အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖေအုန်းနှင့် တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၁ / ၂ဝ၂ဝ

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်ဆိုတာကို မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဖေအုန်းဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းရဲ့ ရယ်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲဝင်ပြိုင်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကျနော်တို့ဒေသမှာ တိုးတက်မှုတွေက ဘာမှ မရှိသလို ဖြစ်နေတယ်။ ဒေသမှာက လိုအပ်တာတွေအများကြီးရှိတယ်။ ပညာရေးတို့၊ ကျန်းမာရေးတို့၊ အဲဒါတွေကို ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစွန်းကုန်ကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ပြီးတော့ ရွေးကောက်ပွဲဝင်ပြိုင်ရတာဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ - ကျနော်တို့ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုလို့ရှိရင် လမ်းပန်းဆက်သွယ်ရေးကလည်း မကောင်းဘူး။ ကျန်းမာရေးလည်းမကောင်းဘူး။ အဲဒါတွေကို ကျနော်တို့ဒေသအတိုင်းအတာနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကျနော်တို့က လွှတ်တော်မှာတင်ပြပြီးတော့ တောင်းဆိုပြီး အစွန်းကုန် ကြိုးစား သွားမှာဖြစ်ပါတယ်။

မေး -  ဆရာအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဘာတွေပြောချင်တာတွေရှိပါသလဲ။
ဖြေ - ကျနော်တို့သာ ရွေးကောက်ပွဲမှာ အောင်မြင်သွားမယ်ဆိုလိုရှိရင်တော့ မဲဆန္ဒရှင်တွေရဲ့ လိုအင် ဆန္ဒတွေကို လွှတ်တော်အသံ- ပြည်သူ့အသံ/ ပြည်သူ့အသံ- လွှတ်တော်အသံဖြစ်အောင် ပြည်သူတွေရဲ့ ဆန္ဒသဘောထားအားလုံးကို လွှတ်တော်ကိုရောက်အောင်တင်ပေးဖို့အတွက် ကျနော်တို့က တာဝန်ယူပြီး လုပ်ပေးဖို့ဖြစ်ပါတယ်။

မေး - နောက်ဖြည့်စွက်ပြီး ဘာတွေပြောချင်တာတွေရှိပါသလဲ။
ဖြေ - UEC ရွေးကောက်ပွဲ ကော်မရှင်ကကြေညာလိုက်တဲ့ ကျနော်တို့ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှာဆိုလိုရှိရင် မြို့နယ် တော်တော်များများဟာ ရွေးကောက်ပွဲကျင်းပနိုင်ခွင့်မရှိတော့ဘူးဆိုတော့ ကျနော်တို့ ရခိုင်ပြည်သူ၊ ပြည်သားတွေအားလုံးဟာ လူ့အခွင့်အရေးတွေတအားဆုံးရှုံးသွားပြီးတော့ လိုအပ်ချက်တွေအကုန်လုံး ဘာမှ တင်ပြနိုင်ဖွယ်မရှိတော့တဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် ကျနော်တို့ကတော့ အထူး စိတ်မကောင်း ဖြစ်တယ်အကြောင်းကို ပြောချင်ပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