုမျိုး ရင်းရင်းနှီးနှီးမရှိဘူး။ ဒီလို လူစုလို့ဖြစ်မှ ဒီလိုမျိုး သိရတာပါ။ မြေပုံက တစ်ယောက်၊ တောင်ကုတ်က တစ်ယောက်ပါ။ ကျနော့်ဇာတိကတော့ စစ်တွေပါ။

မေး။    ။ ဒါဆို အစ်ကို ဒါနဲ့ပတ်သက်ပြီးတော့ နောက်ထပ် ဘာများပြောချင်သေးလဲ။
ဖြေ။    ။ နောက်ထပ်ပြောချင်တာကတော့ ကျနော် အစ်ကိုတို့နဲ့တွေ့တာ နောက်ကျသွားတယ်လို့။ ကျနော်လည်း သိပ်ပြီး ဒီလိုမျိုး အစ်ကိုတို့လို ဆရာတွေနဲ့တွေ့ရတော့ ကျနော် အစတုန်းက ပြန်မလာဘူးလို့၊ ဟိုမှာဖြစ်နေချိန် လက်ရှိ လုံးဝ ဟော့ဖြစ်နေချိန်မှာ၊ အဲလိုချိန်မှာ အစ်ကိုတို့နဲ့တွေ့ခဲ့တယ်ဆိုရင် အစ်ကိုတို့ သိချင်တာဟူသမျှကိုပေါ့။ ကျနော် ကိုယ့်ရခိုင်သတင်းသမားတွေအတွက် ကျနော်လည်း ရခိုင်သားလေးတစ်ယောက်အနေနဲ့ ဒီလိုမျိုး update ဖြစ်အောင်၊ အဲဒီမှာရှိနေတုန်း လုပ်ပေးချင်တယ်။ အခုဆိုရင် ကျနော်က အားလုံး ပွဲပြီးမှ အစ်ကိုတို့ကိုကူညီမယ့်ဟာကို ကျနော် ဘယ်လို ကူညီလို့ ကူညီရမှန်းမသိတော့ဘူး။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကိုယ့်မှာ ကိုယ့်သတင်းဌာနတွေပေါ့။ အစ်ကိုလည်း ကိုယ့်ရခိုင်သတင်းဌာနတွေ၊ ကျနော်လည်း ကူညီပေးချင်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်က အဲဒီမှာရှိနေပြီးတော့ အဲလို ကိုယ့်ရခိုင်သတင်းဌာနတစ်ခုခုကို အဲလိုမျိုးလုပ်ပေးနိုင်တယ်ဆိုရင် တာဝန်ကျေတယ်ပေါ့။ အဲလိုခံစားမိလို့ပါ။ အခုဆို အားလုံးပြီးသွားပြီ။ အားလုံးအေးဆေးဖြစ်သွားပြီ။ အရမ်းကြီး အာရုံစိုက်မှုမရှိတော့ဘူး။ အဲဒီခါကျမှဆိုတော့ စိတ်မကောင်းဖြစ်မိတာက အဲလိုမျိုးဖြစ်မိပါတယ်။

(ပြီး)

-------------------------------

Unicode:


နိရ ဉ်စရာသတငျးဌာန၊ ဖဖျေောဝါရီ ၄/၂ဝ၂ဝ






 










 


(ပွီး)

ဆက်စပ် သတင်းများ

အင်တာဗျူး
  • Web Master
  • ၂၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၂၁ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး
အင်တာဗျူး
  • Web Master
  • ၁၇ ဇန်နဝါရီ ၂၀၂၄
အင်တာဗျူး