Preview

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့NSPNCနဲ့ နိုင်ငံရေးပါတီ ၁၈ ခုတို့ တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ(AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်နဲ့အင်တာဗျူး

အောက်တိုဘာ ၁၇/ ၂၀၂၁ | ကြည့်ရှုသူ :4318
အင်တာဗျူး

အမာနှစ်ခုကြားမှာ ကာလတစ်ခုထိ ကြားဝင်ပြီးမှ လုပ်ပေးမယ့် အင်အားစုတစ်ခုဟာ လိုအပ်တယ်။အဲဒါဟာ နိုင်ငံရေးပါတီတွေပဲ

(၇ခိုင့်ဦးဆောင်ပါတီ/AFPဥက္ကဋ္ဌ ဒေါက်တာ အေးမောင်)

ချစ်အိလှိုင် မေးမြန်းတင်ပြသည်။

အောက်တိုဘာ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့  နိုင်ငံရေးပါတီ ၁၈ ခု တို့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကို၇ခိုင့်ဦးဆောင်ပါတီ(AFP) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တက်ရောက်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒေါက်တာအေးမောင်ကို တွေ့ဆုံ မေးမြန်းတင်ပြပေးလိုက်ပါတယ်။

မေး- ဟုတ်ကဲ့ပါဆရာဒီနေမှာဒုတိယဗိုလ်ချုပ်ကြီးရာပြည်နဲ့  နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံပွဲမှာ ရခိုင်ကပါတီမှာဆိုရင် ဆရာတို့ AFP ပါတီ တက်ရောက်တယ်လို့သိရပါတယ်။ အစည်းအဝေးမှာ ဘယ်လိုအချက်တွေကိုဆွေးနွေးခဲ့တာ လဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးလို့ရမလားရှင့်။

