“ မြောက်ဦးကို ၇ခိုင်သားတွေရဲ့ နှလုံးသား ဆိုပြီးတော့မှ အခုဖျက်ဆီးသွားတဲ့၊ ဖျက်ဆီးနေတာတွေကလည်းဘဲ ၇ခိုင်သားတွေပါဘဲ။”
ဒေါ်ခင်သန်း (ဥက္ကဋ္ဌ၊မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ)နှင့်
အင်တာဗျူး
အီတလီနိုင်ငံသား ရေအသုံးချမှုပညာရှင်ပါမောက္ခ Massimo Sarti သည် မြောက်ဦးမြို့ကို UNESCO ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ရှေ့ပြေး ကွင်းဆင်းလေ့လာမှု အဖြစ်မြောက်ဦးမြို့၏ရေအသုံးချမှုစနစ်ကို ဖေဖော်ဝါရီလ ၉ ရက်မှ ၁၅ ရက်အထိ ရ ရက်ကြာကွင်းဆင်းလေ့လာခဲ့ခြင်းဖြစ်သည်။ ၇ခိုင်ပြည်နယ် မြောက်ဦးမြို့ရှိချောင်း၊ မြောင်းများတွင် အမှိုက်များပစ်ချမှုကြောင့် ရေလမ်းကြောင်း ပိတ်ဆို့မှုများကြောင့်မြောက်ဦးမြို့သည် ယူနက်စကို ဝင်နိုင်ရေးတွင်အခက်တွေ့စေနိုင်သည်ဟု၎င်းက ထောက်ပြပြောဆိုသည်။ သူ၏ ရ ရက်ကြာလေ့လာတွေ့ရှိချက်များကိုလည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (မြောက်ဦးဌာန)ခွဲမှတာဝန်ရှိသူများနှင့်မြောက်ဦးကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်း ဝင်နိုင်ရေး အတွက် ကြိုးပမ်းနေသူများအား ချပြရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ရှင်လင်းပြောကြားချက်နှင့်ပတ်သက်ပြီး မြောက်ဦးရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကို နိရဉ္စရာရုပ်သံသတင်းထောက်ကိုသျှင်မင်းဇံက မေးမြန်းတင်ပြပေးလိုက်ပါသည်။
မေး- မြောက်ဦး ရှေးဟောင်းအမွေအနှစ်ကိုကမ္ဘာအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် မြို့ရဲ့ ရေအသုံးချမှုစနစ်ကို အီတလီနိုင်ငံသားပညာရှင် ၇ ရက်ကြာ ကွင်းဆင်းလေ့လာပြီးနောက်မှာ မြောက်ဦးရေအသုံးချမှုနဲ့ ပတ်သက်လို့ ဆရာမတို့နဲ့တွေ့ဆုံစဉ် ဘာတွေများ ထူးထူးခြားခြား သူ ပြောခဲ့တာတွေရှိပါသလဲ။
ဖြေ- သူ ၇ ရက်တိတိ ကွင်းဆင်းလေ့လာပြီးတဲ့အခါ သူရဲ့ လေ့လာတွေ့ရှိချက်တွေ အားလုံးကို ခရိုင်အစည်းအဝေးမှာ ဌာနဆိုင်ရာတွေ၊ ဆရာမတို့လို မြို့က ပါလာတဲ့ သူတွေ အားလုံးကို ပြောပြခဲ့တယ်။ မြောက်ဦးမြို့မှာ ရှေ့ဟောင်း ရေဝင် ရေထွက်စနစ်ရှိတယ်။ ခေတ်သစ်တူးလိုက်တဲ့ ချောင်းတွေရှိတယ်။ ဆိုတော့ ခေတ်သစ်တူးလိုက်တဲ့ ချောင်းတွေဟာ ရှေးဟောင်း ရေဝင်ရေထွက် စနစ်နဲ့ ကွဲ ပြားနေတယ်။ ကွဲပြားနေတဲ့အခါ မြောက်ဦးမြို့မှာ မိုးရေချိန်လက်မ အများကြီး ရွာလာတဲ့အခါ တ ရေတွေကို မြောက်ဦးမြို့ထဲကို မဝင်ရောက်ဖို့ ဟန်တားမပေးနိုင်ဘူး ဆိုရင်မြောက်ဦးမြို့ဟာ ရေမြှုပ် နိုင်တယ်။ နောက်ထပ် တစ်ချက်ကတော့ မြောက်ဦးမြို့ရဲ့ ရှေးဟောင်းချောင်းတွေကို ပိတ်ပြီးတော့ မြေတွေဖို့ပြီးတော့မှာ အိမ်တွေ ဆောက်လိုက်ကြတဲ့ အတွက်ကြောင့် မိုးရွာလို့ ရေထွက်မဲ့ အပေါက်မရှိတော့ရင် မြောက်ဦးဟာ ရေမြှုပ်နိုင်တယ်။ ရှိနေတဲ့ ချောင်တွေက ကျဉ်းသွားလို့ အမှိုက်တွေနဲ့ ပိတ်ဆို့နေအတွက်ကြောင့်မို့ မြောက်ဦးဟာ ရေဝင်ရေထွက်စနစ်မကောင်းဖြစ်ပြီးတော့မှာ မြောက်ဦးဟာ ရေမြှုပ်နိုင်တယ်။ သဘာ၀ဘေးအန္တာရယ်နဲ့ ကြုံတွေ့နိုင်တယ်လို့ သူက ထောက်ပြပါတယ်။
မေး- သူရဲ့ မြောက်ဦး ရေအသုံးချ စနစ်နဲ့ ပတ်သက်လို့ထောက်ပြပြောဆိုတဲ့ အပေါ်မှာ ဆရာမတို့က ဘယ်လိုသဘော၇ပါသလဲ။
ဖြေ- ကျမအနေနဲ့လည်း အားရဖွယ်ရာ မတွေ့ရှိဘဲ စိုးရိမ်စိတ်တွေ အများကြီးဖြစ်ခဲ့တယ်။ သဘာ၀ဘေးအန္တ၇ာယ်ကြောင့် မြောက်ဦးမြို့သူမြို့သားအားလုံးဟာ ရေလွှမ်းမိုးမှုအန္တ၇ာယ်ကို ကြုံတွေ့၇မှာကို တွေ့ခဲ့အတွက်ကြောင့်မို့လို ဆရာမအနေနဲ့ စိတ်မကောင်းကြီးစွာဖြစ်ခဲ့၇ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်ကလည်း မြောက်ဦးမြို့ဟာ ရေလွှမ်းမိုးမှုကို တစ်မြို့လုံးခံခဲ့တော့ ဒီလိုဟာမျိုးဟာ နောက်လည်း ကြုံတွေ့နိုင်ပါလားဆိုပြီးတော့မှာ ဆရာမက စိတ်မကောင်းကြီးစွာ ကြုံခဲ့၇ပါတယ်။ နောက်ထပ်တစ်ခုကတော့ အမှိုက်တွေက ချောင်းထဲကို ပစ်လာတယ်။ အဲအမှိုက်တွေက ချောင်းတွေက ပိတ်ဆို့နေတာက တစ်ပိုင်း။ လွန်ခဲ့ တစ်နှစ်နှစ်နှစ်က ချောင်းကို ပြန်ဖော်တဲ့အခါ အမှိုက်တွေက ချောင်းရဲ့ ဘေးမှာ တင်ကျန်ခဲ့တယ်။ အဲဒီတင်ထားတဲ့ အမှိုက်တွေကနဲ့ တဖြည်းဖြည်း အီဆင်းလာပြီးတော့ အဲဒီက အဆိပ်တွေကလည်းပဲ ချောင်းထဲကို ပြန်ကျလာတယ်။ ချောင်းထဲမှာ အဆီတွေ ပျံ့နေတာကို သူပြတယ်။ ပြီးတော့ အဲတာတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့ ပြောခဲ့တယ်။
မေး-မြောက်ဦး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်နိုင်ရေး ရေအသုံးချမှုစနစ်လည်း အရေးကြီးသလို့ ကျန်တဲ့အပိုင်းတွေနဲ့ ပတ်သက်လို့ကော ဒီလိုမျိုးပညာရှင်တွေနဲ့ ဆက်လက် ကွင်းဆင်းလေ့လာဖို့ ရှိပါသလား။
