သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကိုယ်စားပြုပြီး ဂွနဲ့ သံတွဲမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၁၁) မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ခင်နွဲ့ရီနဲ့ တစ်ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 8.8k

ဆောင်းဇာခြည် မေးမြန်းသည်။
(၂၁-၁ဝ-၂ဝ၂ဝ)

မေး - ဘယ်ပါတီကို ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမလဲဆိုတာ သိလိုပါတယ်။
ဖြေ - ကျွန်မကတော့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ (RSNUP) ရဲ့ ကိုယ်စားပြုပြီး ရခိုင်ပြည်နယ် ဂွနဲ့ သံတွဲမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၁၁) မဲဆန္ဒနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ မဲထည့်ရမယ့် အမှတ်တံဆိပ်ကတော့ သဇင်ခက်နှစ်ခက်နဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။

မေး - ဘာကြောင့် ရွေးကောက်ပွဲဝင်ရတာလဲ သိလိုပါတယ်။
ဖြေ - ဘာကြောင့်ရွေးကောက်ပွဲဝင်ရတာလဲဆိုတော့ ပြည်သူလူထုတွေကို ကျွန်မအနေနဲ့ မဲဆန္ဒရှင် ညီအစ်ကိုမောင်နှမတွေ ပေးတဲ့ မဲနဲ့ လွှတ်တော်ကို တက်ရောက်ခွင့်ရခဲ့လို့ရှိရင် လုပ်ပေးချင်တာလေးတွေ ရှိလို့ပါ။

မေး - အနိုင်ရခဲ့လို့ရှိရင်  ဘာတွေ လုပ်ပေးသွားမှာလဲ။
ဖြေ - အနိုင်ရလို့ရှိရင် ကျွန်မ အဓိကလုပ်ပေးချင်တာတွေ အများကြီးထဲကပေါ့နော်။ လယ်သမားနဲ့ ပညာရေးသမားကို ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးချင်ပါတယ်။ တောင်သူလယ်သမားတွေရဲ့ လယ်ယာစိုက်ပျိုးရေးတွေ၊ လုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင် နှစ်ချီနှစ်လ ချေးငွေတွေ ချိုသာသော အတိုးနှုန်းတွေ ရအောင် လုပ်ပေးချင်ပါတယ်။ ပြည်တွင်းပြည်ပ စျေးကွက်ပွင့်လင်းလာအောင် ဆောင်ရွက် ပေးချင်ပါတယ်။ နောက်ပြီးတော့ ပညာထူးချွန်ပြီးတော့ ဆင်းရဲနွမ်းပါးလို့ ရှေ့ဆက် မတက်နိုင်တဲ့ ကလေးတွေရဲ့ ပညာရေးကို ရည်မှန်းချက်တွေကို ပေါက်ရောက် အောင်မြင်အောင် ဝန်ဆောင်မှုတွေ အများကြီးပေးချင်ပါတယ်။

မေး - နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - မဲဆန္ဒရှင် ညီအစ်ကိုမောင်နှမတွေကို ပြောချင်တာကတော့ ရှေ့တန်းကနေပြီး မားမားမတ်မတ် ခွန်အားထွန်းပြီး ပြောရေးဆိုရေး၊ ပြောဝံ့ဆိုဝ့ံ၊ ထွက်ဆိုဝံ့၊ လူတော်လူကောင်းတွေကို မဲပေးပြီးတော့ လွှတ်တော်ကို ပို့ပေးကြပါလို့ ပြောချင်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