ဆောင်းဇာခြည်မေးမြန်းတင်ပြသည်။
(၂၄-၁၀-၂၀၂၀)
မေး - ပထမဆုံးအနေနဲ့ ဒေါ်တင်မေရဲ့ ဘယ်ပါတီကို ကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ် ပြိုင်သွားမလဲဆိုတာကို သိလိုပါတယ်။
ဖြေ - ကျွန်မ ဒေါ်တင်မေက ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီကို ကိုယ်စားပြုပြီးတော့ ၇ခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သံတွဲမြို့နယ် မြောက်ပိုင်း မဲဆန္ဒနယ် အမှတ် (၁)က ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီရဲ့ တံဆိပ်က သဇင်ခက်နှစ်ခက်ပါတဲ့ တံဆိပ်နဲ့ ဖြစ်ပါတယ်။
မေး - ဘာကြောင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်၇တာလဲ။
ဖြေ - ကျွန်မဟာ မဲဆန္ဒရှင်ညီအစ်ကိုမောင်နှမတွေက အားပေးကြလို့ မဲအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင် ရခိုင်ဒေသ တစ်ခုလုံးရှိ တောတောင်ရေမြေသဘာ၀ စိမ်းလန်းစိုပြေရေး၊ လယ်ယာထွန်ယက်၊ လမ်းပန်းဆက်သွယ်ရေး မကျန် ရခိုင်ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်လို့ ဝင်ရောက်ယှဉ်ပြိုင် ၇ခြင်း ဖြစ်ပါတယ်။
မေး - အနိုင်ရခဲ့လို့ရှိရင် ဘာတွေ လုပ်ဆောင်ပေးသွားမလဲ။
ဖြေ - ကျွန်မဟာ မဲဆန္ဒရှင် ညီအစ်ကိုမောင်နှမတွေက အားပေးကြလို့ မဲအနိုင်ရရှိခဲ့ရင် ရခိုင်ဒေသတစ်ခုလုံးက တောတောင်ရေမြေသဘာ၀ စိမ်းလမ်းစိုပြေရေး၊ လယ်ယာထွန်ယက်၊ လမ်းပန်းဆက်သွယ်ရေးမကျန် ၇ခိုင်ဒေသအားလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးချင်တယ်ပေါ့။ တောင်သူလယ်သမား အလုပ်သမား အပါအဝင် လူတန်းစားပေါင်းစုံ၏ လူနေမှုဘ၀ အဆင့်အတန်းတိုးတက်မြင့်မားလာအောင် လုပ်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ အဲဒါပြီးရင် ပညာရေးစနစ်ကိုလည်း နိုင်ငံတကာအဆင့်မီလာအောင် ပုံဖော် လုပ်ဆောင်ပေးမယ်လို့ စိတ်ကူးထားပါတယ်ရှင့်။
မေး - နောက်ဆုံးတစ်ခုအနေနဲ့ မဲဆန္ဒရှင်တွေကို ဘာတွေ ပြောချင်လဲ။
ဖြေ - ဟုတ်ကဲ့။ မဲဆန္ဒရှင်တွေကို ကျွန်မအနေနဲ့က ပြည်သူပြည်သားအားလုံးရဲ့ လူနေမှုအဆင့်အတန်းတိုးတက် မြင့်မားအောင် ဖန်တီးလုပ်ပေးလိုတဲ့ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီက သဇင်ပန်းနှစ်ခက်ပါတဲ့ ပါတီ လိုဂိုတံဆိပ်ရဲ့ ပါဝင်ယှဉ်ပြိုင်လျှက်ရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဆန္ဒမဲပေးကြပါလို့ ပြောကြားလိုပါတယ်။