Preview

ရခိုင်အမျိုးသားပါတီ (ANP) မှ ကျောက်ဖြူမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထိန်လင်းနဲ့တခဏတာ

အောက်တိုဘာ ၂၂/ ၂၀၂၀ | ကြည့်ရှုသူ :8405
အင်တာဗျူး

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်သည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂၀၂၀

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီး၊ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်ကတော့ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုပြီး ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲဝင်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကတော့ ကျနော်တို့ (ANP) ပါတီမှာ ရည်ရွယ်ချက်က (၄) ရပ်ရှိတယ်။ ဖွံ့ဖြိုးမှုရယ်၊ တန်းတူညီမျှမှုရယ်၊ ဒီမိုကရေစီရယ်၊ ဖက်ဒရယ် ရယ်ဆိုပြီးတော့ ရည်ရွယ်ချက်ကြီး (၄) ရပ်ရှိပါတယ်။ ဒီရည်ရွယ်ချက်တွေဟာ ရခိုင်သူ၊ ရခိုင်သားများအတွက် အမှန်တကယ် လိုအပ်တဲ့ အရာတွေဖြစ်တဲ့ ဒီရည်ရွယ်ချက်တွေကို  အကောင်အထည် ဖော်နိုင်ဆောင်ရွက်လိုတဲ့ အတွက် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်၇တာ ဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီး လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ - ကျနော်တို့အနေနဲ့ကတော့ အဓိက ဗမာတွေခင်းကျင်းထားတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ရခိုင်သူ၊ ရခိုင်သားတွေအတွက် အဓိကလိုအပ်တဲ့ အခန်းပေါင်းစုံကို ကျနော်တို့တွေ ဆောင်ရွက်နိုင်သည်အထိ ဆောင်ရွက် သွားဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။ ဘာတွေကို ဦးတည်ပြီးလုပ်ဆောင်သွားမယ်ဆိုတာကိုတော့ ပြောလို့မ၇ဘူး။ လိုအပ်တဲ့ အခန်းကဏ္ဍအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - မဲဆန္ဒရှင်တွေကို ပြောချင်တာကတော့ မဲဝိုင်းထည့်ပေးဖို့၊ အားပေးထောက်ခံပေးဖို့ အဲလောက်ပဲ ပြောချင်ပါတယ်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.