“ရခိုင်စစ်ဘေးရှောင်တွေ အိမ်ပြန်မယ့်အရေးအပေါ်အမြင်များ”


ချစ်အိလှိုင်

နိရဉ္စရာ မေ ၁၂/ ၂ဝ၂၂

 

သေ့တောင်မြို့နယ် ကျောက်တန်း၊ ထီးစွဲ၊ အောင်သာစည်ကျေးရွာနဲ့ ကျောက်တော်မြို့နယ် တင်းမကျေးရွာတို့မှအပ ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေ အိမ်ပြန်နိုင်ပြီ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကောင်စီာဝန်ရှိသူတစ်ဦးက များမကြာမီက ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ လူမှုရေးလှုပ်ရှားသူတွေရဲ့ သဘောထားတွေက ဘယ်လိုရှိပါသလဲ။ ေးမြန်းတင်ပြလိုက်ပါတယ်။

ဆရာတော် ဦးဥက္ကဋ္ဌ (ရသေ့တောင်မြို့၊ပဋ္ဌိပတ္တိစည်ပင်သာယာကျောင်းစခန်းတာဝန်ခံ)

သူတို့ပြန်လို့ရတယ်ဆိုပြီးပြန်သွားခဲ့ကြရင် သူတို့ရွာမှာ နေဖို့ထိုင်ဖို့ ၊စားဖို့သောက်ဖို့ အတွက် အဆင်ပြေမလား။ အစိုးရက သူတို့နေဖို့ထိုင်ဖို့အတွက် ဆောင်ရွက်ပေးရင်တော့ ပြန်လို့ရတာပေါ့။ အခုဒီစစ်ဘေးရှောင်စခန်းတွေမှာ နေကြတာ သုံးနှစ်ကျော်ပြီ။ ပြန်ဖို့ အစိုးရက ဆောင်ရွက် မပေးရင်တော့ အခက်အခဲရှိမယ်။ အစိုးရကတော့ အခု တစ်လမှာ ဆန်တစ်ခု ထောက်ပံ့ပေးတယ်။ NGO တွေကလည်း အခုထက်ထိ သိပ်ရတာတော့မရှိသေးဘူး။ ကိုယ်တော်တို့ကျောင်းက အိမ်ထောင်စု လေးဆယ်ကျော်ကတော့ စားရေးသောက်ရေး၊ နေရေးထိုင်ရေးအခက်အခဲအတော်ရှိတယ်။ ပြန်လို့ရဖို့ အကူအညီအထောက်အပံ့တွေ လုံလုံလောက်လောက်ပေးတယ်ဆိုရင်တော့ ပြန်ချင်တဲ့လူပြန်မှာပေါ့။

ဦးခိုင်ကောင်းစံ( ဒါရိုက်တာ/ဝံလက်ဖောင်ဒေးရှင်း)


