ချစ်အိလှိုင်
နိရဉ္စရာ၊ မေ ၇/ ၂၀၂၁ (အင်တာဗျူး)
ကိုကျော်ဆန်းလှိုင်သည် သူ၏ သူငယ်ချင်းတစ်ဦးဖြစ်သည့်Emily Hannah နှင့်ပူးတွဲရေးသားခဲ့သည့် အမေရိကန် အခြေစိုက် TIME Magazine ၏ (၁၆/၁၁/၂၀၂၁) ပါ The People In Parts Of Myanmar AreLiving Under The World’s Longest Internet Shutdown. It’s Putting Lives InDanger ဆောင်းပါးဖြင့် (၂၅)ကြိမ်မြောက် Human Right Press Awards ကို Emily Hannah နှင့် အတူ ပူးတွဲရရှိခဲ့သည်။ ၎င်းဆုကို မေလ ၆ ရက်နေ့က ချီးမြှင့်ခဲ့ပြီး အဆိုပါဆု ချီးမြှင့်၇ခြင်းနှင့်ပတ်သက်ပြီး မချစ်အိလှိုင်က ဆက်သွယ်မေးမြန်းထားသည်။
မေး- အစ်ကိုက လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးရေးတဲ့ ဆောင်းပါးဆုရရှိတယ်လို့ သိ၇တယ်။ ဒီအကြောင်းလေးပြောပြပေးပါ။
ဖြေ- ကျွန်တော်ကကျတော့ မြောက်ဦးမြို့နယ်ရွာလေးတစ်ရွာမှာမွေးပါတယ်။ ကျွန်တော်ကလက်ရှိ ပထမဆုံးကျတော့ ကျွန်တော်တို့ ရခိုင်အရေးနှင့်ပတ်သက်ပြီးတော့ နိုင်ငံတကာသတင်းမီဒီယာ တွေကနေပြီးတော့ တိုင်းမဂ္ဂဇင်းတို့ လိုနေရာတွေကရခိုင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို နိုင်ငံတကာစာမျက်နှာပေါ်မှာရောက်ဖို့၊ နောက်ပြီး စစ်တပ်ရဲ့ ဒီလူ့အခွင့်ရေးချိုးဖောက်နေတဲ့ဟာကိုနိုင်ငံတကာက သိရှိဖို့ပေါ့။ ဒီအပေါ်မှာ တစ်စုံတစ်ရာ လုပ်ဆောင်ချက်တွေကို တုန့်ပြန်မှုတွေတစ်စုံတစ်ရာ ရရှိစေလိုတဲ့ အတွေးအခေါ်နဲ့လုပ်နေတာပါ။ လက်ရှိမှာတော့ ကျွန်တော်က စစ်အာဏာသိ်မ်းပြီးနောက်ပိုင်းမှာသတင်းမီဒီလွတ်လပ်ခွင့်ဆုံးရှုံးမှုတွေ၊ လူ့အခွင့်ရေးဆုံးရှုံးမှုတွေ၊ နောက်ပြီးတော့တိုင်းရင်းသားအရေးတွေကို နိုင်ငံတကာသတင်းဌာနတွေကို တောက်လျှောက် စာရေးနေပါတယ်။
မေး-ဘယ်လိုဆုမျိုးကို၊ ဘယ်ဆောင်းအပါးအပေါ်၊ဘယ်လိုအဖွဲ့အစည်းကဆုချီးမြှင့်ခဲ့တာပါလဲ။
ဖြေ- အခုဆုကကျတော့ ကျွန်တော်တို့ ဟောင်ကောင်အခြေစိုက်ပေါ့နော်ဒီနိုင်ငံ တကာသတင်းမီဒီယာများအဖွဲ့(TheForeign Correspondents Club)ရယ်၊ ( Hong Kong Journalists Association) ရယ် ၊ ဟောင်ကောင်အခြေစိုက် နို်င်ငံတကာ လွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International Hong Kong)ရယ်၊ သူတို့ သုံးဖွဲ့ကပေါင်းပြီးတော့ပေးတာပေါ့။ ကျွန်တော်က ဘယ်ဆောင်းပါး အပေါ်မှာ ရတယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာအင်တာနက် အင်တာနက် ပိတ်ဆို့မှုမှာ ကျွန်တော်တို့ ရခိုင်လူငယ်အနေနဲ့ ဘယ်လိုအခက်အခဲ ဒုက္ခတွေရှိနေလဲ။ အခက်အခဲ အတားအဆီးတွေ ရှိနေလဲ။ ပြီးတော့ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့အခွင့်အလမ်းတွေ ဆုံးရှုံးနေရတဲ့ အပေါ်မှာ ရေးထားတာပါ။ ဒီဆောင်ပါးကိုကျတော့ ကျွန်တော်ကတိုင်းမ် မဂ္ဂဇင်း( Time Magazine) မှာ ရေးထားတာပါ။ ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ အမြင်သစ်တွေပေါ့နော်။အဲဒီမှာ Time Magazine မှာကျတော့ Ideal Section လို့ခေါ်တယ်။ အဲဒီမှာရေးထားပြီးတော့ ကျွန်တော်က အခုဒီဆုကို ၇တာပါ။
မေး- ဒီဆောင်းပါးကို ဘာကြောင့် ဆုချီးမြှင့်ခံခဲ့၇တယ်လို့အစ်ကိုအနေနဲ့မြင်ပါလဲ။
ဖြေ- အခုဆောင်းပါးကျတော့ ကျွန်တော်ကဒီဆောင်းပါးကို ရေးပြီးတော့ ကျွန်တော်ရေးထားတဲ့ဟာကို သူတို့ဆီမှာ တင်ပြတာပေါ့နော်။ကျွန်တော့အနေနဲ့ ဒီဆောင်ပါးက တစ်စုံတစ်ရာ လက်ရှိ၇ခိုင်ပြည် လူငယ်ထုပေါ့နော်။ ကိုဗစ် ၁၉ ကာလမှာ အသည်းအသန်ဖြစ်နေတဲ့အချိန်မှာ အင်တာနက်မရဘူးတစ်ဖက်မှာလည်း လက်နက်ကိုင်ပဋ္ဋိပက္ခရှိနေတယ်။ သူတို့ရဲ့ကျန်းမာရေး၊ ပညာရေး လူမှုရေးအခြေအနေကအစပေါ့။ အရမ်းဆုံးရှုံးနေတယ်။ သူတို့ရဲ့ ပညာရေးလမ်းကြောင်းတွေ၊ ပညာရေး အခွင့်အလမ်းတွေပျောက်ဆုံးနေတယ်ပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း မြောက်ဦးမြို့နယ်က လူငယ်တစ်ယောက်ဖြစ်တယ်ပေါ့နော်။အဲဒီမှာ ကျွန်တော်ရဲ့ ဖြတ်သန်းလာရတဲ့အကြောင်း နဲ့ ကျွန်တော်က ယှဉ်တွဲပြီးတော့ ရေးထားတာပါ။ဒီအပေါ်မှာ ကျွန်တော်မြင်တာက လက်ရှိကမ္ဘာမှာလည်း ကပ်ရောဂါဖြစ်နေတယ်ပေါ့နော်။ အခြားနို်င်ငံတကာဖက်ကပြန်ပြီးကြည့်ရင်လည်း ကိုဗစ် ၁၉ ကာလဖြစ်တဲ့အတွက်ကြောင့်အခြားဗမာပြည်ဖက်က လူငယ်ပဲ ဖြစ်ဖြစ်ပေါ့နော်၊လူငယ်တွေ အကုန်လုံးက အင်တာနက်ပေါ်ကို ရောက်ပြီးတော့ သူတို့ရဲ့စာကြည့်တိုက်လို၊ တက္ကသိုလ်လိုဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ရခိုင်ပြည်ဖက်မှာ လူငယ်တွေကတော့ အဲလိုအခွင့်အရေးကိုမရဘူး။ မရတဲ့အတွက် အခွင့်အရေးကို ဆုံးရှုံးနေတဲ့အတွက်ကြောင့် လူအခွင့်ရေးအရဆိုရင် ပထမဆုံးအချက်ဆိုရင်သတင်းကို လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်တွေလို တကယ့်အခြေခံကျတဲ့ အချက်တွေကို မရဘူး။အဆုံးရှုံးခံနေရတယ်။ပြီးတော့ အင်တာနက်ပိတ်ထားတာလည်း နည်းတာမဟုတ်ဘူးပေါ့နော်။ ကမ္ဘာ့အကြာဆုံးအင်တာနက်ပိတ်ထားပြီးတဲ့နောက် ဒီလူငယ်တွေရဲ့ အခွင့်အလမ်းတွေကို ဆုံးရှုံးနေ၇တယ်ဆိုတဲ့ သဘောသဘာ၀တွေကိုဆောင်တဲ့အတွက်ကြောင့်ကျွန်တော့အနေနဲ့မြင်တာက ဒီပေါ်မှာ သူတို့အနေနဲ့ လက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာကိုထင်ဟပ်စေတဲ့အတွက်ကြောင့် ပေးတာလို့ကျွန်တော့အနေနဲ့ ယူဆပါတယ်။