အဖြေ- ဟုတ်ကဲ့၊ အစည်းအဝေးက ဟိုတုန်းက NCA စာချုပ်ဆိုတာ ခင်ဗျားတို့လည်း ကြားဖူးမှာပါ။ အစိုးရ နှစ်ရပ်ရှိတုန်းက လည်းဘဲ UPDG ဆိုတာရှိတယ်လေ။အဲဒီက အတွင်းရေးမှူး ဘာညာ ကိစ္စပြီးမှ ညီလာခံပေါ့နော်။ အဲဒီမှာ ၃ ခြမ်းပါတာပေါ့၊ နိုင်ငံရေးပါတီ၊အစိုးရလွှတ်တော် နဲ့ တပ်မတော်ပေါ့။ လက်မှတ်ထိုးတာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းဆိုတာ၃ ဖွဲ့ ၃တန်ပါတယ်လေ။ အဲတော့ အခုက သိတဲ့အတိုင်းဘဲ သိတဲ လက်ရှိ SAC (State AdministrationCouncil/ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) က အရေးပေါ်ကာလအပြီးမှာနိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို ထိမ်းသိမ်းလိုက်ရတယ်ဆိုတာ ဖြစ်လာတာပေါ့။ အဲဒီမှာ တစ်ဖက်ကလက်မှတ်ထိုးတာတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တွေက လွှတ်တော်ဆိုတာမရှိတဲ့အခါမှာ လက်ရှိအစိုးရနဲ့ငြိမ်းချမ်းရေးဆွေးနွေးဖို့ လည်းအခက်အခဲဖြစ်လာကြတာပေါ့။ ၃ ဖွဲ့မှာ လွှတ်တော် အစိုးရမရှိတဲ့အခါမှာNCA ပါ၃ခြမ်းမှာ ၂ခြမ်းနဲ့တွေ့ဖိုဆိုတာမျိုးကို SOC ဘက်က အကြောင်း ပြကြတာပေါ့။ နိုင်ငံရေးအစိုးရမဟုတ်ဘူး။ တပ်မတော်အာဏာထိမ်းတဲ့ အစိုးရဖြစ်တယ်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တစ်စုံတစ်ခုအတိုင်းအတာထိပေါ့လေ အများအမြင်မှာတော့ ရပ်နေတဲ့သဘော ဖြစ်လောက်တယ်၊ ဒါပေမဲ့လည်းအစိုးရရဲ့ ခုဏကပြောတဲ့ အမျိုးသား စည်းလုံး ညီညွတ်ရေး နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းရေးကော်မတီဆိုတာလေ MSDA ဆိုတာသူတို့ ဖွဲ့ထားတာရှိတယ်။ အဲဒီမှာ ဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်တာပေါ့။ အဲဒီမှာ သူတို့ရဲ့အမြင့်ဆုံးက MSPCC (ခ)ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် ဦးဆောင်တာ့ပေါ့။ အဲဒီနောက် MSPWC ဆိုတာ လုပ်ငန်းကော်မတီဆိုတာရှိတာပေါ့။အဲဒီမှာ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းက ဦးဆောင်တာပေါ့။ MSPNC အခု ကျွန်တော်တို့ ကိစ္စလေးတွေ အလုပ်လေးတွေရှိတာပေါ့။ အဲဒီမှာခုဏက ဗိုလ်ချုပ်ကြီး ရာပြည့်တို့က ဦးဆောင်တဲ့ MSPCဆိုတာ ရှိတာပေါ့။ အစိုး၇က MSPC အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ညှိနှိုင်းရေးကော်မတီနဲ့ လက်ရှိအခင်းအကျင်းမှာ နိုင်ငံရေးပါတီနဲ့ တွေ့ဆုံကြတယ်။ အဓကကတော့UPDGC နိုင်ငံရေးပါတီများတစ်ခြမ်းပေါ့လေ။ ဦးသိန်းစိန် လက်ထက်တည်းက ပါခဲ့ပါတယ်။ အဲဒီတုန်းကတော့ နိုင်ငံရေးပါတီအနိုင်ရဆိုတာမရှိခဲ့ဘူး၊ဦးသိန်းစိန်လက်ထက်မှာလေ။ NLD တက်လာတဲ့အခါမှာအနိုင်ရတဲ့ နိုင်ငံရေးပါတီမှ ဆိုတာဘောင်ရှိလိုက်တာပေါ့။ အခုနိုင်ငံရေးပါတီများ ဆိုတာရှိတာပေါ့။အဲဒီမှာ အနိုင်၇တို ဘာတို့ကိုလည်း ၂၀၂၀ ရွေးကောက်ပွဲကို ပယ်ဖျက်လိုက်တဲ့အခါမှာ မရှိတော့ဘူးပေါ့လေ။ဆိုတော့ ဒီတစ်ဘက်ခြမ်းပေါ့ တိုင်းရင်းသား အပါအဝင် ပြည်မနိုင်ငံရေးပါတီ အားလုံးပါဝင်တဲ့တစ်ခြမ်းက ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ညှိနှိုင်းရေးနဲ့ပတ်သက်လို့ အာသီသတော့ ရှိကြတာပေါ့။အဲဒါကို MSPC ကဖိတ်တာပေါ့ဗျာ။ ဗိုလ်ချုပ်ကြီးရာပြည့်တို့ကဖိတ်တာပေါ့။ ပြီးတော့ ဘယ်လို ငြိမ်းချမ်းရေးကိုဒီကာလမှာ ရှေ့ကို ဆက်သွားကြ မှာလဲဆိုတာကို အကျိုးအကြောင်းလေးတွေ၊ အတိတ်က ဦးသိန်းစိန်လက်ထက်ကတည်းက ဒီနေ့အထိလက်ရှိ process ကိုဗိုလ်ချုပ်ကြီးမင်းနောင်က ရှင်းပြတာပေါ့။ ခုဏကလို ရှေ့ဆက်ဘယ်လိုသွားကြမလဲဆိုတာလေးကိုဆွေးနွေးကြတဲ့ အပိုင်းပေါ့လေ။ ပါတီက ၂၀ ကို ဖိတ်တယ်လို့ပြောပါတယ်။ အဲဒီမှာ ၁၈ ပါတီရောက်တာပေါ့။အဲဒီမှာ တစ်ပါတီ၊ မတူကွဲပြားတဲ့ပါတီ။ နေမျိုးဝေတို့က COVID တွေ့တဲ့အခါ ဆေးရုံတက်တာတို့ Quarantine ဝင်တာတို့ဖြစ်တယ်သွားတာပေါ့။ အဲဒီတော့၁၆ ပါတီကတော့ရောက်တာပေါ့။ ဟိုဘက်က NSPC နဲ့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာ လက်ရှိနိုင်ငံရေး အကြပ်အတည်းတွေအကုန်လုံးကို ဆွေးနွေးသုံးသပ်ကြပါတယ်။ နိုင်ငံရေး ပါတီများဘက်ကလည်း ၁၆ ပါတီကိုတက်တယ်။ ၂၀ ပါတီကိုဖိတ်တယ်။ ၂ ပါတီက Quarantine ဝင်နေကြတာကို။အဲဒါကြောင့် နိုင်ငံရေးပါတီအားလုံးကို မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ အားလုံးပါဝင်တဲ့UPDGC မှာပါတီဆိုတဲ့အခြမ်းက ၁၆ ဦးပါနိုင်အောင် ကာလတစ်ခုမှာတော့ဖြင့် NSPC ကဖိတ်ကြားလို့ဘဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးပြီးတော UPDGC ရဲ့ပါတီခြမ်းကို၁၆ဦးကို ဘယ်သူ့ကို ဘယ်ပါတီကို ရွေးကြမှာလည်းဆိုတာ အစည်းအဝေးတစ်ခု ကာလတစ်ခုမှာ ရှိလာပါမယ်။အဲဒီမှာ ၁၆ ဦးကတော့ တစ်ကယ်ဆွေးနွေးမယ့် ပုဂ္ဂိုလ်တွေ ပေါ့ နောက် ၁၀ ဦးကတော့ အကြံပေးတို့ဘာတို့ပေါ။အားလုံး ၂၆ ဦးပါဝင်တဲ့ နိုင်ငံရေးပါတီများဘက်က ရွေးကြ မယ်ပေါ့။ အဲဒီထဲကမှ တစ်ကယ်အလုပ်လုပ်တဲ့Work ကော်မတီကို၅ ယောက်ကနေ ၈ ယောက်လောက်ကြားမှာ ဖွဲ့ပေးကြဖို့လည်း သဘောတူကြပါတယ်။ အဲဒါကြောင့် အခုတွေ့ဆုံမှုဟာParliamentary ပေါ့နော်တစ်ဆို့နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အစလည်း ဖော်ပေးနိုင်အောင် Initiate လုပ်တာပေါ့။နောက်ကာလတစ်ခုမှာ အန်ကယ် ပြောတဲ့အတိုင်းဘဲ တစ်လ သို့မဟုတ် ကာလတစ်ခုကြာတဲ့အခါမှာ ရက်တိုလေးပါနိုင်ငံရေးပါတီအားလုံးတွေ့မယ်။ ၁၆ ဦး ဘယ်လိုရွေးကြမလဲ အများသဘောတူပေါ့ တိုင်းရင်းသားပါတီတွေဘက်ကရော ပြည်မ ပါတီဘက်ကရော ဘယ်လို ကဏ္ဍတွေက ပါကြမလဲ ဘယ်သူတွေပါမယ်၊ ဘယ်ပါတီပါမယ်။ အဲဒီမှာအနိုင်ရတို့ အနိုင်မ၇တို့ဆိုတာ မသတ်မှတ်တော့ဘူး။ အဲဒီမှာ အကြံပေး ၁၀ဦးအပါ ၂၆ ဦးရွေးကြမှာပေါ့။ခုဏက ပြောသလို အဲဒီထဲကမှ WorkingCommittee မှာ ၅ ဦးကနေ ၈ ဦးကြား လောက်ကို ရွေးကြမှာပေါ့။ ဒါက လာမည့်ကာလလေးမှာ ဖြစ်လာမယ့် အခင်းအကျင်းပေါ့ဗျာ။ အဲဒီတော့ မေးတဲ့မေးခွန်းမှာပါတဲ့အတိုင်းပဲဘာတွေ ဆွေးနွေးကြသလဲဆိုတာကို လက်ရှိ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးကြတယ်။ ငြိမ်းချမ်းရေးကိစ္စတွေဆွေးနွေးကြတယ်။ တော်တော်များများ က ဘာကြောင့် လက်ရှိနိုင်ငံရေးအခင်းအကျင်းဟာ NCA လမ်းကြောင်းကနေဦးသိန်းစိန်ခောတ်ကနေ ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဝင်းမြင့်တို့ခောတ်ပေါ့ဗျာ။ ထင်သလောက် ခရီးမပေါက်ကြတာကို