ြန်လို့ရတဲ့ ဧရိယာလည်းရှိတယ်ပေါ့။ ပြန်လို့မရတဲ့ဧရိယာလည်းရှိတယ်။ အဓိကကတော့ ခုနကပြောသလို တင်းမတို့ ထီးစွဲတို့ အောင်သာစည်တို့ ပြန်လို့မရဘူးဆိုရင် ပြန်လို့ရတဲ့ စစ်ဘေးရှောင်တွေကတော့ ပြန်သင့်တယ်ပေါ့နော်။ ဒါပေမယ့် နယ်မြေနဲ့လည်းဆိုင်တာပေါ့။ အထူးသဖြင့် စစ်ဘေးရှောင်တွေဟာ တပ်မတော်က ရွာထဲကို ဝင်လာတဲ့အတွက် ထွက်ပြေး လာတာတွေများတယ်။ ရွာအနီးနားတွေကို လာတဲ့အတွက် လုံခြုံမှုမရှိတဲ့အတွက် စိုးရိမ်တယ်။ အဲဒီနားမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေဟာ ရေရှည်မဟုတ်တဲ့အခါ ရေတိုဖြစ်တဲ့အတွက် သူတို့ရဲ့ဆန္ဒနဲ့ လျော်ညီရင် ပြန်မယ်ဆိုရင်ပြန်လို့တယ်ပေါ့။ သို့သော်ပြန်တဲ့အခါ အစိုးရတစ်ရပ်အနေတော့ သူတို့ပြန်ဖို့အတွက် သုံးလအတွက် ရိက္ခာထည့်ပေးမလား။ ငွေကြေးက ဘယ်လိုပံ့ပိုးမလဲဆိုတာကို အစိုးရဖက်က ထည့်သွင်းစဉ်းစားပေးရမယ့်အပိုင်းဖြစ်တယ်။ ပြန်တဲ့အခါ စစ်ဘေးရှောင်တွေဟာ ဂုဏ်သိက္ခာရှိရှိနဲ့ သူတို့ ရပ်ရွာမှာ ပြန်နေနိုင်အောင် အစိုးရအနေနဲ့တော့ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့မြင်တယ်။ အမ်းဖက်မှာတော့ ကျွန်တော်ဟိုတခေါက်ရောက်တုန်းက ပြန်ဖို့ စာရင်းပေးထားတဲ့လူတွေရှိတယ်ပေါ့။ မပြန်ပဲနဲ့လည်း သူတို့မပြန်နိုင်တဲ့အခြေအနေကြောင့်လည်း မြို့ပေါ်မှာနေမယ်ဆိုပြီး နေတဲ့လူတွေလည်းရှိတယ်။ အမ်းမှာကျွန်တော်တို့တွေ့ခဲ့တာကတော့ အစိုးရက မပြန်တဲ့ လူလည်းကိစ္စမရှိဘူး။ ပြန်မယ်ဆိုတဲ့လူပြန်ပေါ့။ ပြန်ဖို့လူကိုတော့ ငွေကြေးငါးသိန်း ထောက်ပံ့ပေးမယ်ဆိုပြီးပြောတယ်။ အခုလိုမျိုး တကယ်လို့အစိုးရကလည်း ထောက်ပံ့ပေးမယ် ဆိုရင်တော့ ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်။ သို့သော်မရဆိုရင်လည်း သူတို့အနေနဲ့ တောင်းသင့်တယ်ပေါ့။ အစိုးရကတော့ ကြိုပြီးစာရင်းပေးတဲ့ အိမ်ထောင်စုတွေကို ငါးသိန်းပေးဖို့ကတော့ အမ်းမှာကြားခဲ့တယ်။ ပြောချင်တာကတော့ သူတို့ရဲ့ဆန္ဒနဲ့ လျော်ညီစွာ ပြန်ဖို့ဆိုရင်တော့ အစိုးရဖက်ကလည်း ပံ့ပိုးနိုင်တယ်။ ပံ့ပိုးပေးတာကတော့ နှစ်ဦးနှစ်ဖက်ကောင်းတဲ့ အရာတစ်ခုဖြစ်တယ်ပေါ့နော်။ အဓိကကတော့ စစ်ဘေးရှောင်တွေအချင်းချင်းကြားထဲမှာလည်း အမြင်မတူတာတွေလည်းရှိတယ်။ တချို့တော့ ပြန်ချင်တယ်ပေါ့။ ဒီမှာနေပြီးမဝရေစာစားပြီးတော့ သူတို့ဘဝလည်းမဖူလုံဘူးပေါ့။ ဒုက္ခသည်စခန်းမှာပေါ့နော်။ ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်သွားလို့ရှိရင် ဘယ်လိုပဲပြောပြောသူတို့အတွက် လွတ်လပ်လွတ်လပ် လုပ်စားလို့ရတယ်ပေါ့။ မှီခိုနေဖို့မလိုဘူးဆိုပြီးအမြင်မတူတာတွေရှိတယ်ပေါ့။ ဘာပဲပြောပြော ပြန်ချင်တဲ့လူက ပြန်ပြီးတော့ မပြန်ချင်တဲ့လူကလည်း မပြန်ပဲနဲ့ နေထိုင်ခွင့်တော့ရှိတယ်ပေါ့နော်။ ဘာလို့ဆိုရင်သူတို့ကို အတင်းအဓမ္မတော့ အစိုးရက မောင်းထုတ်လို့မရဘူးပေါ့။ အစိုးရလည်း အတင်းအဓမ္မတော့ မမောင်းထုတ်ဘူး။ မပြန်ချင်ရင် မပြန်နိုင်ကြောင်းပြောပြီး မပြန်ပဲ နေလို့ရတယ်လို့ ခွင့်ပြုထားတာလည်း ရှိတယ်လို့ သိရတယ်။


