စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့မဲဆွယ်စည်းရုံးရေး အခက်အခဲတိတိကျကျသိမှ စဉ်စီပေးလို့ ရနိုင်မယ်”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်နှင့် မေးမြန်းခြင်း

နိရဥ္စရာ/ နိုဝင်ဘာ ၈/၂ဝ၂ဝ (အင်တာဗျူး)


၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလကို (စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီမှ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီထိ) ရက်ပေါင်း ၆ဝ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ကြေညာသည်။ အဆိုပါ ကြေညာချက်ထွက်ပေါ်လာပြီးနောက် စက်တင်ဘာ ၆ ရက်နေ့က ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်တင်လှိုင်သို့ ဖုန်းဖြင့်ဆက်သွယ်ပြီး ရခိုင်ပြည်နယ် မဲဆွယ်စည်းရုံးရေး အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြပေးလိုက်ပါသည်။


မေး-၈ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ မဲဆွယ်စည်းရုံးရေးတွေ စတင်ပြီးလို့ ကြေညာလိုက်ပါတယ်။ အဲတော့ ရခိုင်မှာ မဲဆွယ်စည်းရုံးရေး အလားအလာတွေကို ဆရာမတို့အနေနဲ့ ဘယ်လို့များသုံးသပ်မိပါသလဲ။
ဖြေ-ဒီလ ၈ ရက်နေ့ကနေ နိုဝင်ဘာ ၆ ရက်နေ့အထိ မဲဆွယ်စည်းရုံးရေးကာလ ရက် ၆ဝ ပေါ့။ အဲဒီမှာ အလားအလာဆိုတာက တကယ်တမ်းလှုပ်ရှားမည့် နိုင်ငံရေးပါတီတွေ့နဲ့ ဆိုင်ပါတယ်။  အဲဒီအတွက် ပါတီတွေကတော့ မဲဆွယ်လှုပ်ရှားမယ့် နေရာ၊ အချိန်စတာတွေကို လာတင်တာတော့ ကော်မရှင်မှာ မရှိသေးဘူး။ တင်ရင်တော့ နေ့ရက်တို့ ၊ အချိန်တို့၊ နေရာတို့ မတိုက်အောင် ဇယားတွေ ဆွဲပေးဖို့တော့ရှိတယ်။ အဲဒီအတွက် မနက်ဖန်မှာ အစည်းအဝေးလုပ်ဖို့  အစီအစဉ်တော့ ရှိတယ်။


မေး-နောက်တစ်ခုက ပါတီပေါင်း ဘယ်နှစ်ပါတီလောက်နဲ့ ကိုယ်စားလှယ်ပေါင်းဘယ်လောက် ဝင်အရွေးခံမှာပါလဲခင်ဗျ။
ဖြေ- ပါတီကတော့ ၁၈ ပါတီရှိတယ်။ တသီးပုဂ္ဂလရှိတယ်။  ကိုယ်စားလှယ်လောင်းကတော့ ၃၈၆ ဦးတင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ၆ ဦးက ပယ်ချခံရတယ်ဆိုတော့ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက ၃၈ဝ ရှိတာပေါ့။


မေး-အခု ကိုဗစ်က ရခိုင်မှာဖြစ်နေတယ်။ ရွာတွေကလည်း တစ်ရွာဝင်၊ တစ်ရွက်ထွက်သွားလို့မရဘူး။ စစ်ပွဲတွေလည်း ဖြစ်နေတယ်။ ခရီးသွားလာရေးက လုံးဝအဆင်မပြေဘူး။ အွင်လိုင်းကနေ မဲဆွယ်မယ် ဆိုပြန်တော့လည်း အင်တာနက်ကလည်း 2G ဘဲ ရတဲ့အတွက် အဆင်မပြေဘူး။ အဲဒါတွက် ဒီဟာတွေကို ပိုမိုကောင်းမွန်အောင် ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ ဘာတွေကို လုပ်ပေးနိုင်တဲ့ အနေအထားရှိပါသလဲ။
ဖြေ- ကော်မရှင်အနေနဲ့ကတော့ ကော်မရှင်ကို ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကိုယ်တိုင်ကကို ဘာမှတင်ပြလာတာ မရှိသေးဘူး။ တကယ်တမ်းကတော့ မဲဆွယ်စည်းရုံးဖို့သွားတယ်။ ဘာညာ လိုအပ်တယ်ဆိုလိုရှိရင် လုံခြုံရေးကအစ ဆောင်ရွက်ရမယ့် ကိစ္စတွေလည်းရှိတယ်။ အဲဒီ အတွက်လည်း ပြည်ထရေး၊ ရဲတပ်ဖွဲ့ကို လှမ်းမေးထားတာတွေရှိတယ်။ အကြောင်းတော့ သူတို့ မပြန်သေးဘူး။ ခက်တာက အဲဒီ ပါတီတွေကလည်း ဘယ်ပါတီမှတော့ မလာသေးဘူး။  အဲတွက် အဲလိုမျိုး တင်ပြလာတာတွေ ရှိရင်တော့ အရင်လည်းဘဲ အဲလိုမျိုးတွေ နေရာတွေ၊ အချိန်တွေ မတိုက်ဆိုင်အောင် လုပ်ပေးခဲ့တာတွေရှိတယ်။ အဲဒီအတွက် ဆွဲဖို့လိုတယ်ပေါ့လေ။ ဒါပေမယ့် အခုထိကတော့ ခုနားကပြောသလို့ ဘယ်သူကမှ လာမဆက်သွယ်သေးတော့ အချိန်ဇယားဆွဲဖို့ကလည်း မလုပ်ရသေးဘူး။


မေး- ရခိုင်ပြည်နယ်မှာ လူတိုင်းလိုလို ဖုန်းသုံးကြပေမယ့် အင်တာနက်မရတော့ အွင်လိုင်းကနေ မဲဆွယ် စည်းရုံးရေးနေရာမှာ အခက်အခဲရှိတယ်ဆိုပြီး ပြောဆိုမှုတေ အများကြီး ရှိနေပါတယ်။ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မနေနဲ့ အဲဒါတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြပီး စီစဉ် ဆောင်ရွက်ပေးနိုင်ပါသလား။
ဖြေ-ဒါကတော့ တကယ်လို့ ပါတီတွေက ပြောလာရင်တော့ UEC ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားတာတော့ လုပ်ပေ လို့တော့ ရနိုင်တာပေါ့။ ဒါပေမယ့်လည်းဘဲ တကယ်တမ်း စည်းရုံးရေး ဆင်းဖို့အတွက်ကတော့ ပါတီတွေ ကိုယ်တိုင်က လှုပ်ရှားမှရမယ်။  နောက်တစ်ခုကတော့ သူတို့ရဲ့ အခက်အခဲဟာ ဘာဆိုတာကိုလည်း တိတိကျကျသိမှ စဉ်စီပေးလို့ ရရင်လည်း စီစဉ်ပေးနိုင်မှာပေါ့။ အခုထိကတော့ လာမဆက်သွယ်သေးလို့ ဘာမှမစရသေးဘူး။


မေး-ရခိုင်ပြည်နယ်အတွင်းက တချို့မြို့နယ်တွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဘူးဆိုပြီးတော့ သတင်းတွေထွက်နေပါတယ်။ အဲဒါတွေကို ဘယ်တော့လောက် ကြေညာပေးနိုင်ပါမလဲ။
ဖြေ- အဲဒါကတော့ ပြီးခဲတဲ့ ၂ဝ၁၅ မှာဆိုလိုရှိရင် နိုဝင်ဘာမှာ လုပ်မယ့် ရွေးကောက်ပွဲကို အောက်တိုဘာ ၂၇ ရက်နေ့မှာ ကြေညာခဲ့တယ်။ ဆိုလိုတာက အောက်တိုဘာ ၂၇ ဆိုတော့ လကုန်ခါ နီးနေပြီပေါ့။ ဆိုလိုတာကတော့ ၁ဝ ရက်၊ ၁၁ ရက်လောက်ဘဲ ကြိုပြီးတော့ ကြေညာတာရှိခဲ့တယ်ပေါ့လေ။ ဆိုတဲ့ အခါကျတော့ အခုလည်းဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဦးမြင့်နိုင်ပြောသွားတာရှိတာလေ။ အဲလိုဘဲပြောပါတယ်။


မေး။ တစ်ချို့ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။  အဲသလို ရွေးကောက်ပွဲနီးကပ်မှ ကြောညာမယ် ဆိုလိုရှိရင် တကယ်လို့ ရွေးကောက်ပွဲ မဖြစ်ဘူးဆိုလိုရှိရင် သူတို့မဲဆွယ်စည်းရုံးရေးလုပ်ထားတဲ့ ပိုက်ဆံအကုန်အကျတွေ အများကြီးနဲက အလဟဿ ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ နေရာတွေကို တစ်လလောက်ကနေ ကြိုပြီးပြောလို့ ရနိုင်တဲ့ အနေအထားရှိပါလား။
ဖြေ။ အဲတာတွေကလည်း ဟုတ်ပါတယ်။ တကယ်တမ်း အဲဒီအတိုင်းဖြစ်ရင်တော့ ဒီလိုဘဲ ၁ဝ ရက်လောက်မှ ကြေညာတာမျိုး ဖြစ်လာနိုင်တာပေါ့လေ။ အဲဒီအလားအလာကတော့ အဲလိုမျိုးရှိတယ်။ နောက် ဟိုတစ်နေ့က ဦးဇော်ဌေးပြောသွားတာလည်း ရှိတယ်။ သူက နိုင်ငံတော်အဆင့် ပြောတာဆိုတော့ နားထောင်ကြည့်ရင် သိနိုင်ပါတယ်။
(ပြီး)

ဆက်စပ် သတင်းများ