သုံးသပ်ကြတာပေါ့။Structure ပိုင်းများနေလို့လား၊ ဆွေးနွေးရမယ့် ကဏ္ဍတွေ များပြီးမှ လေးပြီးမှ ကျွန်တော်တို့ရဲ့ Result က ရည်မှန်းချက်ကိုရောက်တာ နှေးနေတာကို။ အဲဒါကြောင့် ရည်မှန်းချက်ကို မြန်မြန်လေးရောက်အောင် Structure ပိုင်းကိုဘယ်လိုမျိုးပြုပြင်၇မှာလည်း။ NCA မှာလည်းပြဋ္ဌာန်းပြပြီးသားဖြစ်တယ်။ အရင်တုန်းကတော့ Bottom to up ကိုဆွေးနွေးကြတာပေါ့။  အောက်ခြေမှာ ခင်ဗျားတို့လည်းသိတဲ့အတိုင်းပဲအမျိုးသားညီလာခံပဲပေါ့ဗျာ။  အမျိုးသားတွေ့ဆုံဆွေးနွေးပွဲဆိုတာလည်း ၇ခိုင်တို့ချင်းတို့ အမျိုးသားတွေ့ဆုံပွဲတို့တဆင့်မှ ညီလာခံကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ပြုလုပ်တာကို။ အဲဒီတော့ အဲဒါမျိုးအစား Top- Down ပြန်လုပ်မှာလား။မြန်မြန်လေး ထိပ်ပိုင်းပုဂ္ဂိုလ်တွေနဲ့တွေ့ပြီးမှ အဖြေရပြီးမှ အောက်ကို ချပြမှာလား၊စသဖြင့်ပေါ့ဗျာ။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဖြစ်သင့်တာလေးတွေပေါ့ဗျာ။ ဆွေးနွေးကြပါတယ်။အဲဒီတော့ ကျွန်တော့် အနေနဲ့လည်း ဆွေးနွေးခဲ့တာရှိပါတယ်။ အဲဒါကတော့ အခုနကဟာလေးတွေပါပဲ။လက်ရှိ အခင်းအကျင်း ပေါ့နော်။ နှစ် ၀ ကြာတဲ့ကိစ္စ။ လက်ရှိ Structure ပိုင်း တော်တော်လေးကို များနေတဲ့ကိစ္စ။အခုနကိစ္စလေးတွေတင်ပြတာကျတော့ ဒေါက်တာနေဇင်လတ်ပါ။ အဲဒါလေးကို result ကို ဘယ်လိုရအောင်လုပ်ကြမှာလဲ။ဆိုတဲ့အခါမှာ လက်ရှိအခင်းအကျင်း လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးရဲ့ ရည်မှန်းချက်ကဘာလဲပေါ့။ သူရဲ့  Row course  ကိုပြန်သုံးသပ်ဖို့၊ နှစ် ၀ အတွင်းမှာ ဖြစ်ခဲ့တဲ့ Row Couse ကို ပြန်ပြီးတော့ အသေအချာသုံးသပ်ဖို့လိုတယ်။လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ပန်းတိုင်ရည်မှန်းချက်က ဘာလဲ။ အဲဒီရည်မှန်းချက်ကိုသိမှပဲအခုနကလို တစ်ဖက်နဲ့တစ်ဖက် သေတာပြုတာကလည်း တော်တော်များနေကြပြီ။ ဘာပေးဖို့လိုမှာလဲ။ဥပမာ ကင်ဆာသဘောအရ ကင်ဆာကို စတွေ့တယ်။ ပဲခူးမှာစတွေ့တယ်။ ပဲခူးမှာ ချက်ချင်းမဖြတ်ဘူး။ပျဉ်းမနား လောက်က ဖြတ်ပြီးမှ ကင်ဆာကို မကူးအောင်လုပ်၇တယ်။ နှစ် ၀ပြည်တွင်းစစ်ကြီးရဲ့ တိုင်းရင်းသားများလိုလားတဲ့ ရည်မှန်းချက်ကဘာလဲ။ အဲဒီလိုလားချက်ကိုမစို့မပို့ပေးလို့မရတော့ဘူး။ တကယ့်ကို ခုနလို ထဲထဲဝင်ဝင်တွေးပြီးမှ ပေးသင့်တာရဲ့အစွန်ဆုံးပေါ့ဗျာ။အာဏာကုန်ကို ပေးမှပဲ ကင်ဆာလိုမကူးသင့်တာကို မကူးတော့ဘူး။ အဲဒီတော့ ပြည်တွင်း နှစ် ၀ကာလနဲ့ ဒီက ၁၉၇၁ ခုနစ် လွတ်လပ်ရေးရတဲ့ ဘင်္ဂလားဒေရှ့်ကိုပြန်ကြည့်လို့ ဆယ်စုနဲ့ တစ်ခုနဲ့တစ်ခုမှာသွားနေတဲ့ဘင်္ဂလားဒေရှ့်က အခြေအနေမတူတော့ဘူး။ ဘင်္ဂလားဒေရှ့်ဆိုတာလည်း Upper Middle Income နိုင်ငံဖြစ်တယ်လို့သူတို့သတ်မှတ်ထားပြီ။ ၂၀၂၁ မှာပေါ့လေ။ နှစ် ၅၀ ဆယ်ပေါ့လေ။ ၃၁ ဆိုရင် သူတို့ဖက်က ရည်မှန်းချက်ကThe Best ofCountry ဖြစ်အောင်သွားနေပြီ။ အခုလောလောဆယ် ဘင်္ဂလားဒေရှ့်က ကျွန်တော်တို့ထက်ကိုရှေ့ကိုရောက်နေပြီ။ ကျွန်တော်တို့မှာ ပြည်တွင်းစစ်ကြီးကြောင့် ရန်ဖြစ်ကြ။ သတ်ကြ။သေကြပေါ့ဗျာ။ရည်မှန်းချက်တစ်ခုခု ကို ဘယ်လိုပဲချချ ပြီးအောင် မလုပ်နိုင်ဘူး။ စသဖြင့် ပေါ့ဗျာ။ အဲဒီတော့ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ဘယ်လိုလုပ်ကြမလဲ။ ထဲထဲဝင်ဝင်ပါကြမှာလဲ။ ဟုတ်ပြီလား။တစ်ခြားပုဂ္ဂိုလ်တွေက ပြောပါတယ်။  ထဲထဲဝင်ဝင်ပေါ့လေ။တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာ့တပ်မတော်ကြား ညှိ့နှိုင်းပေးနိုင်တဲ့ပုဂ္ဂိုလ်တွေပါဖို့လိုပြီ စသဖြင့်ပေါ့ဗျာ။ ပါတီများစွာဘက်က အကြံပေးကြပါတယ်။ အသွင်တစ်မျိုးနဲ့ပေါ့နော်alternative ဖြစ်အောင်လက်ရှိကာလကို သုံးသပ်ပြတယ်။ ကျွန်တော်တို့လည်း ပြန်သုံးသပ်ပြတယ်။ နိုင်ငံရေး အစိုးရတစ်ရပ်ရှိခဲ့မယ်။အဲဒီနိုင်ငံရေးအစိုးရဟာ နိုင်ငံရေးအရပဲ ဆောင်ရွက်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့အားနည်းတာပေါ့ဗျာ။ စစ်တပ်နဲ့ ပတ်သက်တဲ့အစိုးရကို စစ်တပ်နဲ့လည်း ပတ်သက်တဲ့ နိုင်ငံရေးနဲ့လည်းပတ်သက်တဲ့အစိုးရဟာ အားပိုကြီးတာပေါ့။ အဲဒီလို အားပိုကြီးလာတဲ့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ကဏ္ဍကိုလုပ်တဲ့အခါမှာ ပိုပြီးရှေ့ကိုရောက်တယ်။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာတပ်မတော်နဲ့ထပ်တူ ကျချင်မှ ကျမယ်။ အဲဒီအခါမှာ ငြိမ်းချမ်းရေးကို ဖြေရှင်းရတဲ့အခါမှာအင်မတန်ကြန့်ကြာတယ်။ လိုရင်းမရောက်ဘူး။ အခုဟာက ပြီးခဲ့တဲ့ကာလ န၀တ၊ နယက ခေတ်ကဆိုရင်လည်းပဲနိုင်ငံရေးတို့ စစ်ရေးတို့ကို အစိုးရ တစ်ရပ်က ထိန်းထားတဲ့အခါမှာ WSA တို့လိုဘာလိုအဖွဲ့အစည်းတော်တော်များများနဲ့ ငြိမ်းချမ်းရေးကို ချက်ချင်းလုပ်နိုင်တယ်။ အခုနကလိုနိုင်ငံရေးပြဿနာကို နိုင်ငံရေးအစိုးရတစ်ရပ် လက်ထက်မှာပဲ ငြိမ်းချမ်းရေးကို စတည်ဆောက်လာတဲ့အခါကျတော့အခုလို ဖွံ့ဖြိုးတိုးတက်လာကြတာပေါ့ဗျာ။ တစ်စုံတစ်ခု အတိုင်းအတာအထိ အပစ်အခတ်မရှိတဲ့အနေအထားရောက်လာတာပေါ့။ ဆိုတော့ ကျွန်တော်တို့ ငြိမ်းချမ်းစေချင်လို့ နိုင်ငံရေးပါတီတော်တော်များများကသူ့အမြငကိုယ့်အမြင် ဆွေးနွေးကြတာလည်းရှိပါတယ်။ အဲဒီတော့ ခြုံလိုက်ရင်အခု NSPC နဲ့နိုင်ငံရေးပါတီများတွေ့တာဟာ ပါတီ ၂၀ နဲ့တွေ့တာတော့ ပထမအကြိမ်ပါပဲ။ ကျွန်တော်တို့ကိုထိုးပြတဲ့ တိတ်တွေမှာတော့ ဥပမာဆိုပါတော့ KNDP(ကယားအခြေစိုက်ပါတီ) နဲ့ဆိုရင် ၆ လပိုင်း ၃ ရက်နေ့က တွေ့ခဲ့တယ်။နောက် KPP နဲ့ဆိုရင်လည်း၆ လပိုင်း ၂၃ ရက်နေ့မှာ တွေ့ခဲ့တယ်။ NUP(မွန်ပါတီ)ပေါ့နော် အဲဒါကို ဇွန်လ ၂၁ ရက်နေ့မှာတွေ့တယ်။ ANP နဲ့ကျတော့၁၀ လပိုင်း ၅ ရက်နေ့မှာ တွေ့ခဲ့တယ်ဆိုတာမျိုးကို အဲဒီမှာ စတိတ်လေးတွေထိုးပြတယ်ဗျ။ နောက်ANP ကလည်း၁၀ လပိုင်း ၅ ရက်နေ့မှာ  NSPC မှာ ဦးသာထွန်းလှဦးဆောင်တဲ့အဖွဲ့နဲ့ ဗိုလ်ချုပ်ကြီးရာပြည့်တို့နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ နိုင်ငံရေးပါတီအားလုံးနဲ့UPDJC နဲ့ပက်သတ်တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒီအခင်းအကျင်းမှာ ညှိ့နှိုင်းဆွေးနွေးကြမလဲဆိုတာ ဒီဆွေးနွေးပွဲမှာအစကလေးကို ထုတ်တာပါ။ ပါတီ တစ်ခုချင်း၊ တစ်ခုချင်းနဲ့ NSPC သီးသန့်တွေ့တဲ့ ဆွေးနွေးပွဲမဟုတ်ပါဘူး။ အဲဒါလေးကို ကျွန်တော်သေချာ ရှင်းပြစေချင်ပါတယ်။

