Preview

၇ခိုင်အမျိုးသားပါတီ (ANP)ကိုယ်စားပြုပြီး သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးစိုးဝင်း(ခ) ဦးရွှေကိုနှင့် တခဏတာ

အောက်တိုဘာ ၂၄/ ၂၀၂၀ | ကြည့်ရှုသူ :2625
အင်တာဗျူး

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။

နိရဥ္စရာ၊ အောက်တိုဘာ ၂၄/ ၂၀၂၀

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီးတော့ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်  ယှဉ်ပြိုင်သွားမယ် ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်နာမည်ကတော့ ဦးစိုးဝင်း (ခ) ဦးရွှေကိုပါ၊ ၇ခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ - ရည်ရွယ်ချက်ကတော့ နှစ်ချက်ပေါ့။ အဓိကတော့ ၇ခိုင်အမျိုးသားပါတီတွေဟာ  ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ကျနော်တို့ ရခိုင်ပြည်နယ်တောင်းပိုင်း၊ သံတွဲခရိုင်က တောင်ကုတ်၊ သံတွဲ၊  ဂွ၊ နဲ့ မာန်အောင် (၄) မြို့နယ်မှာ တစ်ခါမှ ပြည်မပါတီကြီးတွေကို အနိုင်မရခဲ့တဲ့ သမိုင်းရှိတယ်။ အဲဒီသမိုင်းကို ကျနော်အနေနဲ့ ဒီနှစ် ရခိုင်အမျိုးသားပါတီ (ANP) နဲ့အတူ ရွေးကောက်ခံပြီးတော့ ပြည်သူလူထုရဲ့ အသဲကြားက မဲတစ်ပြားနဲ့ ဝိုင်းရံပြီး မဲထည့်ပေးမယ်ဆိုလို့ရှိရင်တော့ သံတွဲမှာ ရခိုင်အမျိုးသားပါတီ အောင်လံ စိုက်ထူ ချင်တယ် ရည်ရွယ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ဒီရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံပြီးတော့ လွှတ်တော်ထဲရောက်သွားရင် ၅ နှစ်အတွင်း နောက်မျိုးဆက်သစ်တွေကို ကျနော်က ရခိုင်အမျိုးသားပါတီ (ANP) အတွက် မွေးထုတ်ပြီးတော့ လက်ဆင့်ကမ်းတာဝန်ပေးချင်တာကတော့ အဓိက ကျနော်ရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ကျနော်ရည်ရွယ်ချက်ကတော့ သံတွဲမှာ ရခိုင်အမျိုးသားပါတီ (ANP) အတွက်သမိုင်းမှတ်တိုင်စိုက်ထူနိုင်ရေး၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးနိုင်ရေး၊ အဲဒါပါပဲ။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကိုအဓိကထားပြီး လုပ်ဆောင်သွားမယ်လို့ ရည်မှန်းထားပါသလဲ။
ဖြေ - ကျနော်ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးမှာ ဆင်းရဲနိမ့်ကျနေတဲ့ ပြည်သူတွေရဲ့ ဘ၀ကို တိုးတက်အောင် လုပ်ချင်တယ်။ ရခိုင်လူထုရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး အဘက်ဘက်က နိမ့်ကျနေတာကို ကျနော်သာ ရွေးကောက်ပွဲနိုင်လို့ လွှတ်တော်ထဲကို ရောက်သွားလို့ရှိရင် ဒီလို နိမ့်ကျ နေတာတွေကို ကျနော်အနေနဲ့ လွှတ်တော်ထဲမှာ တင်ပြ တောင်းဆိုသွားမှာဖြစ်တယ်။

မေး- မဲဆန္ဒရှင်ပြည်သူတွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - ကျနော်နဲ့အတူ ကျနော်ရဲ့ မဲဆန္ဒရှင်ပြည်သူတွေက ကိုယ့်ရဲ့လူမျိုး၊ ကိုယ့်ရဲ့ဒေသမှာ ရခိုင်ဆိုတဲ့ အသိစိတ်ဓာတ်တွေ နိုးကြွားပြီးတော့ ကျနော်အတွက် မဲတစ်ပြားနဲ့ ထောက်ကူပေးကြပါ။ ကိုယ့်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး  ကျနော်တို့ သံတွဲမှာ ရခိုင့်အောင်လံ စိုက်ထူလို့ ကျနော်ကြိုးစား ဆောင်ရွက်သွားမှာဖြစ်တယ်။ ကျနော်ကို ကြိုးစားပြီးတော့ မဲထည့်ပေးကြပါလို့ ကျနော်တောင်းဆိုပါတယ်။

#ရွေးကောက်ပွဲ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.