Preview

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ လွတ်လာမှုအပေါ် ပြည်သူများရဲ့ ရင်ထဲကစကားသံများ

ဖေဖော်ဝါရီ ၁၂/ ၂၀၂၁ | ကြည့်ရှုသူ :5183
အင်တာဗျူး

ဆောင်းဇာခြည်

 

နိ၇ဉ္စရာ၊ ေဖော်ဝါရီ ၁၂/ ၂၀၂၁

 

မမိုင်စုစုလှိုင် (ချင်းတိုင်းရင်းသူ-အမ်းမြို့နယ်)

 

ကျွန်မတို့ ပြည်သူတစ်ယောက်အနေနဲ့ ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒေါက်တာအေးမောင်ဆိုတာလည်း ရခိုင်ပြည်နယ်မှာ အမျိုးသားရေးကို ဦးဆောင်ပြီး လုပ်ဆောင်နေတာကိုတွေ့၇တယ်။ တကယ့် တကယ်ကျလို့ရှိရင် သူကနိုင်ငံတော် ပုန်ကန်မှုနဲ့ဆိုပြီး နှစ်အရှည်ကြီးချခဲ့တယ်။ အဓိက ကျွန်မတို့ ရခိုင်ပြည်နယ်မှာ အမျိုးသားရေးကို ရှင်သန်ဖို့အတွက် အမျိုးသားနိုင်ငံရေး ခေါင်းဆောင်ကြီး တစ်ယောက်ဟာ နှစ်ရှည်လမျှ ထောင်ကျခံရတယ်ဆိုတော့ စိတ်မကောင်းတော့ဖြစ်မိပါတယ်။ ဒါပေမယ့် ဒီနေ့မှာ သူတို့ကို နိုင်ငံရေးလွတ်ငြိမ်းချမ်းသာခွင့်ရပြီး ပြန်လွတ်လာတော့အရမ်းဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ဝမ်းသာမိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်မတို့ တိုင်းရင်းသားတွေရဲ့အရေးကို ဖော်ဆောင်ပြီးလုပ်ဆောင်သွားတဲ့ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်ဆိုတာလည်း ကျွန်မတို့ မြင်နေရတယ်ပေါ့။သူတို့ ပြန်လွတ်လာတဲ့အပေါ် ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင် တိုင်းရင်းသားတွေရဲ့အရေးအရမ်းအရေးကြီးနေတယ်။ ဒီမိုကရေစီပဲ ပြောပြော၊ ဖက်ဒရယ်ပဲပြောပြော ကျွန်မတို့ကတိုင်းရင်းသားအရေးမှာ ဖော်ဆောင်ပြီးလုပ်နေတဲ့ ခေါင်းဆောင်တစ်ယောက်အတွက်ဆိုရင်တော့ ကျွန်မတို့ရခိုင်ပြည်နယ်ရဲ့ အနာဂတ်ရယ်၊ နောက်ပြီး ကျွန်မတို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးရဲ့အနာဂတ်ကို ပိုမိုတောက်ပလာမယ်လို့ ကျွန်မထင်မိပါတယ်။

 

မမေစုလှိုင် (၇သေ့တောင်မြို့နယ်စေတီပြင်စစ်ဘေးရှောင်စခန်း)

 

ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်လွတ်လာတဲ့အပေါ်မှာ ကျွန်မ၇ခိုင်ပြည်သူလူထု တစ်ယောက်အနေနဲ့ ပျော်ပါတယ်။ အရမ်းပျော်ပါတယ်။ သူတို့အခုလို ပြန်လွတ်လာတဲ့အပေါ်အခု ရခိုင်ပြည်နယ်မှာက စစ်ဖြစ်နေတဲ့အလားအလာတွေမှာ ငြိမ်းချမ်းမှုတွေ ဖြစ်ရင်ဖြစ်လာမယ်လို့ကျွန်မတို့ မျှော်လင့်တယ်။ တိုင်းရေးပြည်ရေးအခြေနေက အေးချမ်းသွားမယ်လို့ မျှော်လင့်ချက်နဲ့လည်းသူတို့လွတ်လာတဲ့အပေါ် ပျော်ရွှင်၇ပါတယ်။

 

ကိုကျော်မိုးနိုင် (မာန်အောင်မြို့နယ်မှလူမှုရေးဆောင်ရွက်သူ)

 

ကျွန်တော်တို့က ရခိုင်ပြည်သူတစ်ယောက်အနေနဲ့ သူတို့ လွတ်လာတဲ့အပေါ်အများကြီး ကြိုဆိုပါတယ်။ ဂုဏ်ယူတယ်။ သူတို့မိသားစုနဲ့အတူ ထပ်တူဝမ်းသာရပါတယ်။ နောက်ပြီးရခိုင်ခေါင်းဆောင်တစ်ယောက်လွတ်လာတဲ့အတွက်ကြောင့် ရခိုင်ပြည်သူတွေရဲ့ မျှော်လင့်ချက်ပိုပြီး ကောင်းလာမယ်လို့ ထင်တာပေါ့။ သူလည်း အများကြီးလုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်တာပေါ့။ ဒါကို အရင်ကတည်းက မျှော်လင့်နေတာပေါ့။ သူတို့လွတ်လာတဲ့အတွက်ကြောင့်ရခိုင်မှာဖြစ်နေတဲ့ ပြဿနာတွေ အမျိုးသားရေးတွေ အားလုံးကို ကောင်းမွန်လာမယ်လို့ ထင်ပါတယ်။သူတို့ ပေါင်းစပ်ညှိနှိုင်းပေးနိုင်မယ်လို့ မျှော်လင့်တာပေါ့နော်။

 

ကိုဇွဲထက်မာန် (သံတွဲမြို့နယ်လူမှုရေးလုပ်ကိုင်နေသူ)

 

 ဒါဟာ တကယ့်ကို ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပေါ့။ အရမ်းလည်း ဝမ်းသာမိပါတယ် အခုလို လွတ်လာတယ်ဆိုတော့။ ဒေါက်တာအေးမောင်ဆိုတာကလည်းရခိုင်က တကယ့်ကို အားကိုးရတဲ့ အားကိုးလေးစားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လေ။ အခုလိုလွတ်လာတော့ရခိုင်တစ်ပြည်လုံးက ဝမ်းသာရပါတယ်။ သူတို့အခုလိုပြန်လွတ်လာပြီးတဲ့နောက် ရခိုင်ပြည်နယ်ဟာဒီထက်ပိုပြီး တိုးတက်လာမယ်၊ ပြောင်းလဲလာမယ်လို့ ထင်ပါတယ်။ ဒေါက်တာအေးမောင်က ရခိုင်ပြည်နယ်တိုးတက်အောင် လုပ်ပေးနိုင်သူတစ်ဦးလည်း ဖြစ်တယ်။ အရင်က ထောင်ကျသွားတယ်ဆိုတော့ ဆုံးရှုံးရသလိုပဲ။အခုလိုပြန်လွတ်လာတော့ ရခိုင်ပြည်ရဲ့ မျှော်လင့်ချက် ပြန်ရလာတယ်လို့ ယူဆ၇ပါတယ်။

 

#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.