သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ (ANP) မှ သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိန်သောင်းနဲ့ တခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.5k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၇ / ၂ဝ၂ဝ

မေး - ဆရာအနေနဲ့ ဘယ်ပါတီကိုယ်စားပြုပြီးတော့ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမယ် ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်က ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီးတော့ သံတွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး  - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကတော့ ကျနော်တို့ ဒီနိုင်ငံမှာ ရခိုင်အမျိုးသားတွေ အနေနဲ့ တန်းတူညီတူ အခွင့်အရေးရရှိဖို့အတွက် ကျနော်တို့ တတ်နိုင်သလောက် ကြိုးစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီးတော့ လုပ်ဆောင်သွားမယ်လို့ ရည်မှန်းထားပါသလဲ။
ဖြေ - ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ကျနော်တိုု့က ပြည်နယ်လွှတ်တော်ဖြစ်တဲ့ အတွက်ကြောင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဓိက လယ်သမားတွေရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနဲ့ အလုပ်သမားများရဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တတ်နိုင်သလောက် ကြိုးစားအားထုတ်ပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေပြေချင်ပါသလဲ။
ဖြေ - ကျနော်တို့ ရခိုင်လူမျိုးများ တန်းတူအခွင့်အရေးရရှိဖို့အတွက် ရခိုင်အမျိုးသားပါတီကို မဲပေးကြဖို့ တိုက်တွန်းပြောကြားချင်ပါတယ်။

(ပြီး)


ဆက်စပ် သတင်းများ