မေး- ဟုတ်ကဲ့ရှင့်။ အဲဒီဆွေးနွေးပွဲကိုရော ရခိုင်က ပါတီဘယ်နှစ်ခုလောက်ကတက်ရောက်ခဲ့ပါလဲရှင့်။

ဖြေ- ကျွန်တော်တွေ့တာကတော့ ဦးအေးလွင်ခေါင်းဆောင်တဲ့ပါတီ တက်တယ်ဗျ။ရခိုင်ပြည်နယ် အမျိုးသားနိုင်ငံရေးအင်အားစုထင်ပါတယ်။ ရခိုင်လူမျိုးကိုပြောတာပါ။ နောက်တစ်ယောက်ကဦးကျော်စိန်ထင်တယ်။ ရခိုင်လူမျိုး ဥပဒေပညာရေး အငြိမ်းစားထင်တယ်။ အမျိုးသားဒီမိုကရေစီဥက္ကဋ္ဌဖြစ်ပါတယ်။ နောက်တစ်ယောက်က ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးကျော်ထွန်းနိုင် တက်ပါတယ်။ ဒုတိယဥက္ကဋ္ဌထင်တယ်။ နောက်ကျွန်တော်တက်တယ်။ ၇ခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌအနေနဲ့ တက်ပါတယ်။ အားလုံးပါတီ ၁၆ ခုတက်တယ်။ အဲဒီမှာ ရှမ်းတိုင်းရင်းသားများတိုးတက်ရေးပါတီလည်းတက်ပါတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုရယ်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ရယ်။  လီဆူးအမျိုးသားတိုးတက်ရေးပါတီ၊ပြည့်သူ့ရှေ့ဆောင်ပါတီ၊ ဒီမိုကရက်တစ်ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ အခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊အမျိုးသားတိုး တက်ရေးပါတီ၊ ဒေါက်တာနေဇင်လတ်တို့ပါတီပေါ့။ နောက် အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊နောက် တစည ပါတီ၊ ပအို့အမျိုးသားပါတီ၊ အမျိုးသားမဟာမိတ်များ အဖွဲ့ချုပ်ပေါ့ဗျာ။ NPA စသဖြင့် ကရင့်ပြည်သူ့ပါတီစသဖြင့် တက်ကြပါတယ်။ ပြည့်သူ့ပါတီလည်းတက်တယ်။ ပြည့်သူ့ ရှေ့ဆောင်ပါတီတက်တယ်။ စောနကကျွန်တော်ပြောခဲ့တဲ့ မတူကွဲပြားခြားနားခြင်းပါတီ ကိုနေမျိုးဝေတို့ ပါတီကတော့ ခုနက လာတက်တယ်။နောက် အဲဒီမှာ ဒုတိယ ဥက္ကဋ္ဌတစ်ဦးထင်တယ်။ ပြည့်ဖြိုးကျော်ထင်တယ်။ Positive ရတဲ့အခါ ဆေးရုံပို့လိုက်ရတယ်။ကိုနေမျိုးဝေကိုကျတော့ ကွာရန်တင်းအနေနဲ့ နှစ်ပတ်ကွာရန်တင်း ထားပေးတယ်။ အဲဒီတော့ မတက်ရောက်နိုင်တဲ့ပါတီကတော့ကချင်ပြည့်သူ့ပါတီထင်တယ်။ ဒေါက်တာတူးဂျာတို့ပါတီကလည်း ဖိတ်တဲ့အထဲ ပါတယ်ထင်တယ်။ ANP လည်း ဖိတ်တဲ့အထဲပါတယ်ထင်တယ်။သူတို့ ဘာကြောင့် မတက်လည်းတော့ မပြောတက်ဘူး။ ပါတီ ၂၀ ကိုတော့ ဖိတ်တယ်လို့တော့ ပြောပါတယ်။