မေး- ဒီဆောင်းပါးကို ဘာကြောင့် ရေးဖြစ်ခဲ့တာပါလဲ။
ဖြေ- ကျွန်တော်တို့ ရခိုင်ပြည်မှာပေါ့နော်။အင်တာနက်ပိတ်ဆို့ခံထားရတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ ၊ကျွန်တော်တို့ မိဘတွေက အစပေါ့နော်။ဒီအထူးသဖြင့် ၇ခိုင်ပြည်နောက်ပိုင်း ၈ မြို့နယ်ရယ်။ ပလက်၀ရယ်ပေါ့။ လူငယ်တွေအများကြီးနေထိုင်ကြတယ်။ကျွန်တော်ကိုယ်တိုင်ကလည်း ရခိုင်မှာ မရှိဘူးပေါ့နော်။ ကျွန်တော်ရခိုင်မှာ မရှိလို့လည်းကျွန်တော်ဒီဆောင်းပါးကို စရေးဖြစ်တာပေါ့။ သူတို့ရဲ့ နေ့စဉ်ဓူ၀ ခံစားနေရတဲ့အကြောင်းအရာတွေအပေါ်မှာကျွန်တော့အနေနဲ့ အရမ်း စိတ်မကောင်းဖြစ်တယ်။ ဥပမာဆိုရင် ကျွန်တော်တို့ဖက်ကဆိုရင် ကိုဗစ်-၁၉လို့ သူတို့မသိဘူး။ တရုတ်ပြည်ဖက်ကနေလာတဲ့ ရောဂါပိုးပေါ့နော်။ ဒီရောဂါပိုးကို ပျောက်ကင်းမယ်ဆိုရင်အရက်သောက်ရတာတို့။ ငရုတ်ကောင်းကို ထောင်းပြီးသောက်၇တာတို့ အဲလိုပုံစံမျိုးတွေ အများကြီးရှိတယ်။ ဒီလိုပုံစံမျိုးတွေသတင်းအချက်အလက်တွေမှားယွင်းပြီးတော့ ဖြစ်နေတာက အင်တာနက်ဖြတ်တောက်မှုကြောင့်ဖြစ်တယ်။ ဒီအပေါ်မှာ ကျွန်တော့အနေနဲ့အရမ်းခံစားရတယ်။ ဒါကြောင့်ကျွန်တော် ဒီဆောင်းပါးကို တစ်လကျော်နှစ်လလောက် ရေးလိုက်ရတယ်ပေါ့။ကျွန်တော်ရေးတာတစ်ပတ်ဆိုပေမယ့် အယ်ဒီတာနဲ့ အပြောင်းအပြန်လုပ်လိုက်တော့ တစ်လကျော်၊ နှစ်လလောက်ဖြစ်သွားတယ်ပေါ့။
မေး- ဒီဆုရတဲ့အပေါ်ဘယ်လိုခံစား၇ပါလဲ
ဖြေ- ဒီဆုရတဲ့အပေါ်မှာ ဘယ်လိုခံစားရလဲဆိုတော့ကျွန်တော့ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာ တစ်စုံတစ်ရာ အသိအမှတ်ပြုတာလည်း ဖြစ်တယ်။ နောက်တစ်ခုကကျွန်တော် တစ်ယောက်တည်း မဟုတ်ဘူးပေါ့နော်။ ကျွန်တော့ သူငယ်ချင်းတွေ၊ ကျွန်တော့ မိဘတွေကျွန်တော်တို့ ၇ခိုင်ပြည်မှာ နေထိုင်ကြတဲ့ လူငယ်တွေ၊ ပြီးတော့ သူတို့ရဲ့ဆုံးရှုံးနေရတဲ့အခွင့်အလမ်းတွေကိုတစ်စုံတစ်ရာ နေပြီးတော့ နိုင်ငံတကာက သိရှိရတဲ့အတွက်ကြောင့်လည်း ကျွန်တော့အနေနဲ့ကျေနပ်တာပေါ့။ဒါပေမယ့် အများကြီးကျေနပ်လားဆိုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ လုပ်ဆောင်စရာရှိတာကိုဆက်လုပ်ရမယ်။ဒီလောက်နဲ့ပဲ ရပ်တန့်နေလို့မရတဲ့သဘောရှိတယ်။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။
(ပြီး)