သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

“ ရခိုင်ပြည်နယ် စစ်တွေဘက်မှာလည်း ဒေသဆိုင်ရာတပ်မှူးကြီးတွေ တွေ့မယ်လို့ ကျွန်တော်တို့ ပြောသံကြားပါတယ်။”


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.7k

နိရဥ္စရာ၊ ဒီဇင်ဘာ ၁၂/၂ဝ၂ဝ (အင်တာဗျူး)

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် နောက်ဆုံးအလားအလာများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ပေးနေတဲ့ မြောက်ဦးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောနှင့်တွေ့ဆုံမေးမြန်းပြီး တင်ပြလိုက်ပါတယ်။

မေး- ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ ဆွေးနွေးနေတယ်ဆိုတော့ ရှေ့မှာ ဘယ်အတိုင်အထိ မျှော်လင့်လိုရနိုင်မှာပါလဲ။
ဖြေ- ကျွန်တော်တို့ကတော့ ပထမအကြိမ် လူချင်း စတင်တွေပြီးရင်တော့ ဒီထက် ရှေ့ကို အရေးကြီးတဲ့ အရာတွေကို ဆွေးနွေးမယ်လို့ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ မျှော်လင့်တာကတော့ ရခိုင်ပြည်ရဲ့ ငြိမ်းချမ်းရေး ပြဿနာ၊ ပြည်ထောင်စုတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး ပြဿနာအပါအဝင် အဲဒီ အေအေ ပါဝင်လာနိုင်ဖို့ လမ်းကြောင်း ပွင့်သွားတယ်။ တပ်မတော်ဘက်ကလည်း မျှော်လင့်နေတယ်လို့ ယူဆတယ်။ ကျွန်တော်တို့ နှစ်ဖက်ဆွေးနွေးပြီးရင် အပစ်အခတ်ရပ်စဲရေးကို ဦးတည်သွားတဲ့ အပြုသဘော တိုးတက်မှု တွေကိုတော့ မျှော်လင့်ပါတယ်။ နောက်တစ်ခု အေအေ သာမက အေအေနဲ့ ပတ်သက်နေတဲ့ မဟာမိတ် လေးဖွဲ့ပေါ့လေ။ KIA ၊ TNLA၊ ကိုးကန့် MNDAA ၊ AA တို့က တစ်ဦးချင်းအနေနဲ့ ဆွေးနွေးမယ်။ လေးအဖွဲ့ အနေနဲ့ ဆွေးနွေးမယ်ဆိုရင်လည်းဆွေးနွေးမယ်။ အေအေ အစ နိဒါန်းဟာ မြောက်ပိုင်း မဟာမိတ် အားကုန်လုံး ငြိမ်းချမ်းရေး ဖြစ်စဉ်ထည့်မှာ ပါလာနိုင်တယ်။ အလားအလာကောင်းကို ကျွန်တော်တို့ မျှော်လင့်နေကြပါတယ်။

မေး-နောက်တစ်ကြိမ်မှာ ဘယ်လိုအဆင့်အထိ တာဝန်ရှိသူတွေ တွေ့မယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ- နောက်တစ်ကြိမ်မှာတော့ အခုတွေ့ခဲ့တဲ့ဟာထက် ပိုပြီးတော့ အဆင့်မြင့် လေးနက်တယ်ပေါ့နော်။ ပေါ်လစီရေးရာ ကိစ္စတွေကိုဆွေးနွေးနိုင်တဲ့ အဖြေပေးနိုင်တဲ့ ခေါင်းဆောင်တွေနဲ့ တွေ့မယ်လို့ ကြားရပါတယ်။

မေး- နောက်အခြေမှာ ရခိုင်ဘက်မှာ အပစ်အခတ်ရပ်စဲရေးနဲ့ တိုက်ပွဲတွေနဲက ပတ်သက်လို့ကော ဘယ်လို အခြေအနေရှိပါသလဲ။
ဖြေ- လောလောဆယ် နှစ်ဦးနှစ်ဖက် နားလည်မှုအပြည့်နဲ့ အပစ်ခတ်ရပ်စဲထားတယ်ဆိုတော့ အပေါ်က ပြောတဲ့ဟာလည်း ထိရောက်မှုရှိနေတဲ့ အတွက် လောလောဆယ် အောက်ခြေမှာလည်း ငြိမ်နေကြပါတယ်။ ငြိမ်းချမ်းနေကြတယ်ပေါ့။ ကျွန်တော်တို့ ဒီထိပ်သီးခေါင်းဆောင်တွေ မတွေ့ခင်ကြာထဲမှာပဲ ရခိုင်ပြည်နယ် စစ်တွေဘက်မှာလည်း ဒေသဆိုင်ရာ နှစ်ဘက်တပ်မှူးကြီးတွေ တွေ့မယ်လို့ ကျွန်တော်တို့ ပြောသံကြားပါတယ်။ အဲဒီဟာ တွေ့ဖို့တော့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီကြားထဲမှာ တွေ့မှာလား။ ဒါမှာမဟုတ် ထိပ်ပိုင်ခေါင်းဆောင်တွေ ဟိုဘက်မှာ တွေ့ပြီးမှ တွေ့မလားဆိုတာ ကျွန်တော်တို့လည်း သေချာမပြောနိုင်ဘူး။ အဲတာတွေက တွေ့ဖို့လည်း လိုအပ်ပါ။ တွေ့လည်း တွေ့ဖြစ်လိမ့်မယ်ထင်ပါတယ်။

မေး- ဒီအခြေအနေကို ရယူပြီးတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဘယ်လိုမျိုး ဆက်သွားလို့ရနိုင်မှာပါလဲဆရာ။
ဖြေ- အခုကလည်း NLD ဘက်ကလည်း အရင် ငြိမ်းချမ်းရေး ဖြစ်စဉ်ပေါ်မှာ ပြန်လည်သုံးသပ်ပြီးတော့ ဒီထက် ကောင်းလုပ်မယ့်လို့ စဉ်းစားနေကြတယ်လို့ ကြားပါတယ်။ တပ်မတော်ဘက်ကလည်း အစိုးရ အသစ်ကာလမှာ တပ်မတော်အနေနဲ့ နောက်ဆုံး ကြိုးပမ်းချက်တစ်ရပ်အနေနဲ့ ၂ဝ၂ဝ မှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတယ် သဘောထားကို အကောင်အထည်ဖော်တယ်အနေနဲ့ ဒီဖြစ်စဉ်ကို အကောင်ဆုံး ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ နိုဝင်ဘာ ၉ ရက်နေ့မှာ ငြိမ်းချမ်းရေးကော်မတီ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကော်မတီတစ်ခုကို ဖွဲ့စည်းလိုက်တယ်။ ပြီးတော့ စတင် ် လှုပ်ရှား နေတာလည်း တွေ့တယ်။ ချက်ချင်း ဆက်တိုက်ဆိုသလိုပဲ အေအေနဲ့ နားလည်မှုရတာ တွေ့တယ်ဆိုတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ အားကုန်လုံး လက်နက်ကိုင်အဖွဲ့အစည်း အားလုံးပါဝင်လာနိုင်ရေးအတွက် လမ်းကြောင်းဟာ ပွင့်နေတယ်လို့လည်း ယူဆရပါတယ်။


(ပြီး)

ဆက်စပ် သတင်းများ