မေး- ဟုတ်ကဲ့၊ ဒီနေ့ ဆွေးနွေးပွဲမှာ အဓိက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်အရေးနဲ့ရော သပ်သပ်ဆွေးနွေးခဲ့တာ ရှိပါလား။

ဖြေ- အဲဒါမျိုးကတော့ မရှိသေးဘူး။ Focus လုပ်တာမရှိဘူး။တစ်ပြည်ထောင်စုလုံးနဲ့ ပတ်သက်တဲ့ ကဏ္ဍပေါ့ NCA အရ လက်ရှိ UPDJC အခြေအနေပေါ့။ UPDJC မှာ သုံးခြမ်းပါတယ်။ စောစောက ပြောသလို သုံးခြမ်းမှာ တပ်မတော်ဆိုတာ တပ်မတော်အစိုးရပေါ့၊ လွှတ်တော်ဆိုတဲ့ တစ်ခြမ်းမှာ အဲဒီအခြမ်းကိုတော့ လက်ရှိ ဗိုလ်ချုပ်ကြီးရာပြည့်တို့ NSPC ကယူထားတာပေါ့လေ။အဲဒီမှာ လွှတ်တော်ဆိုတာ မပါတဲ့အခါမှာ လက်ရှိ Summatory အုပ်စုထဲက EAO တွေက ဒီမိုကရေစီအစိုးရတစ်ရပ်မဟုတ်ဘူးဆိုတဲ့ သဘောနဲ့ ဆွေးနွေးပွဲတွေကို မတက်ဘူးဖြစ်တာပေါ့။ အဲဒီဖက်ခြမ်းမှာလွှတ်တော်ဆိုတဲ့ အခြမ်းပါမှ ဖြစ်မယ်လေ။ NCA အရပေါ့။နစကမှာလည်းပဲ လွှတ်တော်က မရှိဘူးလေ။ အဲဒီနှစ်ခြမ်းဟာ တစ်ဆို့နေတာပေါ့။ တစ်ဖက်က EAO အုပ်စုနဲ့  တပ်မတော်ဖက်က လုပ်ဆောင်တဲ့ အခုနက လက်ရှိ ငြိမ်းချမ်းရေးNSPC ပေါ့။ ဆိုတော့တစ်ခြမ်းပေါ့။ နောက်တစ်ခြမ်းက နိုင်ငံရေးပါတီပေါ့။ အဲဒီနိုင်ငံရေးပါတီများ အခြမ်းကတော့နို်င်ငံရေးပါတီဆိုတာ အရင်တုန်းက ပြောသလိုပေါ့။ ဦးသိန်းစိန်လက်ထက်မှာက အားလုံးသော Register ပါတီကိုခေါ်တယ်။အဲဒီကနေ စုပေါင်းပြီးရွေးကြတာပေါ့။ ၁၆ ဦးကိုပေါ့။ ဒါပေမယ့် NLD လက်ထက်မှာအနိုင်၇တဲ့ပါတီက ဥစ္စာတွေနဲ့ limit လုပ်လိုက်တာပေါ့။အဲဒီခါမှာ မနိုင်တဲ့ပါတီ၊ ရွေးကောက်ပွဲမနိုင်တဲ့ပါတီက ဘေးဖယ်ခံ၇တာပေါ့။ အခုသူတို့ပြောတဲ့အတိုင်းပဲ၂၀၂၀ ရွေးကောက်ပွဲအလွန် လက်ရှိ SAC တက်တဲ့ကာလနောက်ပိုင်းမှာ အနိုင်ရတဲ့ပါတီ၊ အနိုင်မရတဲ့ပါတီဆိုတာ မရှိတော့ဘူး။ အဲဒါကြောင့် နိုင်ငံရေးပါတီအားလုံးကိုဦးသိန်းစိန်ခေတ်ကလို နိုင်ငံရေးပါတီ အခြမ်း ငြိမ်းချမ်းရေး UPDJC မှာ ပါနိုင်မယ့်ပါတီတွေကိုတိုင်းရင်သားပါတီလည်းပါမယ်၊ ပြည်မပါတီလည်းပါမယ်။ ဆိုတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုအစပြုနိုင်တဲ့ ကနဦးခြေလှမ်းလေးပေါ့။ ပါတီတွေဖက်က ရွေးလိုက်ပါ။ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာဆက်သွားဖို့ လိုအပ်တယ်။ NSPC ဖက်ကတော့ကျွန်တော်တို့ကို တိုက်တွန်းပါတယ်။ ဖွင့်ပြီးတော့ ဒီလိုအရေအတွက် အတိုင်း ညှိ့နှိုင်းပြီးတော့ကျွန်တော်တို့ကိုပေးပါ။ ဆိုတော့ ကျွန်တော်တို့ ဖက်ကလည်း ပြန်ပြောကြတာပေါ့။ NSPC အတွက်က ကမကထလုပ်ပြီးတော့ဒါကြီးကို အဆင်ပြေအောင်လုပ်ပေးပါဆိုပြီးတော့။ အဲဒါနဲ့ပက်သတ်လို့ သူတို့ဖက်က ဒီနေ့ NSPC ကို ဗိုလ်ချုပ်ကြီးရာပြည့်တို့ဖက်ကStatement လေးတစ်ခုလောက်ထွက်နိုင်ပါတယ်။ နိုင်ငံရေးပါတီ အားလုံးကိုလေ အခုနကလို UPDJC မှာပါဝင်နိုင်အောင် တွေ့ဆုံပြီးတော့ ရွေးပေးကြပါ။  အခုကလို ဦးဆောင်မယ့်ပုဂ္ဂိုလ် ၁၆ ဦး ၊ အကြံပေးပုဂ္ဂိုလ်၁၀ ဦး။ အဲဒီအထဲက ၂၆ ဦးထဲက တစ်ခါတကယ့် Working Committee မှာ ၈ ဦးထပ်မများတဲ့ ကော်မတီကို ဖွဲ့ပေးကြပါဆိုတဲ့တောင်းဆိုမှုလေးတစ်ခုဒီနေ့ထွက်လာပါတယ်။ အဲဒါပြီးနောက်ပိုင်းမှာ ကျွန်တော်တို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစပြီး လုပ်ကြမှာပေါ့။ အဲဒါပြည်ထောင်စုတစ်ခုလုံးနဲ့ပတ်သက်တာပေါ့။ ရခိုင်လို့လည်းမဟုတ်ပါဘူး။ရခိုင်အပါအဝင်ပေါ့ လက်မှတ်ထိုးတဲ့အုပ်စုနဲ့ လက်မှတ် မထိုးထားသေးတဲ့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံးပေါ့။ ဘယ်လိုရှေ့ဆက်သွားကြမှာလဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လိုတည်ဆောက်ကြမှာလဲ။ ပြည်ထောင်စုကိုက ဘယ်လိုတည်ဆောက်ကြမှာလဲ အထိ ပါလာနိုင်ပါတယ်။