မအေးခင်(စစ်ဘေးရှောင်-တောင်မင်းကုလားစစ်ဘေးရှောင်စခန်း)


ဲဒီလို စစ်ဘေးရှောင်တွေ ပြန်လို့ ရပြီလို့ ပြောရင် သူတို့မှာစာနာမှုမရှိဘူးလို့ခံစားရတယ်။ မအေးခင်တို့က ပိုဆိုးတာပေါ့။ ပြန်လို့မရဘူး။ ပြန်လို့ရပြီလို့ပြောတာက ဘာသိလို့ပြောတာလဲ။ မအေးခင်တို့ကမပြန်သေးဘူး။ ဒီစခန်းမှာ နေရင်တောင် မလုံခြုံနိုင်ဖြစ်နေကြတာ။ အဲဒီကိုပြန်လို့လည်း နှစ်ဦးနှစ်ဖက်လက်နက်ကိုင်တွေ အဆင်မပြေသေးပဲနဲ့ ညှိ့နှိုင်းမှုဘာတစ်ခုမှမရှိသေးပဲ စစ်ကောင်စီက ပြန်ဆိုတိုင်းမအေးခင်တို့ မပြန်ချင်သေးဘူး။

ဦးဝေဟင်အောင်(စာရေးဆရာ/လူမှုရေးလူပ်ရှားဆောင်ရွက်သူ)

ဒီဟာက သိပ်ပြီးတော့ ပစ်စလက်ခတ်နိုင်လွန်အားကြီးတယ်လို့မြင်တယ်။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့အစိုးရတစ်ရပ်အနေနဲ့ လုံးဝတာဝန်ခံမှု၊ တာဝန်ယူမှုမရှိပဲနဲ့ ဥပက္ခာပြုတယ်လို့မြင်တယ်။
အခုနကပြောသလိုပဲ ရှေ့မှာလည်းသူတို့ မနှစ်က အဲဒီလိုလုပ်ဖူးတယ်။ မိသားစုတစ်စုကို သူတို့ ငါးသိန်းပေးမယ်လို့ပြောတယ်။ ပြန်သွားတဲ့စစ်ဘေးရှောင်တွေက ငါးသိန်းမပြောနဲ့ ငါးသောင်းလည်း မရဘူး။ အဲဒါလည်းတစ်ချက်မေးခွန်းထုတ်စရာဖြစ်တယ်။ အစိုးရတရပ်အနေနဲ့ တကယ့် ပြန်ချင်တဲ့ လူကို ပြန်လို့ရအောင်တော့ စီစဉ်ပေးတာကောင်းတယ်။ ငါးသိန်းပေးမယ်လို့ပြောရင် သူတို့လက်ထဲကို ငါးသိန်းကို အသေအချာပေး။ ဖြစ်နိုင်မယ်ဆိုရင် ငါးသိန်းတောင်မက အဲဒီရွာတွေကို သူတို့ ချောချောမောမောရောက်အောင် အစိုးရကစီစဉ်ပေးဖို့ကောင်းတယ်။ စခန်းမှာ ကျန်ခဲ့တဲ့ လူတွေကိုလည်းသူတို့ဟာ အတင်းအဓမ္မတော့ လုပ်လို့မရဘူး။ ဘာလို့ဆိုရင် လူ့အခွင့်အရေး အရသော်လည်းကောင်း ၊နိုင်ငံသားအခွင့်အရေးအရသော်လည်းကောင်း ကျန်ခဲ့တဲ့လူတွေကို တစ်စုံတစ်ရာ အကူအညီ ပံ့ပိုးမှုတွေ အစိုးရက လုပ်ပေးရမယ့် တာဝန်အပြည့်အဝရှိတယ်။
 

