Preview

ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်လွင်နှင့် တခဏတာ

အောက်တိုဘာ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :4781
အင်တာဗျူး

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂၀၂၀

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်းဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်က တစ်သီးပုဂ္ဂလဖြစ်နေတယ်။ အမှန်မှာကတော့ AFP က ဒုဥက္ကဋ္ဌ တာဝန်ကိုယူထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ သို့သော်လည်း ANP က ကန့်ကွက်မှာကို စိုးလို့ ကျနော်က တစ်သီးပုဂ္ဂလ ဝင်ပြိုင်နေ၇တယ်။ ကျနော်ကတော့ တသီးပုဂ္ဂလအဖြစ် ကျောက်ဖြူနှင့် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်း၏ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - အဓိက ကျနော်ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့အကြောင်းကတော့ အမျိုးသားနိုင်ငံရေးကိုဝင်ပြီးလုပ်ချင်တဲ့ သဘောပါ။ အမှန်မှာကတော့ ကျနော်က ဝင်မပြိုင်တော့ဘူးဆိုပြီးနေတာ။ သို့သော် ဒေါက်တာအေးမောင်ကလည်း ထောင်ထဲကနေပြီးတော့ တိုက်တွန်းတယ်။ ကျနော်ကို ဝင်ပြိုင်စေချင်တယ်။ ကျနော်က လွှတ်တော်သက်တမ်းလည်း ဆယ်နှစ်လောက်အတွေ့အကြုံရှိတဲ့ လူတစ်ယောက်ဆိုတော့ ဦးကျော်လွင်အနေနဲ့ ထွက်မသွားသင့်သေးဘူး။ ဘာကြောင့်လည်းဆိုတော့ တက်လာမယ့် လူငယ်တွေနဲ့ တွဲပြီးတော့ လုပ်ရင်ပိုပြီးတော့ အကျိုးရှိဖို့ဖြစ်တယ်။ အတွေ့အကြုံရှိတဲ့လူဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့။ ပါတီအတွက်လည်း အကျိုးရှိမှာဖြစ်သလို့ တက်လာတဲ့လူငယ်တွေအတွက်လည်း အကျိုးရှိမှာ ဖြစ်တယ် ဆိုပြီးတော့ ဒေါက်တာအေးမောင်ရဲ့ ပြောဆိုချက်၊ အကြုံပြုချက်အရ ကျနော်ဝင်ပြိုင်၇ခြင်းဖြစ်ပါတယ်။

မေး -  ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားမယ်လို့ ရည်ရွယ်ထားပါသလဲ။
ဖြေ - ကျနော်ပြိုင်တဲ့ နေရာကအမျိုးသားလွှတ်တော်ဆိုတော့ အမျိုးသားလွှတ်တော်ဆိုတာက တိုင်းနဲ့ ပြည်နယ် ၁၄ ခုက လူတွေနဲ့ တွေ့ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ အဓိက ပြောရမှာကတော့ ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ ပြောသွားမှာဖြစ်တယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - အရင်က ကျနော်က ပြည်နယ်လွှတ်တော်ဆိုတော့ ပြည်နယ်ဖွံ့ရေး ရန်ပုံငွေနဲ့ လမ်းပေးဖို့၊ ကျောင်းပေးဖို့၊ ကန်ပေးဖို့ စတာတွေကို တောင်းပေးဖို့ ဆိုပြီးတော့ ပြောလို့ရသော်လည်း ဒီနေ့အချိန်မှာတော့ ကျနော် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ရခိုင်တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ တွေကိုပဲ ကျနော်ပြောဆိုသွားမှာဖြစ်တယ်။ နောက် ဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်က မာန်အောင်နဲ့ ကျောက်ဖြူနှစ်မြို့နယ်ကို ပြိုင်ရဖို့ ဖြစ်တဲ့အတွက် မာန်အောင်နဲ့ ကျောက်ဖြူ မြို့နယ်လုံးအတွက် သက်ဆိုင်တဲ့ လုပ်ငန်းတွေကိုပဲ ဦးစားပေးလုပ်သွားမှာဖြစ်တယ်လို့ ကျနော်ရဲ့မဲဆန္ဒရှင်ပြည်သူတွေကို ပြောချင်ပါတယ်။

မေး - နောက်ဖြည့်စွက်ပြီး ဘာတွေပြောချင်ပါသလဲ။
ဖြေ - ကျနော်သည် ရခိုင်အမျိုးသားပါတီက ဝင်ပြိုင်လို့ အနိုင်ရထားတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်စားလှယ်သက်တမ်းကုန်လို့ရှိရင် ရခိုင်ဦးဆောင်ပါတီသို့ ဝင်ရောက်သွားမှာဖြစ်တယ်ဆိုတာကိုတော့ ပြည်သူတွေကို အခုကနေ အသိပေးချင်ပါတယ်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.