မေး- အခုတစ်ခါဆွေးနွေးပွဲက ပထမအကြိမ်ဆိုတော့ နောက်ထပ်တစ်ကြိမ်ဆွေးနွေးဖို့လျာထားတာရှိပါလား။ ဘယ်နေ့၊ ဘယ်တော့လောက်ဖြစ်မလဲ

ဖြေ- လျာထားတဲ့ရက်လို့မရှိသေးဘူး။ အခုက ကိုဗစ်ကလည်း တချို့တင်းတင်းကျပ်ကျပ်စည်မျဉ်း၊ စည်းကမ်းလေးတွေရှိတယ်။ ဒီရောက်တာလည်း ကျွန်တော်တို့ ပါတီ ၂၀ ဆိုတာက ကိုဗစ်စည်းမျဉ်းအတိုင်းနေရတာပါ။ ရောက်တာနဲ့ နှာခေါင်းတို့ပတ်ယူတယ်။ အာခေါင်တို့ပတ်ယူတယ်။ Positive or Negative ကိုသူတို့ ကျန်းမာရေးက လာစစ်တယ်။ Negative တွေ့ရင်တော့ကျွန်တော်တို့လို တက်ခွင့်ရှိတယ်။ Positive တွေ့ရင်ဆေးရုံပို့တယ်။ အတူလာတဲ့ Contact person အကုန်လုံးကိုကွာရန်တင်း ၂ ပတ်ထားတာပေါ့။ အခုနကလို နိုင်ငံရေးပါတီအလိုက်တွေ့ဖို့ဆို တာက အခုနကလိုနိုင်ငံရေးပါတီ ၉၀ ကျော်လောက်တွေ့ဖို့ ဆိုတာမျိုးက Video ကွန်ဖရင့်နဲ့ပဲ လုပ်၇မှာလား။ အခုနကလို ကျွန်တော်တို့ပါတီအားလုံးကmeeting လုပ်ပေး၇မှာပေါ့။ပြီးမှ ကိုယ်စားပြုတဲ့ ၁၆ ဦးကို ရွေးရမှာပေါ့။ ဘယ်လို ရွေးကြမလဲဆိုတာကတော့ အရင်တုန်းကလိုရွေးကြမှာပေါ့။ ဘယ်လိုရွေးမယ်။ ဘယ်တော့ရွေးမယ်ဆိုတာကတော့ ကျွန်တော်ထင်ပါတယ်။ ရက်ပိုင်းဒီရက်ပိုင်းသူတို့မတိုမရှည်တဲ့ ကာလမှာ meeting တစ်ခုရှိလာနိုင်ပါတယ်။  Video Conferencing နဲ့ဖြစ်ဖြစ် ဖုန်းနဲ့ပဲဖြစ်ဖြစ်ပေါ့ဗျာ။ UPDJC အသက်ပြန်ဝင်လာမှာပေါ့။အသက်ပြန်ဝင်တယ်ဆိုတာ အခုနကလို သူတို့ အဲဒီကနေ ၁၆ ဦးရွေးပြီးအသက်ပြန်ဝင်လာတာပေါ့။ အသက်ပြန်ဝင်လာတယ်ဆိုတာအခုနကလို လက်နက်ကိုင် အဖွဲ့အစည်းတွေ EAO တွေနဲ့ တပ်မတော်၊ နောက်အစိုးရပေါ့လေ။ နိုင်ငံရေးပါတီ သုံးဖက်သုံးဖလှယ်ပေါ့။တွေ့ဆုံးဆွေးနွေးပြီးမှ ငြိမ်းချမ်းရေးကို ဘယ်လိုဆက်သွားကြမှာလည်း NCA ကို လက်မှတ်မရေးထိုးထားသေးတဲ့မြောက်ပိုင်း ၇ ဖွဲ့ပေါ့။ FENCC လိုအဖွဲ့မျိုးပေါ့လေ။NCA မှာပါလာအောင်ဘယ်လိုသွားကြမလဲဆိုတော့ဖြင့် ဒီကာလအတွင်းမှာ ဆွေးနွေးဖြစ်ကြမယ်ထင်တယ်။ နောက်တစ်ခုဆွေးနွေးတာရှိတယ်။PR နဲ့ပတ်သက်ပြီးအချိန်တော်တော်ယူပြီးဆွေးနွေးတာရှိတယ်။ ဗိုလ်ချုပ်ကြီးရာပြည့်ရဲ့ အဖွင့်မိန့်ခွန်းမှာကတည်းကပြောပါတယ်။ နိုင်ငံရေးပါတီများမှာ နောက်လာမယ့် အစိုးရတစ်ရပ်ရဲ့ ခေါင်းဆောင်တွေအနေနဲ့သုံးသပ်ပြီးမှ သူတို့ပြောခြင်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီများဟာ လာမယ့် ရွေးကောက်ပွဲကိုဝင်ကြမှာပေါ့ဗျာ။အဲဒါကြောင့် တက်လာတဲ့ ခေါင်းဆောင်အသီးသီးမှာလာမယ့် အမျိုးသားညီညွှတ်ရေး အစိုးရ တစ်ရပ်မှာပါနေတဲ့ ပုဂ္ဂိုလ်များသဖွယ် ဆက်ဆံပြီးမှ သူတို့စပြီး မိန့်ခွန်းအမှာစကားကိုပြောတာပေါ့။တစ်နည်းအားဖြင့် လာမယ့် အနာဂတ်ကာလမှာ ဖြစ်လာနိုင်တဲ့ ရွေးကောက်ပွဲ အလွန်ကာလပေါ့ဗျာ။ရွေးကောက်ပွဲမှာ ဘာကြောင့်တစ်ပါတီဆိုတဲ့ ဥစ္စာနိုင်သွားလို့ရှိရင် ဖြစ်လာတဲ့အခင်းအကျင်းပေါ့။ပြည်ထောင်စုရဲ့ လက်ရှိတိုင်းရင်းသားများအားလုံး တစ်ပါတီအာဏာရတဲ့ခေတ်ကိုဖြစ်လာတဲ့အခါအားနည်းချက်၊ အားသာချက်ကို ပြတာပေါ့ဗျာ။ အဲဒီတော့အားလုံးပါဝင်နိုင်တဲ့အမျိုးသားညီညွှတ်ရေးအစိုးရတစ်ရပ်ကို ဖွဲ့စည်းမှ ဖြစ်မယ့် အခင်းအကျင်းမို့လို့ FPDP နိုင်တာအကုန်ယူစနစ်နဲ့အခုနက PR စနစ်၂ ခုလုံးကို နှိုင်းယှဉ်တဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တစ်ခုလုံးရဲ့မဲ၇လဒ်ကို အခြေပြုပြီးမှ သုတေသနလုပ်ထားတဲ့ PR ကိုများ introduce လုပ်ခဲ့ရင် ဖြစ်လာမယ့် အခင်းအကျင်းပေါ့ အဲဒါကိုလည်း ရှင်းပြပါတယ်။ အဲဒီတော့လာမယ့် အခင်းအကျင်းမှာ လွှတ်တော် သုံးရပ်ကို PR နဲ့သွားမှပဲ ပါတီတစ်ခုက အစိုးရကို သီးသန့်လုပ်ဆောင်တဲ့အနေအထားမျိုးမဖြစ်စေပဲနဲ့ပါတီအားလုံး မျှမျှတတပါပြီး အမျိုးသားညီညွှတ်ရေးအစိုးရတစ်ရပ်ပေါ်ထွန်းလာနိုင်တယ်လို့အဲလို အခင်းအကျင်းမျိုး ဖြစ်ဖို့အတွက် PR မှ လွဲပြီး တစ်ခြားမရှိနိုင်ဘူး။ ဆိုတော့ ၂၀၀၈ ခြေဥကို ပြန်ကြည့်တဲ့အခါမှာမည်သည့် စနစ်နဲ့ ရွေးကောက်တင်မြောက်ခဲ့ပါတယ်လို့ မပါဘူးပေါ့။ စသဖြင့် ဆွေးနွေးကြတာပေါ့ဗျာ။အဲဒါကြောင့် PR သည်လာမယ့် ရွေးကောက်ပွဲမှာ UEC ကဘယ်လိုပြောမလဲ စတင်မိတ်ဆက်နိုင်တဲ့အနေအထားရှိနိုင်ပါတယ်။ အဲဒီတော့ ပြည်နယ်၊ တိုင်း၊ ဒေသကြီးတွေမှာလည်းသူတို့ရဲ့ မဲဆန္ဒနယ်ကို သတ်မှတ်ပြီးမှပေါ့လေPR အချိုးကျနစ်နဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုအရွေးချယ်ခံပြီးမှ အမျိုးသားညီညွှတ်ရေး တစ်ရပ် ပေါ်ထွန်းလာနိုင်အောင်ထိ သွားနိုင်တယ်လို့သုံးသပ်တယ်။ အဲဒီတော့ ငြိမ်းချမ်းရေးနှင့် အစိုး၇ဆက်စပ်တယ်ဆိုတာကိုလည်း ပုံဖော်မိတာပေါ့ဗျာ။

မေး- ဟုတ်ကဲ့။ ဆရာတို့အနေနဲ့ ရခိုင်ပါတီတွေထဲက ဆရာတို့တက်တာဆိုတော့အစည်းအဝေး ရလဒ်ကိုပြည်သူတွေက သိချင်နေကြတာလည်းရှိပါတယ်။ ရခိုင်လူထုအတွက်ရော အခုလိုမျိုးစစ်ကောင်စီနဲ့ ဆွေးနွေးလိုက်ရတဲ့အတွက်ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မှာလဲဆရာ့အနေနဲ့ထင်ပါလဲရှင့်။

ဖြေ- ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ လိုအပ်တာပေါ့။ အဲဒီတော့အစကတည်းကပြောရင်ဘာကြောင့် နိုင်ငံရေးပါတီ မှတ်ပုံတင်ကြတာလဲ။ မဟုတ်ဘူးလား။ နိုင်ငံရေးပါတီမှတ်ပုံတင်တယ်ဆိုတာက တည်ဆဲ အစိုးရအောက်မှာ ပြဋ္ဌာန်းထားတဲ့ မှတ်ပုံတင်ခြင်းဥပဒေအရ၊သူ့ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်တော်တို့ မှတ်ပုံတင်ရတဲ့အခါမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်UEC ခေါ်တာပေါ့ သူကဖိတ်တဲ့အစည်းပွဲတိုင်းကိုလည်း တက်ရတယ်လေ။ အဲဒါဒီမိုကရေစီအစိုးရအောက်မှာရှိမယ်၊ တပ်မတော်အစိုးရတစ်ရပ်ရဲ့အောက်မှာ ရှိရင်ရှိမယ်။ အဲလိုအစည်းအဝေးကို မတက်ဘူးဆိုရင် မှတ်ပုံ မတင်နဲ့ပေါ့။ မှတ်ပုံတင်ရင်မှတ်ပုံတင်ပါ သူ့ရဲ့စည်းမျဉ်းစည်းကမ်းအတိုင်းပဲပေါ့။ ရွေးကောက်ပွဲ ကော်မရှင်က ခေါ်တဲ့အခါအားလျော်စွာခေါ်ယူတဲ့အစည်းအဝေးတွေကိုလည်းတက်ရတာပေါ့။ ဒါမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေရဲ့ရပ်တည်ချက်ပါ။ အဲလိုမျိုးမတက်ဘူးဆိုရင် လက်နက်ကိုင် ရမှာပေါ့။ နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့လည်းမလိုတော့ဘူးပေါ့ဗျာ။ နိုင်ငံရေးပါတီ မှတ်ပုံတင်ပြီ ဆိုကတည်းက စည်းမျဉ်း စည်းကမ်းတစ်ခုအောက်မှာကိုယ်လိုချင်တဲ့ ကိုယ်တို့သွားလိုတဲ့ အချက်အလက်ကို ဘယ်လိုနည်းနဲ့ တွေ့ဆုံဆွေးနွေးပြီးမှရအောင်ယူနိုင်မလဲဆိုပြီး အသိဉာဏ်နဲ့ သွားတာပေါ့။ ကာယအားမဟုတ်ဘူး၊ ဉာဏအားနဲ့သွားတဲ့လုပ်ငန်းဟာ ပါတီထူထောင်တဲ့ လုပ်ငန်း ဖြစ်တာပေါ့။ တစ်နည်းအားဖြင့် သူတို့အစည်းအဝေးခေါ်တာကိုမတက်ဘူး၊ အာခံမယ် ဆိုရင် မှတ်ပုံတင်ဥပဒေအရပယ်ဖျက်ရင် မဖြစ်တော့ဘူးပေါ့ဗျာ။ ဒါကတော့ တစ်ပိုင်းပေါ့။အဲဒါ အကြမ်းနည်း ဆန်သွားတာပေါ့နော်။ ဒါသတ္တိရှိတယ်လို့ပြောမလား။ မိုက်တယ်လို့ပြောမလား။မှန်တယ်လို့ ပြောမှာလား။ ဒါကတော့ လူထုက ဆုံးဖြတ်ရမှာပေါ့။ အဲဒီတော့ မှတ်ပုံဘာကြောင့်တင်သလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ အစည်းအဝေး မတက်ချင်ဘူး။ ခပ်ပြတ်ပြတ်ရန်ဖက်သဘောနဲ့ဆိုရင်ဘာလို့မှတ်ပုံတင်တာလဲ။ လက်နက်ကိုင် လိုက်ရင်ပြီးရော့ပေါ့။ တစ်ခြားလူက မေးခွန်းလာထုတ်မယ်လေ။အဲဒီတော့ တစ်ဖက်က ၇ခိုင်လူထုဖက်ကလည်း သိချင်မှာပေါ့။    