ဖြေ-လောလောဆယ်ကတော့ ကွင်းဆင်းလေ့လာဖို့ကို ကျမအနေနဲ့ မသိရှိ၇သေးဘူး။ ဒါပေမဲ့လည်းပဲ ရေအရင်းမြစ်ပညာရှင်က လွန်ခဲ့တဲ့ ၃ နှစ်လောက်ကနေ အတူတွဲပြီးတော့ အလုပ်လုပ်ကြတယ်။ မြောက်ဦးမှာ ရှိတဲ့ ရေဝင်ရေထွက်စနစ်တွေကို လာလေ့လာတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် ဝင်ဖို့အတွက် ရေအသုံးချမှုစနစ်ကိုသူရေးပေးတာလေ။ သူရေးပေးခဲ့တဲ့ အခြေအနေနဲ့ ကမ္ဘာအမွေအနှစ်က လာစစ်ခါနီးမှာ ဘာတွေများ ကွဲပြားနေတာကို လာကြည့်တာ။ တွေ့ရှိချက်တွေကို သူဘက်က အစီရင်ခံစာရေပေးမယ်ပေါ့နော်။ အဲဒီအစီရင်လံစာ၇မှ ဌာနကိုပေး၇မှာပေါ့နော်။
မေး- ယူနက်စကို ဝင်နိုင်ရေး အဆိုပြုလွှာမူချောတင်တဲ့အခါ မြောက်ဦးရဲ့ မြေပုံအနေအထားနဲ့ အခုလက်ရှိ မြေပုံက တစ်စုံတစ်ရာပြောင်းလဲမှုရှိသွားတယ်လို့ကြား၇ပါတယ်။အဲဒါကဟုတ်ပါသလား။
ဖြေ-ပြောင်းလဲသွားပါတယ်။ ပြောင်းလဲသွားတာဆိုတာက အရင်က ဒီနေရာမှာ တောင်တွေဟာ တံတိုင်းအဖြစ်နဲ့ ကာထားတာလေ။ အဲဒါတွေကို လှလှပရေးပြီးတော့မှာ ကမ္ဘာအမွေအနှစ်ကို မြောက်ဦးမြို့ရဲ့ တည်ဆောက်ပုံကို တင်ခဲ့တယ်။ တင်ခဲ့တော့ လာစစ်ခါနီး လပိုင်းရက်ပိုင်းလေးအတွင်းမှာပဲ တောင်တွေကို ဘော်တူဇာနဲ့ ထိုးလိုက်တဲ့အတွက်ကြောင့် တောင်တွေဟာ ပြိုပျက်သွားတယ်။ တချို့တောင်တွေဆို ချိုင့်ကြီးတွေ ဖြစ်သွားတဲ့အခါကျတော့ မြင်းကွင်းအများကြီး ပြောင်းသွားပြီ။ အဲဒီတောင်တွေကို တူးဖော်ပြီး ထွက်လာတဲ့ မြေတွေကို ဖို့ပစ်လိုက်တဲ့အခါကတော့ ချောင်းလည်း ပျောက်သွားတယ်။ တောင်လည်း ပျောက်သွားတယ်။ အဲဒီနေရာတွေမှာ တိုက်ကြီးတွေ ပေါ်နေတယ်။ အရင်လွန်ခဲ့တဲ့ တစ်နှစ်နှစ်နှစ် အနေအထားနဲ့ ဒီလေးငါးခြောက်လ အနေအထားတောင် မတူတော့ဘူး။
မေး- ဒီလို ဆိုတော့ ဒီနှစ်မှာ ယူနက်စကိုကပညာရှင်တွေမြောက်ဦးကို လာရောက် ကွင်းဆင်း လေ့လာတဲ့ အခါ အဲဒီပြောင်းလဲမှုတွေကမြောက်ဦး ယူနစ်စကို ဝင်နိုင်ရေးကိုအဟန့်အတား ဖြစ်စေနိုင်တဲ့အနေအထားရှိပါသလား။
ဖြေ- အဲဒီဟာတွေကတော့ သူတို့အဟန့်အတားဖြစ်တယ်၊ မဖြစ်တယ်တာက ဆရာမတို့အနေနဲ့ပြော၇တာ ခက်ခဲတယ်။ ယူနက်စကိုစာရင်းဝင်ဖို့နေရာမှာ သူတို့လာစစ်တဲ့နေရာမှာ သူတို့ပေးထားတဲ့ အမှတ်ပေးစည်းမျဉ်းတွေရှိတယ်ပေါ့နော်။ အဲဒီအမှတ်ပေးစည်းမျဉ်းတွေနဲ့ မကိုက်ညီလို့ရှိရင် သူတို့ ဘယ်လို ပြန်ပြောမလဲ။ ဒါလည်းဘဲ စိတ်ဝင်စားဖို့ကောင်းတယ်။ နောက်တစ်ခုကကျတော့ ဒါတွေနဲ့ပတ်သက်ပြီး ပြန်လည်ပြုပြင်ပေးဖို့အတွက် အစိုး၇ဘက်က ဖြေကြားမှုပေါ့၊ သက်ဆိုင်ရာဌာနတွေက ဖြေကြားမှုလည်းဘဲ စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်။ ဘယ်လိုပြန်ပြီးဖြေကြားပေးမလဲ၊ ဘယ်လို ဖြစ်မလဲဆိုတာကတော့ သူတို့လာစစ်တဲ့အချိန်ကျမှ ကျမတို့လည်း သိ၇မယ်။ ကျမတို့ကလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်က ဘယ်လိုပုံစံနဲ့လာစစ်မယ်၊ ဘယ်လိုဆိုတာကိုလည်းဘဲ အတွေ့အကြုံမရှိတဲ့အခါကျတော့ ဘယ်လို ဖြစ်နိုင်တယ်လို့ ကံသေကံမ ပြောဖို့ကိုက ကျမတို့ကိုယ်တိုင်ကိုက မပြောတတ်ပါရှင့်။
မေး-နောက်ဆုံးအနေနဲ့ ရှေးဟောင်းမြောက်ဦးမြို့ဟာ ရခိုင်သားတွေရဲ့ အသဲနှလုံးဖြစ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် ကျုံးတွေ၊ မြို့ရိုးတွေကို ဖြိုတူးတယ်။ အိမ်ဆောက်တယ်။ချောင်းတွေ၊ ကျုံးတွေကို ဖြေဖို့တယ်။ အဆောက်အဦတွေဆောက်တယ်။ ဒါတွေအပေါ်မှာကော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ချပြောလိုပါသလဲ။
ဖြေ-အခုတော့ ပြောလို့၇ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ဦးကို ၇ခိုင်သားတွေရဲ့ နှလုံးသား ဆိုပြီးတော့မှ အခုဖျက်ဆီးသွားတဲ့၊ ဖျက်ဆီးနေတာတွေကလည်းဘဲ ၇ခိုင်သားတွေပါဘဲ။ အဲသလို ဖြစ်နေတဲ့အခါကျတော့ ဒါသည်ရခိုင်သားတွေရဲ့ နှလုံးသားလို့ ပြောတာကတော့ ပြောနေတာဘဲ။ လက်တွေ့မှာတော့ဖြင့် ဒါဟာဖျက်နေကြတာပါဘဲ။ ခုလို ကိုယ်ရဲ့တန်ဖိုးကြီးမားတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးနေကြတာလည်း ၇ခိုင်သားတွေဖြစ်နေကြတော့ ကျမအနေနဲ့ စိတ် တော်တော်ကို မကောင်းဖြစ်ရပါတယ်ရှင့်။ ကျမတို့ အခုရှိနေတဲ့ ရခိုင်ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို ကျွန်မတို့ထိန်းသိမ်းကာကွယ်နိုင်ပါမှ ယဉ်ကျေးမှုအမွေအနှစ်တွေ၊ မိဘဘိုးဘွားအမွေအနှစ်တွေ ဒီလိုကြီးကျယ်ခန်းနားစွာတည်ရှိခဲ့တယ်ဆိုတာတွေကို နောင်လာနောင်သားတွေကို ကျမတို့က လက်ဆင့်ကမ်းပေးနိုင်မှာဖြစ်တယ်။ အခုကတည်းက ကျမတို့ကမထိန်းသိမ်းနိုင်ဘူးဆိုရင် နောင်လာနောင်သားတွေကို ကျမတို့ ဒီအမွေတွေကို လက်ဆင့်ကမ်းပေးနေဖို့ အခက်အခဲဖြစ်လာနိုင်တယ်။ ဒါကြောင့်မို့လို့ နောင်လာနောင်သားတွေကို ၇ခိုင်ဆိုတာဘာလဲဆိုတာကို ပြဖို့အတွက် ဒီအမွေအနှစ်တွေ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် ၇ခိုင်သူ၊ ၇ခိုင်သားအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးဖို့၊ ကာကွယ်ပေးဖို့၊ စောင့်ရှောက်ပေးဖို့အတွက် ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။
(ပြီး)
-----------