Preview

၇ခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး ပေါက်တောမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ခိုင်နှင့် ခဏတာ

အောက်တိုဘာ ၁၆/ ၂၀၂၀ | ကြည့်ရှုသူ :8526
အင်တာဗျူး

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ ၁၆ / ၁၀ / ၂၀၂၀

မေး -  အကိုက ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဆိုတာကို ပထမဆုံးအနေနဲ့ သိပါ၇စေ။
ဖြေ - ကျနော်ကတော့ ပေါက်တောမြို့နယ်အမှတ် (၁) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရခိုင်အမျိုးသားပါတီ (ANP)  ကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး -  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ကျနော်တို့ အဓိကအလုပ်အကျွေးပြုပြီး တာဝန်ခံမှာကတော့ ရခိုင်ပြည်သူတွေဖြစ်တယ်ဆိုတာ ကျနော်ခံယူချက်ဖြစ်တယ်။ ကျနော်တို့ ရခိုင်ပြည်သူတွေ အခုချိန်မှာ အခက်ခဲပေါင်းများစွာ၊ ကျပ်တည်းမှု ပေါင်းများစွာနဲ့ ရင်ဆိုင်နေရတယ် အချိန်အခါဖြစ်တယ်။ ဒီလိုရင်ဆိုင်နေရတဲ့ အချိန်ကာလမှာ ရခိုင်ပြည်သူတွေကို ကိုယ်စားပြုဖို့လူတွေက တကယ့်ကို ကြိုးစားရမယ်။ အလုပ်လုပ်နိုင်ရမယ်။ ဒီလို အနေအထားရှိဖို့လိုတယ်လို့ ကျနော်မြင်တယ်။ ဒီတော့ ကျနော်ကလည်း ရခိုင်နိုင်ငံရေးထဲမှာ ၁၀ နှစ်လောက် လုပ်လာတဲ့လူဆိုတော့ ရခိုင်ပြည်သူတွေကို တစ်စုံတစ်ရာ ကိုယ်စားပြုနိုင်အောင် ရိုးရိုးသားသားနဲ့ အမှန်တကယ်ကြိုးစားရင်တော့ အဆင်ပြေမှာပါဆိုပြီးတော့ ရည်ရွယ်ချက်နှင့် ဝင်ပြိုင်၇တာဖြစ်ပါတယ်။

မေး - လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့လိုရှိရင် ဘာတွေကို အဓိကထားပြီး ဆောင်ရွက်သွားမယ်လို့ စိတ်ကူးထားပါသလဲ။
ဖြေ - အဓိကတော့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစစအရာရာ လိုအပ်ချက်တွေကို ကျနော်တို့ကတောင်းဆိုမယ်။ နောက်ပြီးတော့ အခွင့်အရေးတွေ အပြည့်အ၀ရရှိအောင် ကျနော်တို့က ရိုးရိုးသားသားနဲ့ အဓိကပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်၇အောင် ကာကွယ်၊ တောင်းဆိုပြီးတော့ ပြည်သူတွေကို အလုပ်အကျွေးပြုသွားမှာပါ။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်တာတွေ ရှိပါသလဲ။
ဖြေ - အခုအချိန်က ရခိုင်ပြည်သူတွေအတွက် တကယ့်ကို အခက်အခဲ၊အကျပ်အတည်း ကြုံနေတဲ့ အချိန်ကာလဖြစ်တယ်။ ဒီလိုအချိန်မှာ မိမိလိုအပ်တဲ့အရာကို မရနိုင်တဲ့အချိန်ကာလမှာ ကျနော်တို့က စုပေါင်းပြီးတော့ လုပ်ဆောင်ရမယ်၊ကြိုးစားရမယ် အချိန်အခါဖြစ်တယ်။ ဒီလိုအချိန်မျိုးမှာ ကျနော်တို့က ရခိုင်ပြည်သူတွေအတွက် တကယ့်ကို စည်းစည်းလုံးလုံးနဲ့ ကြိုးစားလုပ်ဆောင်ရမယ့် နိုင်ငံရေးသမားတွေ အများကြီးလိုအပ်တယ်။ ဒီတော့ ရခိုင်ပြည်သူတွေအနေနဲ့ အမှန်တကယ် မိမိတို့ကို အကျိုးပြုမယ့် ကိုယ်စားလှယ်နိုင်ငံရေးသမားတွေကို ရွေးချယ်ဖို့ အဓိကတာဝန်ရှိတယ်လို့ပဲ ပြည်သူတွေကိုပြောချင်ပါတယ်။

မေး - ဘာတွေဖြည့်စွက်ပြီးတော့ ပြောချင်ပါသလဲ။
ဖြေ - ကျနော်အနေနဲ့ ပြည်သူကို ပြောချင်တာကတော့ ကျနော်သည် ရိုးရိုးသားသားနဲ့ပဲ နိုင်ငံရေးကို ခြေစုံပစ်ပြီးတော့ ဝင်လာသူတစ်ဦးဖြစ်တယ်။ ကျနော်အနေနဲ့ ဘာရာထူးကိုမှ မက်မောပြီးတော့ ဝင်ပြိုင်တာမဟုတ်ပါဘူး။ ပြည်သူ့အကျိုးအတွက် ကြိုးစားပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောချင်ပါတယ်။


(ပြီး)

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.