သဘောက AFP တက်တယ်။ANP ဘာလို့ငြင်းတာလဲ။ ANP က၁၀ လပိုင်း ၅ ရက်နေ့က တက်ခဲ့တယ်လို့ ပြောတယ်။ လွန်ခဲ့တဲ့ ၅ ရက်က တက်ခဲ့တယ်လို့သူတို့မှတ်တမ်းမှာတွေ့တာပဲ။ ဟုတ်လား၊ မဟုတ်လား မေးကြည့်ပေါ့။ ANP က ဦးသာထွန်းလှ ဦးဆောင်ပြီးတော့ NSPC တွေ့ခဲ့သလား။ အဲဒီမှာလည်း မေးကြမြန်းကြတယ် ပြောတယ်။ SAC မှာလည်းဒေါ်အေးနုစိန် ယူထားတယ်။ ပြည်နယ်ဝန်ကြီးချုပ် တို့ တောင်းခဲ့တာရှိတယ်လေ။ တကယ်လို့ မပေးဘူးဆိုရင်  SAC က ဒေါ်အေးနုစိန်ဟာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး သူတို့ဖက်ကပြန်ပြောတယ်လို့ပြောပါတယ်။ အဲလို ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့နိုင်မှငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်ပါနိုင်မှာမို့လို့ တောင်းခဲ့ခြင်း ဖြစ်ပါတယ်လို့ ဗိုလ်ချုပ်ကြီးရာပြည့်တို့ကိုပြောခဲ့တယ်လို့ ကျွန်တော့ကိုလည်း ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးရာပြည့်တို့ ဖက်ကလေ။ ဆိုတာကဗျာအခုနကလို ANP သည်လည်းပဲအခုနကလို လွန်ခဲ့တဲ့ ၅ ရက်နေ့က လာတွေ့တယ်။ ဖိတ်မဏ္ဍကပြုခဲ့လို့ တွေ့တာလားဘာလားတော့မသိဘူးပေါ့။ ကျွန်တော်တို့ကတော့ ၁၀ ပါတီတွေ့တာကို။ သူတို့က သီးသန့် တစ်ပါတီချင်းတွေ့တဲ့အဖွဲ့မှာပါတာပေါ့။ ဆိုတော့ ပိုပြီးကျယ်ပြန့်မှာပေါ့။ အဲဒီတော့ အခုနက ပြောသလို နိုင်ငံရေးပါတီတွေရဲ့တွေ့ခြင်းပြုခြင်းက အခုနက ပြောသလိုပေါ့။ တစ်ခါတစ်ခါ ပြည်သူသိချင်မှ သိမယ်ဗျ။ ကျွန်တော်ခင်ဗျားတို့နဲ့အင်တာဗျူးမှ ပဲ အောက်တိုဘာ ၅ ရက်နေ့ ANP တွေ့သွားတယ်ဆိုတာကို ကျွန်တော် ပြောနိုင်တာပေါ့။ ပြည်သူက သိချင်မှသိမယ်လေ။ ကျွန်တော်တို့ ANP ကမတက်ဘူး။ AFP တက်တယ်သစ္စာဖောက်တယ်ဆိုတာလည်း ပြောကြမှာပေါ့ဗျာ။ SAC နဲ့ တွေ့တဲ့ပါတီ၊ တက်တဲ့ပါတီ မဟုတ်ဘူးလား။ ဒါမျိုးလည်း ပြည်သူတွေကိုကျွန်တော်တို့ကို နဝေတိန်တောင်ဖြစ်အောင် ပြောကြဆိုကြ ဝါဒဖြန့်ကြမှာပေါ့။  ဒါကြီးကတော့ ကျွန်တော်တို့မပြောလိုပါဘူး။ ဒါပေမယ့်ကျွန်တော်တို့ပြောတဲ့အခြေခံအချက်က ဘာလဲဆိုရင် နိုင်ငံရေးပါတီ ဥပဒေအ၇ကို ANP တက်တာကလည်းတက်၇မှာပေါ့။ AFP ကလည်းတက်ရမှာပဲ။ ဘာလို့ဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေအရကို နို်င်ငံရေးပါတီ မှတ်ပုံတင်ထားတာကိုမဟုတ်ရင် AFP ကြီးလက်နက်ကိုင်၇မှာပေါ့။  ANP လည်း လက်နက်ကိုင်ရမှာပေါ့။အဲဒီလို အခင်းအကျင်းမျိုးအကုန်လုံး ဖျက်ဖို့လိုပြီလား၊ နိုင်ငံရေး နည်းအားဖြင့် ကဏ္ဍတွေအကုန်လုံးကုန်ပြီလားဆိုတဲ့ဘက်ကို ပြည်သူဘက်ကလည်း သုံးသပ်ဖို့လိုမယ်။ ကျွန်တောမြင်တာကမြန်မာ့လွတ်လပ်ရေးကိုလည်း လက်နက်ကိုင်တော်လှန်ပုန်ကန်လို့ လွတ်လပ်ရေးရလာတာမဟုတ်ဘူး။မြန်မာ့ လွတ်လပ်ရေးသမိုင်းကို ခင်ဗျားတို့ပြန်ကြည့်။ အခုနကလို BIA တို့ ဘာတို့ဖွဲ့လို့ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကို ဘာညာသမိုင်းကို ပြန်ကြည့် ဟုတ်ပြီးနော်။တကယ့်တကယ်က နိုင်ငံရေးအားဖြင့် ညှိ့နှိုင်းကြလို့သာ ပေးခဲ့တဲ့ လွတ်လပ်ရေး ဖြစ်တယ်။အဲဒါပဲ နိုင်ငံရေးဆိုတဲ့ ညှိ့နှိုင်းမှု ပျော့ပျော့ ပျောင်းပျောင်းနဲ့ ကြားမှာပေါ့ဗျာအမာ နှစ်ခုကြားမှာ ကာလတစ်ခုထိ ကြားဝင်ပြီးမှ လုပ်ပေးမယ့် အင်အားစုတစ်ခုဟာ လိုအပ်တယ်။အဲဒါဟာ နိုင်ငံရေး ပါတီတွေပဲ။ ရခိုင်ပြည်မှာလည်း ဒီတိုင်းပဲ ရှမ်းပြည်ရော၊ကချင်ရော ဒီအတိုင်းပဲ။နိုင်ငံတကာမှာလည်း ဒီအတိုင်းဖြစ်မယ်လို့ ကျွန်တော်ထင်တယ်။ အဲဒါတော့ ပြည်သူ့လူထုကိုပြောပေးပါ။

(ပြီး)

#အင်တာဗျူး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.