ကိုကျော်မင်းခိုင်( ရသေ့တောင်မြို့နယ်လူမှုရေးလှုပ်ရှားသူ)


သတင်းတွေမှာတွေ့လိုက်တယ်။ စစ်ကောင်စီက မီဒီယာနဲ့တွေ့တဲ့အချိန်မှာ နေရပ်မပြန်ရသေးတဲ့ရွာ ၅ ရွာလောက်ပဲရှိတယ်ဆိုပြီးပေါ့။ ကျွန်တော်တို့ ရသေ့တောင်မြို့နယ်မှာ ပြန်လို့ရနိုင်တဲ့ အခြေအနေမရှိဘူး။ စစ်တပ်ကနေရာယူထားပြီးပြန်လို့မရနိုင်တဲ့အခြေအနေအားလုံး ရွာပေါင်း ကိုးရွာလောက်ရှိတယ်။ ရခိုင်တပြည်လုံးမှာ ပြန်လို့မရတဲ့ရွာတွေအထဲမှာ ရသေ့တောင်မြို့နယ်က သုံးရွ ပါတယ်လို့ အစိုးရက ပြောတယ်ပေါ့။ အဲဒီမှာ ကျောက်တန်း၊ အောင်သာစည်၊ ထီးစွဲရွာကိုပဲ ထည့်ထားတယ်။ ကျွန်တော်တို့ဆီမှာ စစ်တပ်ကနေရာယူထားတဲ့ ရေစိုးချောင်း၊ အမျက်တောင်၊ မညင်းတောင်၊ သေကန်၊ ငတောက်တူချေ တို့ဟာလည်း ပြန်လို့ရနိုင်တဲ့ အခြေအနေမရှိသေးဘူး။ နောက်ပြီးတော့ ငစံဘော်ကတစ်ယောက်နဲ့ မညင်းတောင်ကလည်း တစ်ယောက်ဆုံးသွားတယ်။ မိုင်းထိလို့ခြေပြတ်လို့။ အောင်ဇေယျကတစ်ယောက်လည်း  သေဆုံးသွားတယ်။ ဒီဟာတွေဟာ စစ်အကြွင်းအကျန်ပစ္စည်းတွေနဲ့ သူတို့ထောင်ခဲ့တဲ့ မိုင်းတွေကို ရှင်းလင်းမှုတစ်စုံတစ်ရာမရှိခဲ့လို့။ ခုလို မိုင်းမရှင်းပဲ  စစ်ကောင်စီဖက်က ဒုက္ခသည်တွေဟာ အိမ်ပြန်လို့ရပြီ။ တည်ငြိမ်နေပြီလို့ ပြောလိုက်တာဟာ သိပ်လက်လွတ်စပယ် ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ ပြည်သူလူထုကို စော်ကားရာရောက်တယ်။ အစိုးရတစ်ရပ်အနေနဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအပြည့်နဲ့ ပြည်သူကို လုပ်ပေးရမယ့်အချိန် အိမ်ပြန်သွားကြတော့ဆိုတာ ဖြစ်ချင်တာ ဖြစ်ဆိုတာက ဂုဏ်သက္ခာမရှိတဲ့ လုပ်ရပ်ဖြစ်တယ်။ တချို့စစ်ဘေးရှောင်တွေမှာရွာမှာ အိမ်တွေမရှိတော့ဘူး။ အဲဒီကိစ္စတွေကို အစားမထိုးပေးပဲ ပြန်ခိုင်းလို့တော့မရနိုင်ဘူးလို့မြင်တယ်။

 

(ပြီး)

Share: