နိရဉ္စရာ၊ဒီဇင်ဘာ ၆/၂၀၂၁
ကိုဗစ်ကြောင့် ခေတ္တယာယီပိတ်ထားသည့်တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များကို လာမည့်၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန်ပညာရေးဝန်ကြီးဌာန က စီစဉ်နေသည်။ နိုဝင်ဘာ နောက်ဆုံး အပတ်ကနေပြည်တော်ရှိနစက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဝန်ကြီးနှင့် တာဝန်ရှိသူများကဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တာဝန်ရှိသူများကို တွေ့ဆုံခဲ့ပြီးတက္ကသိုလ်ကောလိပ်များ ပြန်ဖွင့်နိုင်ရေး အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားဖို့ ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက လမ်းညွှန်ချက်ပေးခဲ့သည်။ အဆိုပါ တက္ကသိုလ်၊ဒီဂရီကောလိပ်နှင့်ကောလိပ်များကို ပြန်လည် ဖွင့်လှစ်မည့်အပေါ် ၇ခိုင်ကတက္ကသိုလ်၊ ကောလိပ် ကျောင်းသား ကျောင်းသူတချို့ကို အေးမြတ်ခိုင်ကမေးမြန်းတင်ပြပေးလိုက်ပါသည်။
---------
မေထက်ထက်ထွန်း(တောင်ကုတ်တက္ကသိုလ်/ဓာတုဗေဒမေဂျာ ပထမနှစ်)
“ ဇန်နဝါရီလမှာကျောင်းပြန်ဖွင့်မယ်လို့တော့ကြားပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာလည်းရောဂါသစ်ကူးစက်နေတဲ့အတွက်ကြောင့် ရောဂါတွေအခြေအနေကောင်းသွားမှ ကျောင်းတွေ ပြန်ဖွင့်စေချင်တယ်။ကျန်းမာရေးက အဓိကပဲလေ။ကိုဗစ်တွေဖြစ်နေတဲ့အချိန်မှာ ကျောင်းသားတွေ အတွက်လည်း မကောင်းဘူးပေါ့လေ။ ညီမအနေနဲ့ကျောင်းကတော့တက်ချင်ပါတယ်။ဒါပေမဲ့လည်း စိတ်မချ၇သေးဘဲ ကျောင်းတော့မဖွင့်သင့်သေးဘူးလို့ထင်ပါတယ်။”
-----------------------
နေမျိုးအောင်(ကျောက်ဖြူနည်းပညာတက္ကသိုလ်/IT Second Year)
“ ကျွန်တော်တို့ကျောင်းသားတွေအများစုပေါ့။ သူငယ်ချင်းတော်တော်များများကိုမေးကြည့်လိုက်တဲ့ အခါမှာလည်း ကျောင်းတက်မယ်လို့ပဲဖြေကြတယ်။ ဘာလို့ဆို နိုင်ငံရေးအတိုင်းအတာ၊ စစ်ရေးအတိုင်းအတာဖြစ်နေတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေတက်တာတွေရှိတယ်။ မိသားစုအတွက် တဖက်တလမ်းက ထောက်ပံ့ပေးဖို့အရွယ်ကရောက်နေပြီပေါ့လေ။ဝမ်းရေးအတွက် အလုပ်လုပ်ဖို့လိုလာတဲ့အခါအလုပ်လုပ်ဖို့အတွက် ဘွဲဆိုတာကလိုအပ်လာတယ်။ အခုလက်ရှိကိုဗစ်ပိုးပြန်တွေ့လာတာမျိုးတွေရှိတဲ့အခါမှာလည်းသမဂ္ဂဥက္ကဌတစ်ယောက်အနေနဲ့ဆိုရင် ကျွန်တော်တို့ကျောင်းသားတွေဘေးကင်းဖို့အတွက်ထပ်စဥ်းစားရမယ့်အနေအထားတွေရှိတယ်။ လောလောဆယ်မှာ ကိုဗစ်အခြေနေနဲ့ပတ်သတ်ပြီးမဆွေးနွေးရသေးပါဘူး။ အရင်ရခိုင်နိုင်ငံရေးအနေနဲ့ကြည့်မယ်ဆိုရင် ၁၀တန်းနဲ့ပတ်သတ်ပြီး စကားတခွန်းကြားဖူးတာရှိတယ်။ တိုက်ပွဲဘယ်လောက်ပဲ ဖြစ်ပါစေ၊စာမေးပွဲမဖြစ်မနေဖြေမယ်ဆိုတဲ့ စကားတစ်ခွန်းပေါ့။ဒီစကားကိုကြည့်ခြင်းအားဖြင့် နှစ်ဘက်စစ်ရေးတင်းမာမှုရှိလာတယ်ဆိုရင်တောင်ကျောင်းကိုဖွင့်ကိုဖွင့်မယ်ဆိုတဲ့အနေအထားတစ်ခုတော့ရှိမယ်ပေါ့။”
--------------------
ခိုင်မင်းသိန်း(စစ်တွေတက္ကသိုလ်/မေဂျာလျှောက်ထားဆဲ)
“ကျောင်းကကိုဗစ်နဲ့ဆိုတော့ ဖွင့်ဖို့ဖြစ်နိုင်မယ် မထင်သေးဘူး။ ပွဲတွေကလည်းကျင်းပနေကြတော့ကိုဗစ်နဲ့ ကျောင်းတွေတော့ပြန်မဖွင့်စေချင်သေးဘူး။ ကပ်ရောဂါလည်းဖြစ်တဲ့အတွက်ဖြစ်လာရင် မလွယ်ဘူးလေ။တကယ်လို့ ကိုဗစ်စည်းကမ်းနဲ့အညီဖွင့်ဖြစ်ရင်တော့ တက်ဖြစ်မှာပါ။ ဘာလို့ဆိုကျောင်းတွေလည်းနောက်ကျနေပြီ၊ အသက်တွေကလည်းကြီးလာပြီဆိုတော့လေ။ စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဖြစ်လာရင်ကိုယ်တစ်ယောက်တည်းနဲ့မပြီးဘူး။ ကိုယ်တို့တစ်မျိုးသားလုံးဖြစ်မှာဆိုတော့စိုးရိမ်မှုတွေအများကြီးရှိပါတယ်။”
----------------------
သက်ဆုမွန်(ကွန်ပျူတာတက္ကသိုလ်/ CT Second Year)
“ ကျောင်းကတော့တက်ချင်တာပေါ့နော်။အသက်တွေကလည်း ၂၀ ကျော်နေပြီ။ အခုစစ်တွေမှာလည်း ပိုးတွေ့တယ်ကြားတယ်။ရောဂါကလည်းကြောက်၇တယ်။ တကယ်လို့မတော်တဆကြီးကြီးမားမားဖြစ်လာရင် ကျောင်းတက်၇ဖို့မသေချာဘူး။ ပြန်ပိတ်မလား မသိဘူး။ကျောင်းပြန်ဖွင့်နိုင်ဖို့ ကြိုးတော့ကြိုးစားနေကြတယ်လို့ပြောသံကြားပါတယ်။ နိုင်ငံရေးကလည်း တည်ငြိမ်နေကြတာမဟုတ်ဘူးလေ။သမီးတို့ကျောက်ဖြူမှာလည်း သေနတ်တွေနဲ့စစ်သားတွေ တစ်ခါတလေတွေ့နေ၇တယ်။ကျောင်းကတက်ချင်ပေမဲ့ အချိန်အခါနဲ့အခြေအနေကို ကြည့်နေ၇ပါတယ်။”
-----------------------
ဆုဝေဇင်(စစ်တွေတက္ကသိုလ်/သတ္တဗေဒsecond year)
“ကျောင်းကတော့ပြန်ဖွင့်စေချင်ပါတယ်။တကယ်ဆို ဒီနှစ်က နောက်ဆုံးနှစ်ရှိမယ်။ အကြောင်း အမျိုးမျိုးနဲ့ကျောင်းမကပိတ်နေ၇တော့အသက်ပဲကြီးလာတယ်။ ကျောင်းဖွင့်ဖြစ်ဖို့ ရာခိုင်နှုန်းကတော့ အရမ်းနည်းမယ်ထင်တယ်။ ဘာလို့ဆိုကိုဗစ်ပိုးသစ်တွေကလည်းတွေ့နေတော့လေ။ ဒါပေမယ့် ဖွင့်ဖြစ်သွားရင်တော့ကျောင်းတက်မှာပါ။”
(ပြီး)